Wednesday, February 20, 2013
အီရန် နိုင်ငံသည် ၃,ဝဝဝ ကီလိုမီတာ အထိ ထောက်လှမ်းနိုင်သော ရေဒါ စနစ်များ ထုတ်လုပ်လျက် ရှိကြောင်း အီရန် ကာကွယ်ရေး ဝန်ကြီး ဗိုလ်မှူးချုပ် အာမက်ဗာ ဟီဒီက ပြောကြား ခဲ့ပါသည်။ ကီလိုမီတာ ၅ဝဝ မှ ၇ဝဝ အ တွင်း ထောက်လှမ်းနိုင်သော ရေဒါများအားပြည် တွင်း၌ ထုတ်လုပ်လျက် ရှိပြီး ကီလိုမီတာ ၁,ဝဝဝ မှ ၃,ဝဝဝ အထိ ထောက်လှမ်းနိုင်သော ရေဒါများအား ထုတ်လုပ်လျက် ရှိဆဲဖြစ်ကြောင်း ဗာဟီဒီ က ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။ ပြည်တွင်းဖြစ် ရေဒါများအား ဂြိုဟ်တုများ ထောက်လှမ်းရာတွင် အသုံးပြုမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြား ခဲ့ပါသည်။
http://www.myawady.net.mm/allnews/global/item/7380-2013-02-20-15-14-20
မြ၀တီ

No comments:
Post a Comment