Thursday, May 23, 2013
ဂျပန်နိုင်ငံ၏ အကြီးဆုံး စီးပွားရေးလုပ်ငန်းစု တစ် ခုဖြစ်သည့် Sumitomo Corporation နှင့် ဆက် သွယ်ရေးနှင့် နည်းပညာ ကုမ္ပဏီကြီးများ ဖြစ်ကြ သည့် NEC နှင့် NTT Communications တို့ ပူးပေါင်းပြီး ရန်ကုန်-မန္တလေး-နေပြည်တော် မြို့ကြီး ၃ မြို့အား သုံးပွင့်ဆိုင် ချိတ်ဆက်ပေးမည့် ဖိုင်ဘာ ဆက်သွယ်ရေး ကွန်ယက်အား တည်ဆောက်သွား ရန် မြန်မာ့ဆက်သွယ်ရေးနှင့် သဘောတူညီချက် စာချုပ်အား လက်မှတ်ရေးထိုး ခဲ့ပြီဖြစ်သည်။ ဤစာ ချုပ်အရ ဂျပန်ကုမ္ပဏီကြီး ၃ ခုသည် 30 Gbps အမြန်နှုန်း ရရှိနိုင်မည့် ပင်မဆက်သွယ်ရေး ဖိုင်ဘာကွန် ယက်အား တည်ဆောက်သွားမည်ဟု Japan Times သတင်းစာ တွင် ဖော်ပြထားသည်။
မြို့ကြီး ၃ မြို့အား ချိတ်ဆက်ပေးမည့် ပင်မဆက်သွယ်ရေ ဖိုင်ဘာကွန်ယက်အပြင် အဆိုပါ မြို့ ၃ မြို့တွင်း၌လည်း voice နှင့် data အတွက် 10Gbps အမြန်နှုန်းရှိမည့် ဖိုင်ဘာကွန်ယက်အား တည်ဆောက် သွားမည်ဟု သိရှိရသည်။ ဤကွန်ယက်များအား အသုံးပြုကာ တယ်လီဖုန်း ဆက်သွယ်ရေး ၊ အင်တာနက် နှင့် LTE စနစ်များအား တည်ဆောက်သွားနိုင်မည်ဖြစ်သည်။
အဆိုပါ စီမံကိန်းအတွက် ဂျပန်အစိုးရက မြန်မာနိုင်ငံအား ထောက်ပံပေးထားသည့် ယန်း ၁.၇၁ ဘီလီယံ (ဒေါ်လာ ၁၆.၇ သန်း) အားလည်း အသုံးချသွားမည်ဟု သိရှိရသည်။
ထို့အပြင် စီမံကိန်းအား အလျှင်အမြန် အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး ၂၀၁၃ နိုဝင် ဘာလအ ကုန်တွင် ကွန်ယက်ချိတ်ဆက်မှုအတွက် လိုအပ်သည့် အဆောက်အဦးများအား အပြီးသတ် တည်ဆောက် သွားမည်ဖြစ်ပြီး ၂၀၁၄ ဂျန်နဝါရီလအလယ်ပိုင်းတွင် ပြည်သူများအနေဖြင့် စတင်အသုံးပြုနိုင်ရန် စီစဉ် ထားကြောင်း သိရှိရသည်။
Myanmar Consumer Guide

No comments:
Post a Comment