ကိုမင်းကိုနိုင် ဦးဆောင်သည့် ၈၈ မျိုးဆက်ငြိမ်းချမ်ရေးနှင့်
ပွင့်လင်းလူ့အဖွဲ့အစည်းအတွင်း ရံပုံငွေများ ခွဲဝေသုံးစွဲကြခြင်းနှင့်ပတ်သက်၍ အဖွဲ့ဝင်များအကြား
သဘောထားကွဲလွဲလျက်ရှိကြောင်း ၈၈ အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးမှ ပြောကြားခဲ့သည်။ နောက်ဆုံးသဘောထားကွဲလွဲမှုအနေဖြင့်
၁-၄-၂၀၁၃ ရက်နေ့တွင် အမေရိကန် သန်းကြွယ်သူဌေးကြီး ဂျော့ဆိုးရော့(စ်) မြန်မာနိုင်ငံသို့
လာရောက်ပြီး ကိုမင်းကိုနိုင်နဲ့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ တွင်း ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးနေသော
ဒေသများရှိ ပညာရေးကိစ္စများတွင် ထောက်ပံ့ရန်အတွက်ငွေကြေးများ လှူဒါန်းခဲ့ကြောင်း၊ အဆိုပါငွေကြေးများအား
အဖွဲ့ခေါင်းဆောင် ကိုမင်းကိုနိုင်မှ လက်ခံရယူခဲ့ပြီး ချင်းပြည်နယ် နှင့် ကချင်ပြည်နယ်
စစ်ဘေးသင့်ဒေသများရှိ ကလေးသူငယ်များ၏ ပညာရေးကိစ္စများ ပြန်လည်လှူဒါန်းရာတွင် အမေရိကန်ဒေါ်လာ
၂၅၀၀၀ ကွာခြားနေကြောင်း၊ ၎င်းငွေကြေးများအား ကိုမင်းကိုနိုင်က မည်သည့်နေရာတွင် အသုံးပြုခဲ့သည်ကိုကျန်အဖွဲ့ဝင်များအားထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိကြောင်း
၎င်း ၈၈ အဖွဲ့ဝင်တစ်ဦးမှပြောကြား ခဲ့သည်။
ယခုအခါ ၈၈ မျိုးဆက်အဖွဲ့အနေဖြင့် နိုင်ငံတကာ
အဖွဲ့အစည်းများနှင့် ပြည်တွင်း ကုမ္မဏီများမှ အလှူငွေများစွာကို လက်ခံရရှိထားပြီး ပြန်လည်အသုံးပြုခြင်းနှင့်
ပတ်သက်၍ ပြည်သူလူထုအား အသိပေး သင့်ကြောင်း ၎င်းမှ ပြောကြားခဲ့သည်။

No comments:
Post a Comment