Thursday, May 23, 2013
မြန်မာ-ဂျပန်ပူးပေါင်းဆောင်ရွက်နေသည့် လယ်ယာ ကဏ္ဍဖွံ့ဖြိုးရေး စီမံကိန်းများကို(၂၀၁၄)ခုနှစ်တွင် အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်းမြန်မာ့လယ် ယာစီးပွားအများ ပိုင်ကော်ပိုရေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင် က ပြောကြားသည်။ ၄င်းစီမံကိန်း များကိုရန်ကုန်တိုင်းဒေသကြီး၊တွံတေး၊ နေ ပြည်ေ တာ်၊ပဲခူးတိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီးတို့တွင်အကောင်အထည်ဖော်သွားမည် ဖြစ်ပြီးစီမံကိန်းတွင် ခေတ်မီဆန်စက်၊ပေါင်းဆန် စက်၊စပါးခွံလျှပ်စစ်ဓာတ်အားထုတ်စက်၊ဆန်မှုန့်စက်၊ဆန်ကြာဇံစက်စသည့် စက်ရုံများပါဝင်မည် ဖြစ်သည်။
ထို့အပြင်စီမံကိန်းဧရိယာတွင် Contract လယ်ယာစနစ်ကိုလည်းအကောင်အထည်ဖော်မည်ဖြစ်ပြီးစီမံ ကိန်းအတွင်းခေတ်မီဆန်စက်များမှတစ်နှစ်ကိုတန်းမြင့်ဆန်(၁)သိန်းဖြင့်စီမံကိန်း(၄)ခုမှ(၄)သိန်းထိထုတ်လုပ်
သွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ စီမံကိန်းများတွင် မြန်မာ့လယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်း(MAPCO)က(၅၁)ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံ Mitsui ကုမ္ပဏီက(၄၉)ရာခိုင်နှုန်းထည့်ဝင်ပြီး စုစုပေါင်းစီမံကိန်းအားလုံးအတွက် အမေရိကန်ဒေါ် လာသန်း(၂၀၀)ကုန်ကျနိုင်မည် ဖြစ်ကြောင်း သိရသည်။
၎င်းစီမံကိန်းများကြောင့်ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများ ရလာနိုင်သလိုဒေသခံတောင်သူများ အတွက်လည်းဈေးကွက်သစ်ရရှိလာမည် ဖြစ်ကြောင်းဦးရဲမင်းအောင်ကပြောကြားကြောင်း သတင်း ရရှိ သည်။
SkyNet TV Browser

No comments:
Post a Comment