Wednesday, May 22, 2013
ဗြိတိန်လွှတ်တော်အမတ် Ms Rushanara Ali ရဲ့ ရခိုင်ပြည်နယ်ကို သွားခဲ့စဉ်က ကြုံတွေ့ခဲ့တဲ့ ရိုဟင်ဂျာ မူဆလင်တွေ ဒုက္ခသည်တွေရဲ့ အခြေအနေကို ဗြိတိသျှ ပါလီမန်အဆောက်အဦ အတွင်းက အစည်း အဝေးခန်းမဆောင်တစ်ခုမှာ ဒီကနေ့ မနက်ပိုင်းက ရှင်းလင်းပြောကြားခဲ့ပါတယ်။
ထောင်ချီတဲ့ ရိုဟင်ဂျာမူဆလင် ဒုက္ခသည်တွေနေတဲ့ ဒုက္ခသည် စခန်းတွေမှာ သောက်ရေနဲ့ အစားအစာ မလုံလောက်မူတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ချို့တဲ့နေတာတွေ၊ သန့်ရှင်းမှု မရှိ တာတွေ ကို တွေ့ခဲ့တဲ့အကြောင်း၊ နောက် ပေါက်တောမှာရှိတဲ့ ဒုက္ခသည် အမျိုးသမီးတွေက မီးဖွားဖို့ အတွက် နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ မီးဖွားခွင့်မရှိတဲ့ အတွက် အသက်ဆုံးရှုံးခဲ့တာတွေရှိတယ်ဆို တာကို အဲဒီစခန်းတွေက ဒုက္ခသည်အမျိုးသမီးတွေက သူ့ကို ပြောပြတဲ့အကြောင်း Ms Ali က ဆက် လက်ပြောပြပါတယ်။
ဆက်လက်ပြီး၊ Ms Ali က အိုးမဲ့ အိမ်မဲ့ဖြစ်နေတဲ့ ရိုဟင်ဂျာမူဆလင်တွေဟာ ရခိုင်လူမျိုးတွေရဲ့ တိုက်ခိုက်ရန်မူလာမယ့် အခြေအနေတွေကို ကြောက်လန့်နေကြောင်း၊ နောက်သူတို့ရဲ့ မူလနေထိုင် တဲ့ နေရပ်ကို ပြန်နေဖို့အတွက်ဆိုရာမှာလည်း သူတို့ရဲ့ လုံခြုံမူကို ခြိမ်းခြောက်နေကြောင်း ရှင်း လင်းပြောကြားပါတယ်။
အဲဒီအစည်းအဝေးပွဲမှာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့
UK ရဲ့ ဒါရိုက်တာ Mr David Mepham က သူတို့အဖွဲ့ကနေ ထုတ်ပြန်လိုက်တဲ့ “All
you can do is Pray: Crime Against Humanity and Ethnic Cleansing of
Rohingya Muslims in Burma’s Rakhine State” “ ဆုတောင်းနေယုံသာ
လုပ်နိုင်တယ်လို့ အမည်ပေးထားတဲ့ ရခိုင်ပြည်နယ် တွင်းက ရိုဟင်ဂျာ
မူဆလင်တွေကို ရှင်းလင်းသုတ်သင်ရေးနဲ့ လူ သားဖြစ်ခွင့်အပေါ်ဆန့်ကျင်တဲ့
ရာဇဝတ်ပြစ်မှု” ဆိုတဲ့ မှတ်တမ်းအကြောင်းကို ရှင်းပြခဲ့ပါသေးတယ်။
Ms Ali က သူ့ခရီးစဉ်ရဲ့ အတွေ့အကြုံကနေတဆင့်
ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအတွင်း ကို ပေးပို့တဲ့ အကူအညီတွေကို မြန်မာအစိုးရကနေ ပိတ်ပင်ဟန့်တား မှုမရှိစေဖို့ နဲ့ မုတ်သုန်ရာသီကို ရောက်လာပြီဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေ မှာ အမိုးအကာ၊ ဆေးဝါးနဲ့ ရှင်းသန့်ရေး အကူအညီတွေ အမြန်ဆုံးပေးရေးကို UK အစိုးရနဲ့ နိုင်ငံတ ကာအစိုးရတွေကနေ မြန်မာအစိုးရကို ဖိအားပေးဖို့လိုအပ်ကြောင်း ၊ အဲဒီနောက်မြန်မာနိုင်ငံတွင်းက ခွဲခြား ဆက်ဆံခံနေရတဲ့ ရိုဟင်ဂျာမူဆင်တွေအတွက် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေ ကို မြန်မာအစိုး ရက ပြန်သုံးသပ်ဖို့လိုအပ်အကြောင်း Ms Ali က အဓိကထား ရှင်းလင်း ပြောကြားခဲ့ပါတယ်။
Ms Ali ဟာ မြန်မာနိုင်ငံကို ဧပြီလ ၂၇ ရက်နေ့ကနေ မေလ ၂ ရက်နေ့ အထိ ၂ ပတ်ကြာ ရောက် ရှိခဲ့ပြီး၊သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ ရန်ကုန်မြို့နဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။
အဲဒီအစည်းအဝေးပွဲကို ဗြိတိသျှ လွှတ်တော်မတ် တချို့၊NGO အဖွဲ့အစည်းတွေ တစ်ချို့၊လန်ဒန်အခြေစိုက် ရိုဟင်ဂျာ အဖွဲ့အစည်း နဲ့ Burma Campaign UK အဖွဲ့ အပါအဝင် လူပုဂ္ဂိုလ် ၅၀ နီးပါး တက်ရောက် ခဲ့ပေမယ့် လန်ဒန်မြို့က ရခိုင်လူမျိုးတွေတက်ရောက်ခဲ့ခြင်း မရှိတာကိုတွေ့ရပါတယ်။
RFA
ဗြိတိန်လွှတ်တော်အမတ် Ms Rushanara Ali ရဲ့ ရခိုင်ပြည်နယ်ကို သွားခဲ့စဉ်က ကြုံတွေ့ခဲ့တဲ့ ရိုဟင်ဂျာ မူဆလင်တွေ ဒုက္ခသည်တွေရဲ့ အခြေအနေကို ဗြိတိသျှ ပါလီမန်အဆောက်အဦ အတွင်းက အစည်း အဝေးခန်းမဆောင်တစ်ခုမှာ ဒီကနေ့ မနက်ပိုင်းက ရှင်းလင်းပြောကြားခဲ့ပါတယ်။
ထောင်ချီတဲ့ ရိုဟင်ဂျာမူဆလင် ဒုက္ခသည်တွေနေတဲ့ ဒုက္ခသည် စခန်းတွေမှာ သောက်ရေနဲ့ အစားအစာ မလုံလောက်မူတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ချို့တဲ့နေတာတွေ၊ သန့်ရှင်းမှု မရှိ တာတွေ ကို တွေ့ခဲ့တဲ့အကြောင်း၊ နောက် ပေါက်တောမှာရှိတဲ့ ဒုက္ခသည် အမျိုးသမီးတွေက မီးဖွားဖို့ အတွက် နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ မီးဖွားခွင့်မရှိတဲ့ အတွက် အသက်ဆုံးရှုံးခဲ့တာတွေရှိတယ်ဆို
ဆက်လက်ပြီး၊ Ms Ali က အိုးမဲ့ အိမ်မဲ့ဖြစ်နေတဲ့ ရိုဟင်ဂျာမူဆလင်တွေဟာ ရခိုင်လူမျိုးတွေရဲ့ တိုက်ခိုက်ရန်မူလာမယ့် အခြေအနေတွေကို ကြောက်လန့်နေကြောင်း၊ နောက်သူတို့ရဲ့ မူလနေထိုင် တဲ့ နေရပ်ကို ပြန်နေဖို့အတွက်ဆိုရာမှာလည်း သူတို့ရဲ့ လုံခြုံမူကို ခြိမ်းခြောက်နေကြောင်း ရှင်း လင်းပြောကြားပါတယ်။
အဲဒီအစည်းအဝေးပွဲမှာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွ
Ms Ali က သူ့ခရီးစဉ်ရဲ့ အတွေ့အကြုံကနေတဆင့်
ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအတွင်း ကို ပေးပို့တဲ့ အကူအညီတွေကို မြန်မာအစိုးရကနေ ပိတ်ပင်ဟန့်တား မှုမရှိစေဖို့ နဲ့ မုတ်သုန်ရာသီကို ရောက်လာပြီဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေ မှာ အမိုးအကာ၊ ဆေးဝါးနဲ့ ရှင်းသန့်ရေး အကူအညီတွေ အမြန်ဆုံးပေးရေးကို UK အစိုးရနဲ့ နိုင်ငံတ ကာအစိုးရတွေကနေ မြန်မာအစိုးရကို ဖိအားပေးဖို့လိုအပ်ကြောင်း ၊ အဲဒီနောက်မြန်မာနိုင်ငံတွင်းက ခွဲခြား ဆက်ဆံခံနေရတဲ့ ရိုဟင်ဂျာမူဆင်တွေအတွက် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေ ကို မြန်မာအစိုး ရက ပြန်သုံးသပ်ဖို့လိုအပ်အကြောင်း Ms Ali က အဓိကထား ရှင်းလင်း ပြောကြားခဲ့ပါတယ်။
Ms Ali ဟာ မြန်မာနိုင်ငံကို ဧပြီလ ၂၇ ရက်နေ့ကနေ မေလ ၂ ရက်နေ့ အထိ ၂ ပတ်ကြာ ရောက် ရှိခဲ့ပြီး၊သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ ရန်ကုန်မြို့နဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။
အဲဒီအစည်းအဝေးပွဲကို ဗြိတိသျှ လွှတ်တော်မတ် တချို့၊NGO အဖွဲ့အစည်းတွေ တစ်ချို့၊လန်ဒန်အခြေစိုက် ရိုဟင်ဂျာ အဖွဲ့အစည်း နဲ့ Burma Campaign UK အဖွဲ့ အပါအဝင် လူပုဂ္ဂိုလ် ၅၀ နီးပါး တက်ရောက် ခဲ့ပေမယ့် လန်ဒန်မြို့က ရခိုင်လူမျိုးတွေတက်ရောက်ခဲ့ခြင
RFA
No comments:
Post a Comment