Sunday, May 19, 2013

ကွန်ပျူတာတက္ကသိုလ်အဆောက်အဦးအတွက် လယ်ယာမြေဆုံးရှုံး နစ်နာမှု အများဆုံးကြုံတွေ့ခဲ့သော မကြီးကန်ကျေးရွာလျော်ကြေးငွေ လက္ခံပြီ

Sunday, May 19, 2013
၂၀၀၆ခုနှစ်ကတဲကွန်ပျူတာ တက္ကသိုလ်အဆောက် အဦအတွက် အသိမ်း ဆည်းခံထား ရသော ယာမြေလျော်ကြေးငွေများကိုအခမ်းးအနားဖြင့် ပေး အပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ မေလ(၁၇) ရက်နေ့လည်(၂)နာရီတွင်ကွန်ပျူတာ တက္ကသိုလ် အဆောက်အဦသစ်ခန်းမ၌ကျင်းပခြင်းဖြစ်သည်။

အသိမ်းဆည်းခံယာမြေဧက(၅၀)ရှိပြီးတစ် ဧကလျှင်ငွေကျပ်(၆)သိန်းနှုံးဖြင့်ပေးလျော်ခြင်းဖြစ်သည်။

“အရင်တစ်ကြိမ်ပေးလျော်ဘို့လုပ်သေးတယ်ဗျ၊တစ်ဧက(၃)သိန်းပဲပေးလို့မယူခဲ့တာ၊ခုတစ်ခါတိုးပေးလို့လက္ခံလိုက်ရတာပါ၊ကျေနပ်တယ်လို့ရယ်တော့မဟုတ်ဘူးပေါ့ကျောင်းအဆောက်အဦကဆောက်ပြိးနေပြီ၊ပြင်ပပေါက်ဈေးနဲ့
တော့တော်တော်ကွာဟတာပေါ့၊တစ်ဧကသိန်း(၃၀)လောက်ပေါက်တာ ၊ကျောင်းအဆောက်အဦနဲ့လွတ်နေ တာတွေရှိသေးတာပေါ့၊ပြန်ရရင်လိုချင်တာပေါ့ဗျာ”ဟု မကြီးကန်ကျေးရွာမှယာသိမ်းခံတောင်သူ ဦး ၀င်းကြိုင်မှပြောပြခဲ့သည်။

Popular Myanmar News Journal

No comments: