Thursday, May 23, 2013
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေး ရာပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်းနှင့်တွေ့ ဆုံခြင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ တွင်ဖြစ်ပေါ်နေသောသစ်ခိုးထုတ်မှုများ၊သစ်တောပြု န်း တီးမှုတို့နှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်း
ရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးဝင်းထွန်းနှင့်မေ ၁၁ ရက်တွင် တွေ့ ဆုံ မေးမြန်းထား သည်များမှ ကောက်နုတ်ဖော်ပြ
လိုက်ပါသည်။ အခုဆိုရင် ကချင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်ခဲ့တာ ၂ နှစ် ပြည့်ပါတော့မယ်။ စစ်ပွဲတွေနဲ့ နယ်မြေမငြိမ်းချမ်းတာကိုအကြောင်းပြပြီး သစ်ခိုးထုတ်နေမှုတွေကြောင့်ကချင်နဲ့ ရှမ်းပြည်နယ် ကနေတ ရုတ်နိုင်ငံကို ပို့နေတဲ့တန်ချိန်ဟာ တစ်နှစ်ကိုတန် တစ်သိန်းကျော်တယ်လို့ စောင့်ကြည့်တဲ့ အဖွဲ့အ စည်းတွေက ပြောနေပါတယ်။ မူးယစ်ဆေးဝါးနဲ့ မျှားခေါ်ပြီး သစ်ထုတ်ခိုင်းတဲ့ သက်သေတွေလည်း အများကြီးရှိပါတယ်။ မေးချင်တာက ၀န်ကြီးတို့အနေနဲ့ ဒီလိုတွေရှိတယ်ဆိုတာရော သိပါသလား။ အရေး ယူဆောင်ရွက်မှု မရှိဘူးလားရှင်။သိတာကာလ အတော်ကြာပါပြီ။ ဒီနယ်စပ်တွေမှာ တရားမ၀င်သစ်ခိုး ထုတ်မှုတွေ နှစ်စဉ် နှစ်စဉ်ဖြစ်နေတယ်ဆိုတာ အများကြီး သိပါတယ်။
သိတဲ့အလျောက်လည်း ၀န်ကြီးဌာနအနေနဲ့ တတ်နိုင်သလောက် ထိန်းသိမ်းကာကွယ်ခြင်းတွေ လုပ်နေပါ တယ်။ ဥပမာပြောရရင် တရုတ်သံအမတ်ကြီး (အရင်သံအမတ်)နဲ့ တွေ့တုန်းက နယ်စပ်တွေမှာ ဒီလိုတွေ ဖြစ်နေတယ်။ မြန်မာနိုင်ငံတော်ဘက်က အများကြီးနစ်နာတယ်။ငွေရေးကြေးရေးနဲ့ တွက်ရင် လည်း နစ်နာသလို ငွေရေးကြေးရေးနဲ့ ရေတွက်လို့ မရတဲ့အင်မတန် တန်ဖိုးကြီးတဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို ပျက်စီးစေတယ်။ ပျက်သုဉ်းစေတယ်။ ဒါလေးတွေကိုတော့ တရုတ်နိုင်ငံကလည်း ပြောပေး ပါဆိုပြီး ပြောခဲ့ ပါတယ်။ အရင်အစိုးရလက်ထက် ၀န်ကြီးမဖြစ်မီ ဒီဦးဆောင်ညွှန်ကြားရေးမှူးဘ၀က အရင်ဝန်ကြီးနဲ့ တရုတ်နိုင်ငံ ခရီးစဉ်အဖြစ် တရုတ်နိုင်ငံကိုရောက်ခဲ့ပါတယ်။ အဲဒီတုန်းကလည်း ဒါလေးတွေကို တားဆီးပေး ဖို့ ပြောခဲ့ပါတယ်။ တစ်ဆက်တည်းမှာလည်း ယူနန်ပြည်နယ်အစိုးရ နဲ့တွေ့တုန်းကလည်း တားမြစ်ပေး ဖို့ နှစ်ကြိမ် အရေးဆိုခဲ့ဖူးပါတယ်။
သစ်အလုံးလိုက် တင်ပို့မှုကို ၂၀၁၄ ခုနှစ်ကျမှ ရပ်မယ်ဆိုပေမယ့် ဒီလိုသစ်ခိုးထုတ်လုပ်မှုတွေကြောင့် သစ်တောတွေ ကုန်သလောက်ရှိပြီလို့ပြောနေကြပါတယ်။ အဲဒီအတွက်ရော ၀န်ကြီးမှာ အဖြေရှိပါသလား။
ဒီလို မပြောကြဘဲနဲ့ သေချာစာရင်းဇယားနဲ့ ပြောကြရင် ပိုကောင်းပါတယ်။ မြန်မာနိုင်ငံမှာ သစ်တောဖုံး လွှမ်းမှုနဲ့ သစ်တောကြိုးဝိုင်း ကြိုးပြင်ကာကွယ်တော ဖွဲ့စည်းမှုသဲကွဲဖို့ လိုတာပေါ့။ အချို့က မကွဲဘူးဖြစ်နေ
တယ်။ မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှု ၄၆ ဒသမ ၉ ရာခိုင်နှုန်းရှိတယ်။ ၂၀၁၀ ပြည့်နှစ်က ကုလသမ ဂ္ဂစားနပ်ရိက္ခာအဖွဲ့က ထုတ်ပြန်ကြေညာထားတဲ့ ထုတ်ပြန်ချက်ပါ။ ဒါကလည်း ဒီအတိုင်းထုတ်ပြန်ထားတာ မဟုတ် ဘူး။ သေချာကောင်းကင်ဓာတ်ပုံတွေ ကြည့်ပြီးထုတ်ပြန်ထားတာပါ။ အဝေးစူးစမ်းခြင်းတွေ သုံး ပြီး မြန်မာနိုင်ငံရဲ့ သစ်တောသယံဇာတကို တွက်ချက်ထားတာပေါ့။ ဒါပေမဲ့ ကာလတိုတစ်ခု အတွင်း မှာတော့ ပြုန်းတီးမှုက မြန်တယ်။
ဆယ်နှစ်အတွင်းလောက်မှာပဲဖြစ်ဖြစ် လျင်မြန်သောနှုန်းနဲ့ သူကပြုန်းတီးလာတာ မှန်တယ်။ ပြုန်းတီးတာ လည်း အမျိုးမျိုးရှိတာပေါ့။ တရားဝင်နှစ်စဉ်နှစ်စဉ် တွက်ချက်ပြီး သစ်ခုတ်တာလည်း ရှိသလို တရားမ၀င် သစ်ခိုးခုတ်မှုတွေလည်းရှိတယ်။ အခုလိုမျိုး နယ်စပ်မှာ အတိုင်းအဆမရှိ သစ်ခိုးခုတ်တာတွေ လည်း ရှိတော့ မြန်မာနိုင်ငံရဲ့ ဆယ်စုနှစ်အတွင်း သစ်ပြုန်းတီးမှုတွေ မြန်တယ်ဆိုတာမှန်ပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုက ၄၆ ဒသမ ၉ ရာခိုင်နှုန်းကျန်ပါသေးတယ်။ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောအဖြစ် ဥပဒေအရ ကာကွယ်ထားတာ ၂၄ ဒသမ ၆ ရာခိုင်နှုန်း ရှိပါတယ်။ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောက အဲဒီလောက်၊သစ်တောဖုံးလွှမ်းမှုက ဒီလောက်မဟုတ်ဘူး။ မဖွဲ့ရသေးတဲ့ သစ်တော ၄၆ ဒသမ ၉ ရာခိုင်နှုန်း ရှိပါတယ်။
ဒါက ၂၀၁၀ စာရင်းဆိုတော့ ဒီဘက်သုံးနှစ်တာအတွင်းမှာ ဘယ်လောက် ကျန်ဦးမယ်လို့ ထင်ပါသလဲ။
သာမန်အားဖြင့်တော့ ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီပေါ့နော် တိုင်းပြည်ရဲ့ အနေအထားကလည်း သစ်တော ကဏ္ဍကနေ ၀င် လာမယ့် နိုင်ငံခြားငွေ အဲဒီအပေါ်မှာ သိပ်ပြီးတော့ မှီခိုအားထားစရာမလိုတော့ဘူး။ မလိုတဲ့
အတွက်ကြောင့်မို့ ၀န်ကြီးဌာနအနေနဲ့ သစ်တောသယံဇာတကို ခုတ်လှဲပိုင်းဖြတ်ဖို့ အရမ်းကြီး အားစိုက် ထုတ်စရာ မလိုတော့ဘူး။ တစ်ချိန်တုန်းကတော့ ဟုတ်ပါတယ်။ တိုင်းပြည်ရဲ့ ၀င်ငွေဟာ သစ်တောသ ယံဇာတအပေါ်မှာ မှီခိုနေရတယ်ဆိုတာ မှန်ပါတယ်။ အခုတော့ မလို ပါဘူး။ နိုင်ငံတော် သမ္မတ ကလည်း ငွေရေးကြေးရေးကို ရှာပေးဖို့ထက် ရေရှည်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ သစ်တောတွေ ထိန်းသိမ်း ဖို့ အာရုံစိုက်ပါလို့ လမ်းညွှန်မှာကြားထားပါတယ်။ သစ်လုံးတွေ အများကြီးပို့ဖို့ မခိုင်းထားဘူး။ သမ္မတ ခိုင်းတာက သစ်တောသယံဇာတကို ထိန်းသိမ်းဖို့ပဲ ခိုင်းထားပါတယ်။
အခုဆိုရင် ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ တော်တော်စဲသွားပါပြီ။ ဒါပေမဲ့ နည်းနည်းတော့ ကျန်သေး တာပေါ့။ ၀န်ကြီးကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေမှာ ပါနေတယ်။ ဒီလိုရပ်စဲနေတဲ့ အချိန်မှာ ကချင်၊ ရှမ်းပြည်နယ်တွေက တောရိုင်းတိရစ္ဆာန်နဲ့ ဇီဝမျိုးစုံကြွယ်ဝတဲ့ ဒေသလည်းဖြစ်တော့ ၀န်ကြီးတို့ ဌာနအနေနဲ့(သို့မဟုတ်)အင်န်ဂျီအိုအနေနဲ့ ရပ်ထားရတဲ့ ထိန်းသိမ်းရေးလုပ်ငန်းတွေ ပြန်စပြီလား။ သစ်ခိုးခုတ်မှုတွေ တင်းကျပ်စွာ တားမြစ်ဖို့ အစီအစဉ်တွေရော ရှိနေပြီလား။
ဝန်ကြီးဌာန တစ်ခုအနေနဲ့ ကတော့ လက်နက်ကိုင်အဖွဲ့အစည်း မရှိတဲ့ဌာနတစ်ခုဖြစ်တော့ နယ်မြေမအေး ချမ်းတဲ့ နယ်မြေမှာ ထမ်းဆောင်ဖို့ဆိုတာခက်ခဲပါတယ်။ ဥပဒေ လက်လှမ်းမမီမှု၊ နယ်မြေမအေးချမ်းမှု ရှိနေသမျှကာလပတ်လုံး အဲဒီနေရာတွေကို တာဝန်ယူလို့ မရတဲ့အခြေအနေ ဖြစ်နေတယ်။ ဒါပေမဲ့ သံတမန်နည်းလမ်းနဲ့ အထက်အကြီးအကဲများထံ တင်ပြတာတို့။ လက်လှမ်းမီသမျှ ကချင်ပြည်နယ်အတွင်း ဖမ်းဆီးထားတာတွေ ရှိပါတယ်။ ဒီအ တိုင်း လက်ပိုက်ကြည့်နေတာတော့ မဟုတ်ပါဘူး။ အသက်စွန့် ပြီး ဖမ်းထားကြတာပါ။ တိုက်ပွဲ တွေ ဖြစ်နေတဲ့ မန်စီမြို့နယ်အ တွင်းက သစ်တောဝန်ထမ်းတွေကို ဗန်းမော်မြို့မှာ အကုန်လုံးပို့ထားရတယ်။ သစ်တောဝန်ထမ်းတွေ မလုံခြုံပါဘူး။ မလုံခြုံပေမဲ့လည်း လက်လှမ်း မီသလောက် အသက်စွန့်ပြီး ဖမ်းဆီးတာပါ။ အသက်ပေးခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ် ။ ဖြစ်စဉ်ကတော့ ရွှေလီမဘိန်းထဲမှာ ဖြစ်သွားတာပါ။ သစ်တောဝန်ထမ်းနှစ်ဦး အသက်ပေးခဲ့ရတယ်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနအနေနဲ့ အခုလတ်တလော မြန်မာနိုင်ငံမှာ အရေးတကြီးဖြေရှင်း ဖို့လိုတဲ့ သဘာဝပတ်ဝန်းကျင် ပြဿနာက ဘာဖြစ်မယ်လို့ ထင်ပါသလဲ။ အဓိကဖြေရှင်းရမယ့် ပြဿနာလို့ တော့ မမြင်ဘူး။ ဘာလို့ မမြင်လဲဆိုတော့ သိပ်ကောင်းနေတယ်လို့တော့ ပြောတာမဟုတ်ပါ ဘူး။ နိုင် ငံရေးအခြေအနေအရ ကမ္ဘာ့အသိုင်းအ၀ိုင်းနဲ့ အဆက်အစပ် နည်းခဲ့တယ်ဆိုပေမယ့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေး ကိစ္စတွေမှာ ဒေသအတွင်းမှာပဲဖြစ်ဖြစ်၊ ကုလသမဂ္ဂမှာပဲဖြစ်ဖြစ်၊ ကွန်ဗင်းရှင်းမှာ ပဲဖြစ်ဖြစ် ဒီလိုကိစ္စမျိုးမှာတော့ နောက်မကျသေးပါဘူး။ မြေပေါ်သယံဇာတကလည်း တခြားနိုင်ငံတွေ ထက်စာရင် ကောင်းပါသေးတယ်။ တိုင်းပြည်က သိပ်ပြီးမဖွံ့ဖြိုးသေးတာ ဖြစ်တဲ့အ တွက်ကြောင့် မြေပြင် ၊ လေပြင်၊ ရေပြင်တွေမှာ ညစ်ညမ်းမှုဖြစ်နေတာလည်း နည်းပါသေးတယ်။ သို့သော် နည်းတယ်ဆို ပြီး အေးဆေးနေပြီး စိတ်လျှော့ထားလို့တော့ မဖြစ်ဘူးလေ။ အဲဒါကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေကို ရေးဆွဲခဲ့ပါတယ်။ ဥပဒေနဲ့အညီ ရင်းနှီးစိုက်ထုတ်လုပ်ကိုင်ကြပါလို့ ပြောချင်ပါတယ်။
အခုဆိုရင် Google Earth က ကြည့်ရင် မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှု ဧရိယာဟာ တစ်နှစ်ပြီး တစ်နှစ်လျော့လျော့လာနေပြီလို့ ပြောနေကြသလို ကမ္ဘာပေါ်မှာ သစ်တောပြုန်းတီးမှု အများဆုံးလေးနိုင်ငံ စာရင်းမှာ တောင်ပါနေပါပြီ။ အဲဒီလို ပြုန်းတီးမှုတွေ ရပ်တန့်အောင် ၀န်ကြီးအနေနဲ့ ဘယ်လိုတားဆီးမလဲ။
ဒီလို ပြုန်းတီးမှုတွေကိုလည်း တရားမ၀င် သစ်ခိုးထုတ်လုပ်မှုတွေကိုလည်း တတ်နိုင်သမျှ ဥပဒေအရ လက်လှမ်းမီတဲ့နေရာတွေက ၀န်ထမ်းတွေရဲ့ အခြေခံစိတ်ထားကအစ ပြောင်းပြီးမှ မိမိရဲ့ တာဝန်ကို လျစ်လျူမရှုနဲ့ငွေရေး ကြေးရေး လာဘ်လာဘနောက် မလိုက်နဲ့ ဥပဒေအရ ကာကွယ်ပါ တားဆီးပါလို့ ဌာနအတွင်းမှာ အပြင်းအထန်ဆုံး တိုက်တွန်းပြီး ဆောင်ရွက်နေတဲ့ ကာလဆိုတော့ တစ်ဖက်ကလည်း အလုပ်လုပ်သွားမယ်။ တစ်ဖက်ကလည်း ပြုန်းတီးသွားတဲ့ သစ်တောတွေ ပြန်စိုက်ဖို့ ဌာနကလုပ်သ လို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလည်း ဖိတ်ခေါ်နေတယ်။ ဒီလို လုပ်လာလို့ရှိရင် သစ်တောသယံဇာတတွေ တိုးမြင့် လာမယ်လို့ မြင်ပါတယ်။
အခု ထုတ်ထားတဲ့ မြေလွတ်မြေရိုင်း ဥပဒေအရ မြေလွတ် မြေရိုင်းအဖြစ်ရောက်နေ တဲ့ မြေတော်တော် များများဟာ သစ်တောဖုံးလွှမ်းမှုတွေရှိတယ်လို့ ပညာရှင်တွေက ပြောနေကြသလို မြေလွတ် မြေရိုင်းအဖြစ် သတ်မှတ်ခံထားရတော့ ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေကို နေရာချထားပေးမှာကို စိုးရိမ်နေကြတယ်။ လက်ရှိမှာ ၀န်ကြီးကိုယ်တိုင်ကလည်းမြေယာမူဝါဒရေးရာ ရေးဆွဲနေတော့ ဒီမြေလွတ် မြေရိုင်း ထဲ ရောက်နေတဲ့ သစ်တောဖုံးလွှမ်းမြေတွေကို ဘယ်လိုလုပ်ဖို့ စီစဉ်ထားပါသလဲ။
တို့ဝန်ကြီးဌာနရဲ့ ရည်မှန်းချက်က တိုင်းပြည်တစ်ခုလုံးရဲ့ ၃၀ ရာခိုင်နှုန်းကို သစ်တောဥပဒေနဲ့ စီမံအုပ်ချုပ်ဖို့ အနှစ် ၃၀ စီမံကိန်း ရှိတယ်။ ဒါဆိုရင် ဒီနေရာတွေကို ဘာလို့ မလုပ်သေးတာလဲလို့ မေးစရာရှိတာပေါ့။ ဥပဒေနဲ့ လက်လှမ်းမီတဲ့နေရာတွေမှာတော့ ကြိုးဝိုင်းတောတွေ၊ ကြိုးပြင်တောတွေ ကာကွယ်လို့ ပြီးပါပြီ။ သို့သော် အကြောင်းကြောင်းကြောင့် နယ်မြေမအေးချမ်းသေးလို့ အစီအစဉ် လုပ်ဖို့ဆိုတာ ခက်ခဲပါတယ်။ အဲဒါကြောင့် တချို့နယ်မြေတွေမှာ ကြိုးဝိုင်းတွေ၊ ကြိုးပြင်တွေ မသတ်မှတ်ရသေးပါဘူး။ ကြိုးဝိုင်း၊ ကြိုးပြင်မသတ်မှတ်ရသေးရင် အဲဒီနေရာတွေက မြေလွတ် မြေရိုင်းထဲပါ တာပါ။ ဒါပေမဲ့ အဲဒီနေရာတွေမှာ သစ်တောတွေ ကောင်းပါသေး တယ်။ သစ်တောကြိုးဝိုင်းဖွဲ့စည်းဖို့က အခြေအနေမပေးသေးလို့။ ဒီလိုတွေ ကျန်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ သမင်မွေးရင်းကျားစားရင်းဖြစ်နေတဲ့ ဖြစ်ရပ်တွေလည်း ရှိပါတယ်။ အခုသတ်မှတ်ထားတဲ့ ကြိုးဝိုင်းထဲမှာ လူနေအိမ်တွေရှိလာလို့ ကြိုးဝိုင်းက ပယ်ဖျက်လိုက်ရတာတွေလည်း ရှိတယ်။
အခု ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက်မှာ ဖြစ်ပျက်နေတဲ့ သစ်ခိုးထုတ်မှုတွေနဲ့ပတ်သက်ပြီး ကေအိုင် အို၊ ကေအိုင်အေတို့ကို ပူးပေါင်းပါဝင်ဖ 7Day သတင်းစာနဲ့ ဂျာနယ်ကတစ်ဆင့် ဘာတွေ ပြောချင်တာ များရှိပါသလဲ။တစ်ဖက်နိုင်ငံကို တရားမ၀င် ခိုးထုတ်မှုတွေ လုပ်နေတဲ့သူတွေကို ပြောချင်တာ ရေတိုကို မကြည့်စေချင်ဘူး။ ရေရှည်သွားမယ့် ကိစ္စပါ။
သစ်တောသယံဇာတတွေ ပြုန်းတီးသွားလို့ရှိရင် ရာသီဥတု ပြောင်းလဲတာတို့၊ စားနပ်ရိက္ခာ ရှားပါးလာ တာတို့ ကို ဒီဒေသမှာနေတဲ့ ဒီလူတွေပဲ ခံစားရမှာပါ။ နောင်မျိုးဆက်အထိ ခံစားရမှာပါ။ အတိုင်းဆမရှိ မခုတ်လှဲကြပါနဲ့။ သေချာစနစ်တကျ တွက်ချက်ပြီး လုပ်ကြပါ။ ဘယ်လိုအကြောင်းအမျိုးမျိုးနဲ့မှ သစ်တောတွေကို အသုံးမချကြပါနဲ့။ အခွန်ငွေရဖို့ပဲဖြစ်ဖြစ် မလုပ်ကြပါနဲ့။ ခဏတာငွေရရှိမှုကို ကြည့်ပြီး ခွင့်မပြုပါနဲ့။
ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။
7Day News Journal

No comments:
Post a Comment