Wednesday, May 22, 2013
မြန်မာနိုင်ငံ တွင် မိမိတို့၏ အကျိုးစီးပွား များ ခြိမ်းခြောက်ခံနေရ၍ ပြုပြင်ပြောင်းလဲရေးကို ဆန့် ကျင်ဖျက်ဆီးလိုသူများ ရှိနေနိုင်ကြောင်း သမ္မတ ဦးသိန်းစိန်က မေ ၂၀ ရက်က သမ္မတအိုဘား မားနှင့် တွေ့ဆုံအပြီး ဂျွန်ဟော့ကင်း တက္ကသိုလ် တွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြော ကြားခဲ့သည်။ ထို့ပြင် ၎င်း၏ အစိုးရသည် အပြောင်း အလဲကို ဘယ်တော့မှ လက်လျှော့မည် မ ဟုတ်ကြောင်း၊ အပြောင်းအလဲ အခြေအနေမှာ ခက်ခဲကြမ်းတမ်းမှုများနှင့် တွေ့ကြုံခဲ့ ရကြောင်းနှင့် ပြည် သူလူထုသည် ဒီမိုကရေစီစနစ် ဖွံ့ဖြိုးလာမည်ကို တွေ့မြင်ချင်ကြကြောင်းလည်း သမ္မတ ဦးသိန်းစိန် က ပြောကြားသည်။
"ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ အထီးကျန်ဖြစ်မှုကို အဆုံးသတ်နိုင်အောင် ပြင်းပြင်းထန်ထန် ကြိုးပမ်းနေ ပါတယ်" ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။
ထို့ပြင် သမ္မတ ဦးသိန်းစိန်က မြန်မာ-အမေရိကန် ဆက်ဆံရေး ခေတ်သစ်ထူထောင် ရန် ပြောကြား လိုက်ပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ပြစ်မှုကျူးလွန်ခဲ့သူများကို တရားဥ ပဒေကြောင်းအရ အရေးယူ အပြစ်ပေးသွားမည် ဖြစ်ကြောင်းလည်း ကတိပြု ပြောကြားသည်။
ကချင်လက်နက်ကိုင် အဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မကြာမီ ရရှိနိုင်မည်ဟု ယုံကြည်ကြောင်းလည်း သမ္မတဦးသိန်းစိန်က ဂျွန်ဟော့ကင်း တက္ကသိုလ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြား သည်။
၂၀၁၁ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော သမ္မတဦးသိန်းစိန် အစိုးရ၏ လုပ်ဆောင်ချက်များဖြစ်သော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမှု၊ သတင်းစာ လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့၏ ကန့်သတ်မှုများကို ပယ်ဖျက်ပေးမှု အစရှိသည့် ပြုပြင်ပြောင်းလဲမှုများ နောက်ပိုင်းတွင် အိုဘားမား အစိုး ရအဖွဲ့သည် မြန်မာနိုင်ငံနှင့် ပြန်လည်ထိတွေ့ ဆက်ဆံမှု ပြုလုပ်လာခဲ့ပြီး ၁၉၉၀ နောက်ပိုင်း ထားရှိခဲ့သော ပိတ်ဆို့မှုများကိုလည်း ရုပ်သိမ်းပေးခဲ့သည်။
"ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဘယ်တုန်းကမှ မကြုံဖူးခဲ့တဲ့ အခြေအနေတွေကို ရရှိလာအောင် ကြိုး ပမ်းနေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ စစ်အစိုးရကနေ ဒီမိုကရေစီ စနစ်ကို ပြောင်းလဲရာမှာ စီး ပွားရေး ပိတ်ဆို့မှုတွေက ၀န်ထုပ်ဝန်ပိုးတွေ ဖြစ်နေစေပါတယ်" ဟု ဦးသိန်းစိန်က ပြောကြားသည်။
အမေရိကန် လွှတ်တော်အမတ် အချို့နှင့် လူ့အခွင့်ရေး လှုပ်ရှားသူများကမူ အပြောင်းအလဲသည် အချိန် မရွေး နောက်ပြန်လှည့်သွားနိုင်သည့် အနေအထား ဖြစ်သည်ဟု စိုးရိမ်နေကြပြီး သမ္မတအိုဘားမား၏ ချီးကျူး မှုများသည် အချိန်စောလွန်းနေသည်ဟု ထင်မြင်နေကြသည်။
Eleven

No comments:
Post a Comment