Wednesday, May 22, 2013
မြန်မာ-အမေရိကန် ကုန်သွယ်ရေး ကောင်စီ၏ ရုံးများကိုအမေရိကန် ပြည်ထောင်စုနှင့် မြန် မာနိုင် ငံရှိ မြို့ကြီးသုံးမြို့တွင် တည်ထောင်လိုက် ပြီး နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု တိုးတက်စေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ေ ကြာင်း မြန်မာ-အမေရိကန် ကုန်သွယ်ရေး ကောင် စီ၏ ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာ-အမေရိကန် ကုန်သွယ်ရေး ကောင်စီ၏ ရုံးများကို အမေရိကန် ပြည်ထောင်စုရှိ ၀ါရှင်တန်ဒီစီ၊ နယူးယောက်နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့တို့တွင် တည်ထောင် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကောင်စီအနေဖြင့် မြန်မာနှင့် အမေရိကန် နှစ်နိုင်ငံအကြား နိုင်ငံတကာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ပြီး ကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့ များ စေလွှတ်ခြင်း၊ သတင်းအချက်အလက်များ ထုတ်ပြန်ခြင်း၊ အမေရိကန် ရင်းနှီးမြှုပ်နှံသူများအတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှု သတင်းအချက်အလက်များကို အကူအညီ ပေးခြင်းများကိုလည်း ဆောင်ရွက် သွားမည်ဖြစ်သည်။
ကောင်စီရုံးများကို အမေရိကန်နှင့် မြန်မာနိုင်ငံတွင် ဖွင့်လှစ်ခြင်းကို မြန်မာသမ္မတ ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်အတွင်း ဖွင့်လှစ်ခြင်း ဖြစ်သည်။ မြန်မာ-အမေရိကန် ကုန်သွယ်ရေး ကောင်စီ သည် မြန်မာနိုင် ငံအပေါ် အမေရိကန်က ပိတ်ဆို့အရေးယူထားသည့် ကျန်ရှိနေသည့် ကိစ္စများကိုလည်း ဖယ်ရှားနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး အမေရိကန်နိုင်ငံက ပေးအပ်သည့် GSP (ဖွံ့ဖြိုးဆဲ နိုင်ငံများအပေါ် ပေးအပ်သည့် အခွန်လျှော့ပေါ့မှု) ကိုလည်း ပြန်လည်ရရှိနိုင်ရေး ဆောင်ရွက်ပေးသွားရန် ရှိကြောင်း သိရသည်။
Eleven

No comments:
Post a Comment