ဂျာမနီနိုင်ငံက ထုတ်လုပ်သည့်Vauxhall Astra 2007 မော်ဒယ် များကိုတင်သွင်းရောင်း ချပေးနိုင် ကြောင်း myanmarcarimport.com၀က်ဘ်ဆိုက်တွင် ရေးသားလွှင့်တင်ထားသည့် ကိုရစ်ကီးကပြောသည်။ ထိုေ မ်ာတော် ယာဉ်များ သည်ဂျာမနီနိုင်ငံတွင် ထုတ်လုပ်ပြီးယခုတင်သွင်းမည့်နိုင်ငံမှာ အင်္ဂ လန်နိုင်ငံမှ သိရ သည်။ တင်သွင်းရန် လျာထားသည့် ကားများမှာ Club နှင့် Life ဂရိတ်နှစ်မျိုးဖြစ်သည်။ကားတန်ဖိုး မှာ ၁၄၆ သိန်းနှင့် ၁၄၁ သိန်းဟူ၍ နှစ်မျိုးခွဲခြားထားကြောင်း သိရ သည်။
"Vauxhall Astra ကားတွေကဥရောပမှာ နာမည်ရထားတဲ့ ကားတွေပါပဲ။ ၁၃၀၀ စီစီဒီဇယ်အင်ဂျင်ဖြစ် တယ်။ လုပ်ငန်းသုံးလို့ရတယ်။ဒီဇယ်အင်ဂျင်ဖြစ်တဲ့အတွက် မြန် မာကြိုက်လောက်မယ်ထင်ပါ တယ်။ ကား ၀ယ်မယ် ဆိုရင် ဘဏ် စာအုပ်ထဲကို ဒေါ်လာ ၅၀၀၀ အထိထည့်ပေးရုံပါပဲ။ အဲဒီအတွက် အချိန်တစ် လလောက် စောင့်ပေး ရမယ်။ Clubဂရိတ်ကို ၁၄၆ သိန်းနဲ့ Life ဂရိတ်ကို ၁၄၁ သိန်း လို့ ဈေးနှုန်း သတ်မှတ်ထားတယ်။
အိမ်ရှေ့ကားအရောက်ဈေးပါ။ ၀ယ် သူတွေကို မေတ္တာလက်ဆောင် အနေနဲ့ Acer Notebook တစ်လုံးပေး တယ်။ သူနဲ့တွဲသုံးလို့ရမယ့် Original Vauxhall Diagnosis ဆော့ဖ်ဝဲနဲ့ OBD ကြိုး၊ ဆီစစ်၊ လေစစ်၊ အင်ဂျင် ၀ိုင်တွေကို ထည့်ပေးထားပါတယ်။ကွန်ပျူတာက ဒီကားတွေအတွက် မရှိမဖြစ်လို အပ်တယ်။ မြန်မာနိုင်ငံမှာ ကွန်ပျူတာစနစ်အသုံးပြုထားတဲ့ကားတွေ နဲ့ ထိတွေ့မှုနည်းကြတယ်။ OBD စနစ်က လွယ်ပါတယ်။ အဓိက
ကတော့ ဘယ်အစိတ်အပိုင်းက ပျက်နေတယ်ဆိုတာကို ရောဂါရှာရလွယ်တယ်။ အဲဒါကအားသာချက်တွေ ပါပဲ။ နောက်ထပ် ဘရိတ်ရှူးအပိုတစ်စုံ ပါပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က၁၂ စီးရှိပါတယ်။ တစ်ပတ်တည်း ၆ စီး ရောင်းလိုက်ရ တယ်။ ခုကျန်သေးတဲ့ ၆ စီးကတော့ဖြူ၊ငွေ၊ အနက် သုံးမျိုးကျန်သေးတယ်”” ဟု ပြောကြား သည်။ ထိုကားများသည် အင်္ဂလန်နိုင်ငံသုံးတစ်ပတ်ရစ်ကားများဖြစ်ပြီး ကီလိုမီတာ၉၀ ၀၀၀ အထိ အမြင့်ဆုံးမောင်းနှင်ထားသည်။
မန်နျူရယ်ဂီယာ ဖြစ်သည်။ Life ဂရိတ်သာ စတီယာရင်ခလုတ်ပါသည်။ ညာထိုင်စတီယာရင်ဖြစ် သည်။ ကားဘော်ဒီမှာ Wagon ပြည်တွင်းအခေါ် အဝေါ် VAN ဘော်ဒီအမျိုးစား ဖြစ် သည်။
No comments:
Post a Comment