ဗိုလ်တထောင်မြို့ နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ပါတီဝင်များ၊ ဘိုကလေးဈေး လူငယ်များ၊
မဇ္ဖျိမ လူငယ်ကွန်ရက်များမှ မေလ ၁၉ရက်နေ့ မနက် ၈နာရီတွင် အကြမ်းဖက်သမားများ
မီးရှို့ဖျက် ဆီးခဲ့သည့် ဖြစ်ပွားခဲ့သော မြို့များ၊ ကျေး ရွာများ အနက်
ဥက္ကံမြို့ ကျွဲကုန်းလေး၊ခြောက်တဲ၊
ပနီပင် ကုလားစု၊ မီးလောင်စခန်း ကျေးရွာများသို့ ကား အစီးရေ (၆)စီးဖြင့်
လှူဒါန်းပစ္စည်းများ သယ်ဆောင် ကာ သွားရောက်ပေးလှူခဲ့ကြောင်း သတင်းရရှိ သည်။
အဆိုပါ ကျေးရွာများသို့ ဆန်၊ ခေါက်ဆွဲခြောက်၊ ကြက်သွန်နီ၊ ကုလားပဲ၊ ကြက်ဥ၊ ဆီ၊ အ၀တ်အထည်၊ အိပ်ယာခင်း၊ ကော်ဖီမစ်၊ ငါးသေတ္တာ၊ ရေသန့်၊ ငွေ အားလုံး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ကျပ် တစ်ဆယ့်ငါးသိန့်း (၁၅၀၀၀၀၀) ကျော်ခန့် အလှူရှင်များမှ ပေးအပ်ခဲ့ကြောင်း သိရသည်။
မီးလောင်ပျက်စီးကာ ပြာကျခဲ့သော ကျေးရွာများ ဖြစ်သည့် ကျွဲကုန်းလေး အိမ်ခြေ (၄၉) အိမ်၊ ခြောက်တဲ (၁၆)အိမ်၊ ပနီပင် ကုလားစု (၆) အိမ်၊ မီးလောင်စခန်း (၁၀) အိမ် စုစုပေါင်း ၈၁ အိမ် ပျက်ဆီးဆုံး ရှုံးခဲ့ကြောင်း သတင်းရရှိသည်။
M-Media

No comments:
Post a Comment