Saturday, May 18, 2013
ဒေသတွင်း မကြာမီစတင်တော့မည့် အာစီယံစီး ပွားရေးအသိုက်အ၀န်း (AEC) မတိုင်မီ ထိုင်းနိုင် ငံနှင့်ကုန်သွယ်ရာတွင် မြန်မာဘက်မှ ဆုံးရှုံးမှုမရှိစေ ရန် လုပ်ငန်းစဉ်များ စတင်အကောင်အထည်ဖော် လျက်ရှိသည်ဟုမွန်ပြည်နယ်စက်မှုလုပ်ငန်းရှင်များနှ င့် ကုန်သည်ကြီးများအသင်းက မကြာသေးခင် ရက် ပိုင်းအတွင်းက ပြောလိုက်သည်။
အသင်း၏အထွေထွေအတွင်းရေးမှူးဦးထင်အောင်ကျော်က "အဲဒီအချိန်ကျရင် ကျွန်တော်တို့ဘက်က နစ်နာမှုမရှိရအောင် စီးပွားရေးပညာရှင်တွေကို ဖိတ်ကြားပြီး အလုပ်ရုံဆွေးနွေးပွဲတွေနဲ့အခြား ဆက်စပ် လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေပါတယ်။ ဒါကထိုင်းနဲ့ကုန်သွယ်ရမှာနစ်နာမှုမရှိရ အောင်ပညာ ရှင်တွေဆီက အကြံဥာဏ်တွေရယူတာဖြစ်တယ်" ဟုပြောသည်။
ပြည်နယ်ကုန်သည်ကြီး များအသင်းသည် မြ၀တီ-မဲဆောက် နယ်စပ်ကုန်သွယ်ရေး လမ်းကြောမှတဆင့် ထိုင်းဘက်သို့ သစ်တောထွက်ကုန်၊လယ်ယာထွက်ကုန်၊ ရေထွက်ကုန်နှင့်စက်မှုချည်ထည်များကို အဓိက တင်ပို့လျက်ရှိသည်။
အသင်း၏ ဒုဥက္ကဌကဦးတင်အေးက "လာမယ့်နှစ်ဧပြီလကုန်မှာ မြ၀တီ- ကော့ကရိတ်တောင်ပတ် ကား လမ်းကိုအပြီး ဆောက်လုပ်မှာဖြစ်တဲ့အတွက် အဲဒီအချိန်ကျရင် လမ်းခရီးကကောင်းလာပြီး ကုန်သွယ် မှုက အပြန်အလှန်မြှင့်တက်လာမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ဘက်က ပြင်ဆင်မှုတွေလုပ် ရတာဖြစ် တယ်" ဟု ဖြည့်စွက်ပြောကြားသည်။
ထိုင်းနိုင်ငံသည် မဲဆောက်-မြ၀တီ နယ်စပ်ကုန်သွယ်ရေး လမ်းကြောမှတဆင့် လူသုံးကုန်၊ စားသုံးကုန်ပစ္စည်းများနှင့်ဆောက်လုပ်ရေးပစ္စည်းများ လယ်ယာသုံးစက်ပစ္စည်းများ လစဉ် ဘတ်ငွေ သန်း ၄,ဝဝဝ ဖိုးခန့် တင်ပို့လျက်ရှိသည်။
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် မြန်မာဘက်က ကုန်သွယ်မှု အနည်းငယ် အသာရရှိနေခြင်းမှာ ထိုင်းဘက်သို့ တင်ပို့နေသည့် သဘာဝဓာတ်ငွေ့များကြောင့်ဖြစ်သည်ဟု မြန်မာကုန်သည်များက
ပြောသည်။
AEC အတွက် မြန်မာဘက်ခြမ်းမှ ပြင်ဆင်မှု နှေးကွေးလွန်သည်ဟု ယူဆသူလည်း ရှိနေသည်။
ပြည်နယ်ကုန်သည်ကြီးများအသင်း အသင်းဝင်တဦးက "AEC က လာတော့မယ်။ မြန်မာဘက် လုပ်နေ တဲ့ ပြင်ဆင်မှုတွေက လုံးဝအားရစရာ မရှိသေးဘူး။
ထိုင်းဘက်ကတော့ ကြိုတင်ပြင်ဆင်ထားတာ အကြီးအကျယ်ပဲ။ သူတို့ကို အမီ မလိုက်နိုင်ရင် မြန်မာ ကုန်သည်တွေ နောက်ကောက်ကျန်ခဲ့ဖို့ရှိတယ်။၂၀၁၅ မှာက ကုန်သွယ်မှု အခွန်ကင်း လွတ်ပေးကြ ရတော့မှာ" ဟု ဆိုသည်။
လာမည့် AEC ကာလနယ်စပ်ကုန်သွယ်ရေးတွင် မြန်မာကုန်သည်များနောက်ကောက်မကျစေရန် ပညာရှင် များနှင့်ညှိနှိုင်း လုပ်ကိုင်သွားမည်ဟုပြည်နယ်ကုန်သည်ကြီးများအသင်းက ပြောသည်။
ဧရာဝတီblog

No comments:
Post a Comment