Saturday, May 18, 2013
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အလုပ်သဘော ခရီး သွားရောက်ရန် ယနေ့ညပိုင်း တွင် လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့မှ အမေရိကန် ပြည်ထောင်စုသို့ ထွက်ခွာသွားသည်။ နိုင်ငံတော်သမ္မတ ဦးသိန်း စိန် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် စစ်ဘက်၊ နယ်ဘက်မှ အရာရှိကြီးများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်းနှင့် ဦးသန်းဌေး၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးသန့်ကျော်၊ ဦးရဲထွဋ်၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာမျိုးမြင့်၊ ဒေါက်တာဒေါ်သိန်းသိန်းဌေးနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
http://www.president-office.gov.mm/zg/briefing-room/news/2013/05/18/id-3378

No comments:
Post a Comment