Tuesday, May 21, 2013

(၁၆)ကြိမ်မြောက် ရှမ်းစာပေဖွံ့ဖြိုးရေးနွေရာသီသင်တန်းထူးချွန်ဆုပေး

Monday, May 20, 2013
ဗန်းမော်ခရိုင် ၊ ရှမ်းတိုင်းရင်းသားများစာပေ နှင့် ယဉ်ကျေး မှုအသင်းမှ ကြီးမှူးကျင်းပသော (၁၆)ကြိမ်မြောက် ရှမ်းစာပေဖွံ့ဖြိုးရေးနွေရာသီ သင် တန်းထူးချွန်ဆုရကျောင်းသား/သူများအား ဂုဏ်ပြု ဆုပေးပွဲအခမ်းအနားကို ၁၅.၅.၂၀၁၃ နေ့နံနက် (၇း၃၀)နာရီက ဗန်းမော်မြို့ ၊ စီအင်(၅)မိုင် မံခွန် ဘုန်းတော် ကြီးကျောင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။ ခရိုင်ရှမ်းတိုင်းသားစာပေ နှင့် ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးစိုင်းဆာအေးက” ရှမ်းလူမျိုးစုနွယ်(၃၀) ရှိရာနယ်မြေအနေအထားအလိုက် စကားပြောလေယူလေသိမ်းသံ ကွာခြားပေမဲ့ ရှမ်းစာပေကတော့ ဘုံသုံးစာပေဖြစ်တယ် ၊ မျိုးချစ်စိတ်ထက်သန်စွာဖြင့် စေတနာအပြည့်အ၀ထားပြီး လက်ဆင့်ကမ်းကြိုး စားခဲ့ကြလို့ (၁၆)ကြိမ်မြောက်တိုင်အောင်ကျင်းပနိုင်ခဲ့တာဖြစ်တယ် ၊ တိုက်ပွဲတွေဖြစ်ပွား တဲ့ ဒေါ့ဖုန်း ယန်မြို့နယ်ခွဲ နဲ့ မံစီမြို့နယ်အတွင်းနေထိုင်သူများကို စုစည်းပြီး သင်ကြားပေးနိုင်ခဲ့သလို ဗန်းမော်မြို့ ၊ တံခွန်တိုင်ကျောင်း ၊ မိုးမောက် နိသောကရာကျောင်း ဒုက္ခသည်စခန်း၌နေထိုင်သူများအပါအ၀င် ဗန်းမော်ခရိုင်(၄) မြို့နယ် အတွင်းရှိ ကျေးရွာပေါင်း(၆၇)ရွာတွင် စာသင်ဝိုင်း(၆၇)၀ိုင်းဖြင့် လုပ်အားပေး ဆရာ/မ ၁၂၉ ယောက်မှကျောင်းသား ၊ ကျောင်းသူ (၅၃၄၈) ယောက်ကို သင်ကြားပေးနိုင်ခဲ့ပါ တယ်”ဟုပြောကြားခဲ့သည်။

ထို့နောက်စာပေထူးချွန်ဆုရာကျောင်းသား/သူ (၁၅)ယောက်အား ဆုများချီးမြှင့်ကာ လုပ်အားပေး ဆရာ/မ များကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကြောင်း ၊ မိတ်ဆုံထမင်းစားပွဲဖြင့် တည်ခင်းဧည့်ခံပြီး အခမ်း အနားကို နံနက် ၁၁ နာရီတွင် ရုတ်သိမ်းခဲ့ကြောင်းသိရသည်။

The Hot News

No comments: