Wednesday, February 20, 2013ယီမင်နိုင်ငံတွင် တိုက်လေယာဉ်တစ်စင်း ပျက်ကျရာ အနည်းဆုံး လူ(၁၀)ဦးမျှ သေဆုံးသွားကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အင်္ဂါနေ့က တိုက်လေ ယာဉ် တစ်စင်းသည် မြို့တော် ဆာနားရှိ လူနေထူ ထပ်သော ရပ်ကွက် တစ်ခုသို့ ပျက်ကျ ခဲ့ခြင်း ဖြစ်ကြောင်း အစိုးရပိုင် Sabaသတင်းစာ က ဖော်ပြခဲ့သည်။ Sukhoi 22 အမျိုးအစား ရုရှားလုပ် တိုက်လေယာဉ် ပျက်ကျမှုအတွင်း လူ(၁၀)ဦး သေ ဆုံးပြီး ကလေးငယ် (၂)ဦး ပါဝင်ကြောင်းလည်း သိရသည်။ ယခုအခါ လေယာဉ် ပျက်ကျမှုနှင့် ပတ်သက်ပြီး မှတ်တမ်းများ ရရှိမည့်သေတ္တာနက်ကို ရှာဖွေ တွေ့ရှိထားပြီဟု တာဝန်ရှိသူများ က ပြောကြားခဲ့သည်။ ကာကွယ်ရေး ဝန်ကြီးဌာနက အဆိုပါ ကိစ္စအတွက် အလေးအနက် စုံစမ်း စစ်ဆေးမှု ပြုလုပ်သွားမည်ဟု ပြောကြားသည်။
Read more http://www.planet.com.mm/news/read.cfm/id/21044
Planet Myanmar Network
No comments:
Post a Comment