Monday, May 20, 2013
ပါကစ္စတန်နိုင်ငံအထွေ ထွေ ရွေးကောက်ပွဲကို မေ လ ၁၁ ရက်နေ့မှာ ကျင်းပခဲ့ရာမှာ ယခင် ၀န် ကြီးချုပ်ဟောင်း န၀ပ်ရှာရစ်ဖ် အား မဲပေးခွင့်ရှိသူ စု စုပေါင်းမဲ အရေအတွက်ရဲ့ ၆၀ % ရရှိခဲ့တာကြောင့် ပါကစ္စတန်ရွေး ကောက်ပွဲသမိုင်းမှာ မဲအရေ အ တွက် အများဆုံးရရှိသူတစ်ဦးအဖြစ် သတင်းများက
ဆိုတယ်။ ပါလီမန်မှာ အမတ် ၂၇၂ နေရာရှိ တဲ့ အနက် ရှရစ်ဦးဆောင်တဲ့ PML – N အစ္စမ္မစ် ပါတီဟာ အမတ်နေရာ ၁၂၂ နေရာ ရရှိခဲ့ တာဖြစ် ပါတယ်။ သို့သော် အမတ်နေရာ ၂၇၂ နေရာရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ ၁၃၇ နေရာရရှိမှသာ အစိုးရဖွဲ့နိုင်မှာ ဖြစ်လို့ မွတ်စလင်ပါတီဟာအခြား အနိုင်ရပါတီများနဲ့ ညွန့်ပေါင်း အစိုးရ ဖွဲ့ရမှာ ဖြစ်ပါတယ်။
အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ န၀ပ်ရှရစ်ဖ်ဟာ ပန်ဂျပ်ပြည်နယ် မှ ၀ါရင့်နိုင်ငံရေးခေါင်းဆောင် တစ်ယောက်ဖြစ် ပါတယ်။ သူဟာ ၁၉၉၀ ပြည့်နှစ်မှ ၁၉၉၃ ခုနှစ် အထိတစ်ကြိမ်၊ ၁၉၉၇ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိတစ်ကြိမ် ပါကစ္စတန်နိုင်ငံရဲ့ ၀န်ကြီးချုပ်အဖြစ် နှစ်ကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်လို့ ယခုအကြိမ်ဟာ သူ့ရဲ့ တတိယ အကြိမ်မြောက် ၀န်ကြီးချုပ် တာဝန်ထမ်းဆောင် ရခြင်းဖြစ်ပါ တယ်။ သူဟာ လာမယ့်ဇွန်လ ၂ ရက်မှာ ကျမ်းသစ္စာကျိန်ဆိုပြီး ၀န်ကြီးချုပ်တာဝန် လွှဲပြောင်း လက်ခံမယ်လို့ ပါကစ္စ တန် ပြန်ကြားရေး ၀န်ကြီးဌာန၀န်ကြီး အရစ်ဖ်နီဇာမီ (Arif Nizami)ကပြောပါတယ်။
ပြန်ကြားရေးဝန်ကြီးက အာဏာလွှဲပြောင်းမှုကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲအညီ ဇွန်လ ၂ ရက် မှာ ပြုလုပ်သွားမယ်လို့ မေလ ၁၄ ရက်နေ့က ပြောခဲ့ပါ တယ်။ အလားတူ လက်ရှိဝန်ကြီး ချုပ်မီ ယာဟေဇာခန်း (Mir Hazar Khan Khoso)ကလည်း အိမ်စောင့်အစိုးရအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ
ပြဌာန်းချက် များနှင့်အညီ တုံ့ဆိုင်းမှုမရှိဘဲ ဒီမိုကရေစီနည်းလမ်းများအတိုင်း ငြင်ငြင်သာသာ အေးအေးချမ်း ချမ်းနဲ့ လွှဲပြောင်းပေးသွားပါမယ် - - “the caretaker government will transfer power without any delay as stipulated in the Consitution …” ဟုပြော ကြားသွားပါတယ်။ န၀ပ်ရှာရစ်ဖ် ကလည်း လောလောဆယ်ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာများကို ဖြေရှင်း ရာမှာ သူ့ကို ၀ိုင်းဝန်းလက်တွဲ ကူညီဆောင်ရွက်ကြဖို့ နိုင်ငံရေး ပါတီများကို ဆော်သြထားပါ တယ် သူ့ရဲ့ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကို တက်ရောက်ဖို့ အိန်္ဒိယ၀န်ကြီး ချုပ် မန်မိုဟမ်ဆင်းကိုလည်း ၀မ်း မြောက်ဝမ်းသာ ဖိတ်ကြားအပ် ပါကြောင်း မေလ ၁၃ ရက်နေ့က ပြောကြားခဲ့တာကို ပီတီအိုင် သတင်းတစ်ရပ်မှာ ဖတ်ရပါ တယ်။ ““ကျွန်တော် မနေ့က သူ့ကို ဖိတ်ပြီးပါပြီ”” ”I had call from him yesterday”လို့လည်း သတင်းထောက်
များကို ပြော ကြားခဲ့ပါတယ်။
The Hot News

No comments:
Post a Comment