Thursday, May 09, 2013

ဘင်္ဂလားဒေ့ရှ်က စက်ရုံ ၁၈ရုံပိတ်ချ

Thursday, May 9, 2013
ဘင်္ဂလားဒေ့ရှ်နိုင်ငံက စက်ရုံ အလုပ်သမားတွေ နေ ထိုင်တဲ့ တိုက်ခန်း ပြိုကျ ရာက လူပေါင်း ၈၀၀ေ ကျာ်သေဆုံးခဲ့ပြီးနောက် စက်ရုံပေါင်း ၁၈ ရုံ ကို ပိတ်ချလိုက်ပြီလို့ သိရပါတယ်။ ပြိုကျသွားတဲ့ တိုက် ခန်းတွေမှာ စက်ရုံပေါင်း ၅ရုံက အလုပ်သမားတွေ
နေထိုင်တဲ့ တိုက်ခန်းတွေ ဖြစ်ပါတယ်။ နိုင်ငံခြားက အထည်အပ်တဲ့ ကုမ္ပဏီတွေက တခြားနိုင်ငံတွေ ကိုလှည့်ပြီး လုပ်ငန်းတွေကို ပြောင်းရွေ့သွားမှာကို စိုးရိမ်တဲ့အတွက် ဘင်္ဂလား ဒေ့ရှ် အစိုးရက နိုင်ငံတကာ အလုပ်သမားအဖွဲ့ အစည်းနဲ့ အလုပ်သမားတွေ အသက်ဘေးအန္တရာယ် လုံခြုံရေးကို အထွတ်အထိပ် ဦးစားပေးဖို့ သဘောတူညီလက် မှတ်ရေးထိုး ခဲ့ပါတယ်။

အထည်ချုပ်စက်ရုံဆိုင်ရာဝန်ကြီးက မြို့တော်ဒါကားမှာ အထည်ချုပ်စက်၁၆ ရုံနဲ့ ချစ်တကောင်းမြို့မှာ ၂ ရုံ ပိတ်ချလိုက်ပြီလို့ ဆိုပါတယ်။

လုံခြုံမှုစိုးရိမ်မကင်းစရာဖြစ်နေတဲ့ စက်ရုံတွေနောက်ထပ်ပိတ်ဖို့လဲ ရှိတယ်လို့ သိရပါတယ်။


ABC Radio Australia

No comments: