Tuesday, May 21, 2013

တောင့်တင်းသောကျောင်းသားသမဂ္ဂဖြစ်ပေါ်လာရေးအတွက်သဘောထားထုတ်ပြန်

Monday, May 20, 2013
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် တော်ဝင်နှင်း ဆီတွင် ကျင်းပပြုလုပ် သော ကျောင်းသားသမဂ္ဂ အ စည်းအဝေးပွဲတွင် ကျောင်းသားသမဂ္ဂဖြစ်ပေါ်လာေ ရးအတွက်တို့ကျောင်းသားသမဂ္ဂရဲ့သဘောထားထု တ်ပြန်လိုက် ကြောင်း ၁၉၇၄ ကျောင်းသား သမဂ္ဂ ဦးဆောင်လှုပ်ရှားခဲ့သူ ကို ထွန်းအောင်ကျော်က ဆို ပါသည်။ အဆိုပါအစည်းအဝေးပွဲသို့ ဘ.က.သေ ကျာင်းသား များ အဖွဲ့ တ.က.သကျောင်းသား များအဖွဲ့ ၁၉၆၂ခုနှစ် ကျောင်း သားကြီးများနှင့် ၁၉၇၄ ခုနှစ် ကျောင်းသားများ တက်ရောက်ခဲ့ ကြပြီး သဘောထားထုတ်ပြန် လိုက်ကြောင်း သိရှိရပါသည်။

ထုတ်ပြန်ချက်တွင်- ကျောင်းသားသမဂ္ဂသည် ကျောင်း သားလွှတ်တော်ပင်ဖြစ်သည် ။ ကျောင်းသားသမဂ္ဂ များသည် တက္ကသိုလ်ပညာရေးစနစ်ကို ကမ္ဘာ့ အဆင့်မီပညာရေးစနစ်ဖြစ်လာ စေရန် အဓိကတွန်း အားပေးနိုင်သလို၊ တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလိုအပ်ချက်များကို ပညာတတ်များပီပီ၊ ဝေ ဖန်သုံးသပ်ပြီး၊ ပြည်သူ့ကိုယ်စား ထုတ်ဖော်ပြောဆိုသောအလုပ်ကို လည်းလုပ်ကြကြောင်း။ ဗိုလ်ချုပ်နေ၀င်း ၏ စစ်အာဏာရှင်စနစ်အောက်တွင် ကျောင်းသားသမဂ္ဂများ ဖျက်သိမ်းခြင်းခံခဲ့ရပြီး၊ သမိုင်းဝင်ကျောင်းသား သမဂ္ဂအဆောက်အအုံကြီးကိုလည်း ဖောက်ခွဲဖျက်စီးခြင်းခံခဲ့ရ ပြီး ယနေ့ပွင့်လင်း လာသည့်စ နစ် အောက် တွင် ကျောင်းသားသမဂ္ဂများ ဒေသအသီးသီးတွင် ပေါ်ထွက်လာခဲ့သော်လည်း၊ထိုသမဂ္ဂများအဖွဲ့ဝင်ကျောင်းသားများအတွက် ဂုဏ်သရေရှိရှိ ဆွေးနွေး တိုင်ပင်နိုင်သည့် သမဂ္ဂအဆောက် အအုံမရှိဘဲဖြစ်နေခဲ့ကြောင်း။ စစ်အာာရှင်အ ဆက်ဆက် အာဏာတည်မြဲရေးအတွက် ကျောင်းသားသမဂ္ဂများ မပေါ် ပေါက်လာစေရန် ပြင်းထန်စွာနှိပ် ကွပ်ခဲ့သောခေတ်သည် နေ၀င် ချိန်သို့ရောက်ရှိသွားပြီဖြစ်ကာ ယနေ့ဦးသိန်းစိန်အစိုးရ သည် ကျောင်းသား သမဂ္ဂများဖြစ်ပေါ် လာမှုကိုပိတ်ပင်တားဆီးမှုမပြု တော့ခြင်းသည် သဘောထား ကြီးကြောင်း ပြ သမှုပင်ဖြစ်ပြီး အစိုးရတစ်ရပ်သည် သည်းခံနိုင်မှုရေချိန် (Tolerance Level) မြင့်လျှင် မြင့်သလောက် ထိုတိုင်း ပြည်၏ လူမှုရေးတိုးတက်မှုကို လျှင်မြန်စွာဖြစ်ပေါ်စေသည်ဟု ယုံကြည်ကြောင်း။


ယနေ့အချိန်သည် လွတ် လပ်သောလူ့ဘောင်အဖွဲ့အစည်း များ (Civil Society) စတင်ဖွံ့ဖြိုး ခွင့်ရရှိ လာသည့်ခေတ်ဦးသို့ ရောက်ရှိလာပြီဖြစ်ကာ ဦးသိန်း စိန်အစိုးရသည် ဒီမိုကရေစီအသွင် ကူးပြောင်းရေး ကြားကာလအစိုး ရဖြစ်သည်။ ဒီမိုကရေစီအစိုးရ မဖြစ်သေးကြောင်း၊ ထို့ကြောင့် အထက်မှအောက်အထိ စစ်အာ ဏာရှင်စနစ်အောက်တွင် ခေါက်ရိုးကျိုးနေသော မြန်မာ့လူ့အဖွဲ့ အစည်းကို ဒီမိုကရေစီစ နစ်သို့ ပြောင်းလဲရေးမှာ လွယ်ကူသော အလုပ်မဟုတ်ကြောင်း၊ ခက်ခဲသလောက် သည်းခံစိတ်ရှည်မှုကို အစိုးရအဖွဲ့မှသော် လည်းကောင်း၊ ဒီမိုကရေစီအင်အားစု တို့ဖက်မှ သော်လည်းကောင်း အပြု သဘော ဆောင် ကြိုးပမ်းကြဖို့ လိုကြောင်း။ယနေ့ကျောင်းသားများ အတွက် မရှိမဖြစ်လိုအပ်နေသော အရာမှာ ဂုဏ်သရေရှိရှိ ကျောင်း သားအရေး၊ တိုင်းပြည်အရေးတို့ ကို ညှိနှိုင်းတိုင်ပင်သည့်နေရာ လို အပ်နေခြင်းဖြစ်ကြောင်း၊ ထိုအရာ သည် ဆယ်စုနှစ်ငါးစုကြာပျောက် ကွယ်ခဲ့ရသော သမဂ်္ဂအဆောက် အအုံကြီးပင်ဖြစ်ပြီး ယခုအခါ ရန်ကုန်တက္ကသိုလ် ရှင်သန်ရေး ကို ပြုလုပ်နေကြပြီဖြစ်သော ကြောင့် ရန်ကုန်တက္ကသိုလ်ကြီး တွင် ယနေ့ထက်တိုင် ကွက်လပ် ကြီးဖြစ်နေသော သမဂ္ဂအဆောက် အအုံမြေနေရာတွင် အခြေအနေ ပေးလာသည့်နေ့တွင် မျိုးဆက် သစ်၊ မျိုးဆက်ဟောင်းများအား လုံး လက်တွဲ၍ အုတ်မြစ်ချနိုင်ရန် ယနေ့မှစ၍ ရန်ပုံငွေစုဆောင်း ထားဖို့လိုသည်ဟု ယုံကြည်ကြောင်း၊ ၁၉၆၂ ခုနှစ်နောက်ပိုင်း ပညာ သင်ကြားခဲ့ကြသော ကျောင်း သားလူငယ်များ၏ စိတ်ထဲတွင် ပြင်းပြ စွာတည်ရှိနေခဲ့သောဆန္ဒမှာ ကျောင်းသားသမဂ္ဂများ လွတ် လပ်စွာဖွဲ့စည်းခွင့်နှင့် ပျက်စီး သွား သော ကျောင်းသားလွှတ်တော် ကြီးကို ပြန်လည်တည်ဆောက်လို သောဆန္ဒ ပင်ဖြစ်ကြောင်း ။ ကျောင်းသားသမဂ္ဂအဆောက် အအုံကြီး ပြန်လည်တည်ဆောက် ရေးရန်ပုံငွေတည်ထောင်ခြင်းသည် အစိုးရဆန့်ကျင်ရေးလုပ်ရပ်မဟုတ်။ ဒီမိုကရေစီရေးပြောင်းလဲမှုကို အားသွန်ခွန်စိုက်လုပ်နေသော ဦးသိန်း စိန်အစိုးရအနေနှင့် စီးပွား ရေးဦးမော့လာရေး၊ ပြည်တွင်းစစ် ရပ်စဲရေးနှင့်နိုင်ငံတကာဆက် ဆံ ရေး တို့ကို ဇောင်းပေးလုပ်နေရသဖြင့် ကျောင်းသားသမဂ္ဂ အဆောက်အအုံဆောက်လုပ်ရေးသည် ဦးစားပေးအ ဆင့်တွင် ပါဝင်ချင်မှ ပါဝင်နိုင်လိမ့်မည်ဖြစ်သဖြင့် ကျွန်ုပ်တို့အားလုံးမှ အစိုးရ လုပ်ပေးမှရ မည်ဆို သည့်စိတ်မျိုး မထားဘဲ ကိုယ့်အားကိုယ်ကိုး၍ရန်ပုံငွေကို ကြိုတင်စုဆောင်း ထူထောင်ထားခြင်းဖြင့် အဆင်သင့်ပြင်ဆင်ထားသင့်သည်ဟု ယူဆကြောင်း။ကျောင်းသားသမဂ်္ဂအဆောက်အအုံ ဆောက်လုပ်ရေး ရန်ပုံငွေကို ပြည်တွင်းပြည်ပနှစ်ဌာနခွဲ၍ ရှာဖွေကြမည်ဆိုလျှင် လုံလောက် သော အလှူငွေရရှိမည်ဟု လုံးဝ ယုံကြည်ပြီး ကျောင်းသားသမဂ္ဂ အဆောက်အအုံပုံစံကိုလည်း ဗိသုကာများအား ရေးဆွဲတင် သွင်း စေပြီး ကော်မတီဝင်များမှ တင်သွင်းလာသောပုံစံများကို ကျောင်းသားထုအားချပြပြီး အများသဘောကျသည့်ပုံစံများကို စကာ တင်ရွေးချယ်မှုကိုပြုလုပ်ခြင်းတို့သည် ကြိုတင်လုပ်ရမည့်အလုပ် များပင်ဖြစ်ကြောင်း။

ကျောင်းသားသမဂ္ဂများ ရှင်သန်လာရန်ကျောင်းဝင်းအတွင်း သမဂ္ဂအဆောက်အအုံကြီး ထည် ထည် ၀ါဝါရှိဖို့လိုသဖြင့် ထိုကျောင်း သားသမဂ္ဂ၀င်များ စနစ်တကျ စည်းဝေးတိုင်ပင်နိုင်မှု၊ ရွေးချယ် နိုင်မှု၊ လွတ်လပ်စွာဖွဲ့စည်းနိုင်မှု ရှိလျှင် ထိုသူတို့က မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး တို့ကို လွတ် လပ်စွာ ဆွေးနွေးရင်း ဖြင့် ထူးချွန်သော အနာဂတ် ခေါင်းဆောင်ကောင်းများကို ရွေး ချယ်ခွင့်ရရှိ လာမည်ဖြစ်ကြောင်း။အဘယ်ကြောင့်ဆိုသော် တိုင်း ပြည်ကို အုပ်ချုပ်မည့် အနာဂတ်ခေါင်းဆောင်များ သည် ပညာ တတ်ကျောင်းသားများပင်ဖြစ် ကြောင်း။ကျောင်းသားသမဂ္ဂများ ရှင် သန်ကြီးထွား လာရေးသည် အမျိုးသားရေးဖြစ်သည်။ ကျောင်းသား သမဂ္ဂများဖွဲ့စည်းခြင်းကို အစိုးရအား ဆန့်ကျင်ရန်
ဖြစ်သည်ဟူ သောအစွဲကို အုပ်ချုပ်သူအစိုးရမှ ဖြုတ်ဖို့လိုသလို၊ ကျောင်းသား သမဂ္ဂများမှလည်း အစိုးရကို တိုက်ခိုက်ရန်အတွက် ဖွဲ့စည်းမည်ဆိုသည့်အစွဲကိုဖြုတ်ဖို့လိုသည်။သို့မှသာ အုပ်ချုပ်သူနှင့် ကျောင်းသား များကြား တင်းမာမှုများကို ဖြေဖျောက်နိုင်ပြီး အနာဂတ် ပညာတတ်ခေါင်းဆောင်များ ပေါ်ထွန်းလာရေးကို အတူတကွ လက်တွဲလုပ်ဆောင်နိုင်လိမ့်မည် ဟု ယုံကြည်မိကြောင်းတို့ ပါဝင်ပါသည်။

The Hot News

No comments: