Wednesday, May 22, 2013
မြောက်ကိုရီးယား အစိုးရသည် ၎င်းတို့ ဖမ်းဆီးထား သည့်တရုတ် ငါးဖမ်းသင်္ဘောအဖွဲ့သားတစ်စုကို ပြန် လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။တရုတ်အစိုးရ က နယ်စပ်ရေပြင် အနီးတွင် မြောက်ကိုရီးယားက ဖမ်းဆီးလိုက်သည့်
တရုတ် ငါးဖမ်းသင်္ဘော ကို ပြန်လွှတ်ပေးရန် အလေးအနက် တောင်း ဆိုမှုများ
ပြုလုပ်ခဲ့သည့်နောက် အင်္ဂါနေ့တွင် အား လုံး ပြန်လည် လွတ်မြောက်လာကြောင်း
တရုတ် သတင်းဌာနများက ဖော်ပြခဲ့သည်။
မြောက်ကိုရီးယား နယ်ခြားစောင့် အာဏာပိုင် တပ်ဖွဲ့များသည် ငါးဖမ်းလှေနှင့်အတူ အဖွဲ့သား (၁၆) ဦးလုံးကို ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။ ၎င်းတို့ကို မေလ (၅)ရက်နေ့က ကွန်မြူနစ် နိုင်ငံဘက်မှ ဖမ်းဆီးထားခဲ့ခြင်းဟု သိရှိရသည်။
Planet Myanmar Network

No comments:
Post a Comment