Tuesday, May 21, 2013
အမေရိကန် ကွန်ဂရက်မှ ကိုယ်စားလှယ် ၂ဦးဖြစ် သည့် ထရန့်ဖရန့်နှင့် ရက်ရှ်ဟော့တို့ ကိုသမ္မတ ဦးသိန်းစိန်အိမ်ဖြူတော်သို့ အလည်အပတ်လာရော က်ခြင်းနှင့်ပတ်သတ်၍ CNN ကသူတို့၏သဘော ထားအမြင် ကို မေးမြန်းထားရာစာရေးသူက သူတို့ ပြော စကားမှမှတ်ချက်များကိုရေး သားဖော်ပြ လိုက်သည်။ လွန်ခဲ့သော အနှစ် ၅၀ နီးပါးက မြန် မာနိုင်ငံကို ဦးနေ၀င်းအစိုးရကအာဏာ ရှင်ဆန် ဆန် အုပ်ချုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန် နောက်ပိုင်း မှာမြန်မာ့နိုင်ငံရေးခေါင်းဆောင် များသည် အိမ်ဖြူတော်နှင့်အမှန်တကယ်ကို ပင်အလှမ်းဝေးခဲ့ကြသည်။
ယခုအစိုးရ သစ်၏ သမ္မတဦးသိန်းစိန်၏ သမိုင်းဝင် အလည်အပတ်ခရီးစဉ် မှာမြန်မာ့ဒီမိုကရေ စီ ပြုပြင်ပြောင်းလဲရေးအတွက်သမ္မတ၂ဦး ပွင့်ပွင့်လင်းလင်းဆွေးနွေးဖြစ်ကြတော့မှာ ပါ။ဒါဟာ အမေရိကန်ရဲ့မြန်မာနိုင်ငံပေါ် မှာထားရှိ မယ့်ပေါ်လစီအသစ်တစ်ခုပါပဲ။အမေရိကန်အစိုးရနှင့်မြန်မာအစိုးရ ကြားပြန်လည်သင့်မြတ်လာမှု့အပေါ်အချို့ သောအမေရိကန်လူမျိုးတွေကမျက်စိ စပါးမွှေးစူးနေကြပါတယ်။
တိုင်းရင်းသား လူမျိုးအချင်းချင်းကြားဖြစ်ပေါ်နေသော အကြမ်းဖက်မှုများ၊စစ်ပွဲများ၊ဘာသာရေး ဆိုင်ရာ လှုံ့ဆော်မှုများအတွက်ပဲလို့သူတို့ ရဲ့အမြင်ကဖြစ်နေတယ်။ဒီအဖြစ်အပျက် တွေအပေါ်အမေရိ ကန်အစိုး ရကနှာစေး နေတယ်။လူ့အခွင့်အရေးချိုးဖေါက်ခံနေရ မှုအပေါ်အမေရိကန်အစိုးရအနေနဲ့ တစ်ခွန်းတစ် ပါးလောက်တော့ဝင်ရောက် ပြောဆိုသင့်တယ်လို့သူတို့ကထင်နေကြတယ်။
၁၉၉၀လောက်ကနေစပြီးတော့ အမေရိကန်အစိုးရကမြန်မာနိုင်ငံအပေါ် တင်းကျပ်တဲ့ပိတ်ဆို့မှုတွေ လုပ်ခဲ့တယ်။ ၂၀၁၁ခုနှစ်အထိပါပဲ။မြန်မာအစိုးရ ကတော့ဒီမိုကရေစီပြောင်းလဲမှုအပေါ် တည်တည်ငြိမ်ငြိမ် နဲ့ပြောင်းလဲနိုင်အောင် ကြိုးစားနေတယ်။အိုဘားမားအစိုးရ ကတော့မြန်မာနိုင်ငံအပေါ်တားဆီးပိတ်ဆို့ မှုတွေလျှော့ပေါ့ပေးနေခြင်းကအလွန် လျင်မြန်လှပါတယ်။အလွန်ရက်ရော လှတယ်လို့ထင်ရပါ တယ်။အာ ရှတိုက်ရဲ့ချက်တိုင်ဖြစ်တဲ့မြန်မာပြည်ကိုအိုးဘားမား အစိုးရအနေနဲ့စင်ပြိုင်နိုင်ငံဖြစ်တဲ့တရုတ် ကို ထိန်းညှိချင် တဲ့သဘောလား ဆိုတာကို တွေးဖို့လိုလာပြီဖြစ်တယ်။ အပြီးမသတ်နိုင်သေး တဲ့ရခိုင် အရေး၊ မြန်မာပြည်အလယ်ပိုင်းဘာသာရေးဆိုင်ရာ ပဋိပက္ခ၊ကချင်ပြည်နယ်ငြိမ်းချမ်းရေး၊ ရှမ်းပြည်နယ် ကမကြာခဏဖြစ်နေတဲ့စစ်ပွဲ များ၊သိန်းနဲ့ချီနေတဲ့ဒုက္ခသည်တွေ၊၀၊ ပလောင်တိုင်းရင်းသားအရေးအစရှိတဲ့ ကိစ္စရပ်များမြောင်တွေကြားထဲမှာသမ္မတ ဦးသိန်းစိန်ကိုအိုဘားမားက ဖိတ်ကြားတွေ့ ဆုံတယ်ဆိုတာ ကယေဘုယျမကျသလို ပါပဲ။အဲ့ဒီခေါင်းဆောင်၂ဦးတွေ့ဆုံနေချိန် မှာပဲမြန်မာနိုင်ငံမှာနိုင်ငံရေးအကျဉ်း သား တွေလွှတ်ပေးနေတယ်။အာရှတိုက်ရဲ့ အဓိကဈေးကွက်တစ်ခုဖြစ်လာနိုင် တဲ့ မြန်မာနိုင်ငံ အပေါ်ဈေးကွက်ထိုးဖောက် လိုတဲ့သဘောကြောင့်လား၊ကုန်သွယ်ရေး ကိစ္စရပ်တွေကြောင့်လား၊အင် အားကြီးထွား လာတဲ့တရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံတို့ရဲ့ဆက်ဆံ ရေးအပေါ်အားစမ်းလိုတဲ့သဘောကြောင့် လား၊မြန်မာဒီမိုကရေစီအရေးမှာပွင့်လင်း မြင်သာမှုအားကောင်းလာခြင်းရှိမရှိကို သိလိုခြင်းကြောင့်လား၊ လားပေါင်းများစွာ သောအတွေးများကသမ္မတနှစ်ဦးတွေ့ဆုံ ပွဲကိုစောင့်ကြည့်နေကြတယ်။
အမေရိကန်ကွန်ဂရက်မှာကတော့ အမေရိကန်-မြန်မာတိုးတက်လာတဲ့ ဆက်ဆံရေးကိုဝိုင်းဝန်းထောက်ခံ အားပေး နေပါတယ်။အမေရိကန်ရဲ့အာရှခြေလှမ်း ဟာလည်းမြန်မာပြည်ကိုဗဟိုပြုပြီးခိုင်ခိုင် မာမာလှမ်းချင်နေကြပါတယ်။ဒီမိုကရေစီ ရှင်သန်ကြီးထွားမှုနဲ့ပြည့်သူ့အုပ်ချုပ်ရေး ထင်ရှားလာရင်တော့ အမေရိကန်တွေက မြန်မာပြည်မှာပုံရိပ်တွေတစ်ခုကိုတည်ထောင် တော့မှာပါ။အခြေခံဥပဒေပြင်ဆင်နိုင်မှု နဲ့တရားဥပဒေစိုးမိုးရေးကဖယ်ဒရယ်စနစ် ကိုကောင်းမွန်အောင်ပြုပြင်ပြောင်းလဲနိုင် ပါလိမ့်မယ်။ လူနည်းစုအခွင့်အရေး၊ ပြည်သူတွေထိန်းချုပ်ထားတဲ့တပ်မတော်၊ နိုင်ငံရေးအကျဉ်းသားကင်းခြင်း၊လုပ်သား များကိုမတရားနှိပ်စက်ခိုင်းမှု၊ကလေးစစ်သား၊ ဒုက္ခသည်များကိုပြန်လည်ထူထောင်နိုင်မှု၊ စစ်တပ်ကချော ဆွဲခြင်း အဆိုပါကိစ္စရပ်များ ဟာအရေးပေါ် စဉ်းစားရမယ့်နိုင်ငံတကာ လမ်းကြောင်းပေါ် က ပြဿ နာရပ်တွေပါပဲ။
ဒီကိစ္စတွေကိုအောင်မြင်ပြီဆိုရင်တော့ မြန်မာပြည်ပေါ်ကနောက်ဆုံးပိနေတဲ့ ၀န်ဖြစ်သော ပိတ်ဆို့မှုများ ကွယ်ပျောက်သွားမှာပါ။လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတွေ အကြောင်းကိုသမ္မတအိုဘားမားကဧည့်သည် ကြီးကိုဆွေးနွေးဖို့ရှက်မနေလောက်ပါဘူး။ မြန်မာပြည်တည်ငြိမ်လာပြီဆိုရင်တော့ အမေရိကန်ကအကူအ ညီပေးဖို့လက်မတွန့် လောက်ပါဘူးလို့ CNNကိုဆိုခဲ့သည်။
The Hot News

No comments:
Post a Comment