Sunday, May 19, 2013

နိုင်ငံတော်သမ္မတရုံး ၀န်ကြီးဦးအောင်မင်းအငြိမ်းစားယူရန်အကြိမ်ကြိမ် စဉ်းစာခဲ့

Friday, May 17, 2013
ယခင်အစိုးရလက်ထက် ရထားပို့ဆောင်ရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ယခုအစိုးရ လက် ထက်နိုင်ငံတော်သမ္မတရုံး ၀န်ကြီးအဖြစ် တာဝန် ထမ်းဆောင် လျက်ရှိသော ၀န်ကြီးဦးအောင် မင်းသည် အငြိမ်းစားယူရန် အကြိမ်ကြိမ်စဉ်း စား ခဲ့ကြောင်းယခုအချိန်အထိစဉ်းစားနေ ကြောင်း ပြော ကြားသည်။ ၀န်ကြီးဦးအောင်မင်းကMyanmar Place Centreတွင် ပြုလုပ်ခဲ့သော မဟာစင်မုန် တိုင်း နှင့် ပတ်သက်သည့်သတင်းစာ ရှင်းလင်းပွဲတွင်Hot News ၏ မေးမြန်းချက်ကို ပြောကြား ခဲ့ခြင်း ဖြစ်သည်။

““ဒီလိုအငြိမ်းစားယူဖို့ စဉ်း စားတာဟာ အခုမှမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ထဲက အငြိမ်းစားယူဖို့ ကြိုးစားခဲ့တယ် မရခဲ့ဘူး။ အခုလည်း ကြိုးစား တယ်မရဘူး။ ဘာလို့လည်းဆိုတော့ အစိုးရအနေနဲ့ လုပ်ကိုင်နေရတာ ထက် ကျွန်တော်က လွတ်လွတ် လပ်လပ် လုပ်ကိုင်ရတာကို ပို ကြိုက်တယ်။ ဥပမာပြောရမယ်ဆို ရင် ကျွဲတွေနွားတွေလိုပဲ တိုင်း ပြည်ကောင်းကြိုးအတွက် ကျွန် တော်တို့ ထွန်တုံးတပ်ပြီးတော့ ထွန်ပါ။ ကျွန်တော် သေသွားလို့ ရှိရင် ကျွန်တော့်အသားကို စားကြပါ””ဟု ပြော ကြားခဲ့သည်။

ထိုကဲ့သို့ အငြိမ်းစားယူရန် စဉ်းစားနေသော ၀န်ကြီးဦးအောင် မင်းသည် နိုင်ငံတော်သမ္မတရုံး ၀န်ကြီးအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးဖော် ဆောင်ရေးကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် လည်းကောင်း တာဝန်ယူ လျက်ရှိသည်။

The Hot News

No comments: