Sunday, May 19, 2013

အာဖဂန်တွင် အမေရိကန်စစ်ယာဉ်တန်း ဗုံးခွဲတိုက်ခိုက်ခံရမှု အနည်းဆုံး ၁၆ ဦးသေဆုံး

Friday, May 17, 2013
ဖောက်ခွဲရေး ပစ္စည်းများစွာ တင်ဆောင်လာသည့် Toyota Corolla ကားတစ်စင်းသည် အမေရိကန် စစ်ဘက်ယာဉ် နှစ်စင်းအား ကဘူးလ်မြို့အနီးတွင် အသေခံ ဝင်တိုက်ခဲ့ခြင်း ဖြစ်သည် အာဖဂန် နစ္စ တန်တွင် အမေရိကန် စစ်ဘက်ပိုင် ယာဉ်များကို ကားဗုံးခွဲ တိုက်ခိုက်မှုကြောင့် အနည်းဆုံး (၁၆) ဦးမျှ သေဆုံးသွားကြောင်း သိရှိရသည်။  ဖောက် ခွဲရေး ပစ္စည်းများစွာ တင်ဆောင်လာသည့် Toyota Corolla ကားတစ်စင်းသည် အမေရိကန် စစ်ဘက်ယာဉ် နှစ်စင်းအား ကဘူးလ်မြို့အနီးတွင် အသေခံ ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်။ ကြာသပတေးနေ့က ဖြစ်စဉ်အတွင်း ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့သလို အမေရိကန် စစ်ဘက်ဆိုင်ရာ အကြံပေးအရာရှိ (၆)ဦးအပါအဝင် လူ(၁၆)ဦးထက်မနည်း သေဆုံးသွားကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ပေါက်ကွဲမှုကြောင့် ကဘူးလ် တစ်မြို့လုံးရှိ နေအိမ်တိုင်း လိုလို တွင် ပြူတင်းပေါက် မှန်များပါ တုန်ခါ လှုပ်ရှားသွားခဲ့သည်။

အခင်းဖြစ်ပွားပြီးနောက် အနီးတဝိုက်တွင် သွေးအလူးလူးနှင့် အလောင်းများ ပြန့်ကြဲ ကျန်နေခဲ့ကြောင်း မျက်မြင်များက ဆိုသည်။ အမေရိကန် စစ်ဘက်ယာဉ် တစ်စင်းဖြစ်ပြီး သံချပ်ကာများ အပြည့်အဝ တပ်ဆင်ထားသဖြင့် (၅)တန်မျှ အလေးချိန်ရှိသော Chevrolet Suburban မော်တော်ကား တစ်စင်းမှာလည်း ပေါက်ကွဲမှု ဖြစ်ရာမှ ပေ(၃၀)မျှ အကွာထိ လွင့်ထွက်သွားကြောင်း သိရှိရသည်။ အာဖဂန်တွင် တာလီဘန်တို့နှင့် အပြိုင် ဩဇာလွှမ်းမိုးရန် ကြိုးစားနေသည့် လူသိနည်းသော စစ်သွေးကြွ အဖွဲ့တစ်ခုဖြစ်သည့် ဟက်ဇ်ဘ်အီအစ္စလာမ်မီက ယခုလုပ်ရပ်သည် မိမိတို့၏ လက်ချက်ဖြစ်ကြောင်း ကြေ ညာခဲ့သည်။



အဆိုပါ အဖွဲ့မှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ဖြစ်သော ဟာရွန်ဇာဟွန် ပါကစ္စတန်မှ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ အသက်(၂၄)နှစ်အရွယ်ရှိပြီး ကဘူးလ်တောင်ပိုင်းတွင် ကြီးပြင်းခဲ့သည့် လူငယ်တစ်ဦးက ယခုဗုံးခွဲ တိုက်ခိုက်မှုကို တာဝန်ယူခဲ့ကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် အမေရိကန်တို့အ တွက် နောက်ထပ် တိုက်ခိုက်မှုများလည်း ရောက်ရှိလာစေမည်ဟု ဇာဟွန်က ခြိမ်းခြောက်ခဲ့သည်။ ကြာသပတေးနေ့ ဗုံးခွဲမှုသည် လပေါင်းများစွာအတွင်း ကဘူးလ်၌ အနောက်အုပ်စု၏ စစ်ရေး အဓိက ပစ်မှတ်တစ်ခုကို စစ်သွေးကြွတို့က ထိထိရောက်ရောက် ဖျက်ဆီးနိုင်သည့် ပထမဆုံး အကြိမ်ဟုလည်း သိရှိရသည်။

Planet Myanmar Network

No comments: