Tuesday, May 21, 2013

မြန်မာ့နိုင်ငံရေးမှာ တပ်မတော်အတွက် အမြဲတမ်း သီးသန့် နေရာက ရှိသွားမယ်

မြန်မာ့နိုင်ငံရေးမှာ တပ်မတော်အတွက် အမြဲတမ်း သီးသန့် နေရာက ရှိသွားမယ်လို့ အမေရိကန် ကို ရောက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန် က ပြောတာကို ၀ါရှင်တန်ပို့စ် သတင်းစာကြီး မှာ ဖော်ပြထားပါတယ်။ တပ်မတော်ဟာ ဂုဏ်ပြောင်ခဲ့တဲ့ သမိုင်းအစဉ်အလာရှိခဲ့တဲ့အတိုင်း အနာဂတ် အစိုးရအဖွဲ့ထဲမှာလည်း စစ်တပ်အတွက် သီးသန့် နေရာ ရှိနေလိမ့်မယ်လို့ စစ်အစိုးရ လက် ထက်က ၀န်ကြီးချုပ်ဖြစ်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်က ၀ါရှင်တန်ပို့စ်နဲ့ အင်တာဗျူးမှာ ပြောကြားလိုက်တာပါ။ ဥပဒေကို လေးစားလိုက်နာတဲ့နေရာမှာ စစ်တပ်ဟာ အရပ်သားတွေ ထက်တောင် ပိုပြီးတိကျတယ်လို့ ဦးသိန်းစိန်က ပြောတာကို ၀ါရှင်တန်ပို့စ်သတင်းမှာ ဖော်ပြ ထားပါတယ်။ နှစ်ပေါင်း ၅၀ နီးပါးအတွင်း မြန်မာအစိုးရ အကြီးအကဲ တစ်ယောက်အနေနဲ့ အမေရိကန် သမ္မတနဲ့ တွေ့ဆုံခါနီး နာရီပိုင်းအတွင်းမှာပဲ သမ္မတ ဦးသိန်းစိန်က အခုလို ပြောလိုက်တာဖြစ်ပါတယ်။

DVB TV News

No comments: