Sunday, May 19, 2013
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယ သ မ္မတဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပ မည့် ဒုတိယ အကြိမ်မြောက် အာရှ-ပစိဖိတ်
ဒေသဆိုင်ရာ ရေထိပ်သီး အစည်းအဝေး နှင့် ဗန်ကောက် မြို့၌ ကျင်းပမည့် (၁၀)ကြိမ်မြောက် ကုလသမဂ္ဂ ဗုဒ္ဓနေ့ အထိမ်းအမှတ် အခမ်းအနားသို့
တက်ရောက်ရန် မေ ၁၈ ရက်နေ့ ညနေ(၃)နာရီတွင် မြန်မာ့လေကြောင်းအထူးလေယာဉ်ဖြင့် ရန်ကုန်မြို့မှ ချင်းမိုင်မြို့သို့ ထွက်ခွာသွားသည်။
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေနှင့်တိုင်းဒေ သကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးနှင့် ဌာနဆိုင်ရာတို့မှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ဒုတိယသမ္မတနှင့်အတူ ဒုတိယဝန်ကြီး ဦးခင်ဇော်၊ ဒေါက်တာ ဒေါ်သက်သက်ဇင်နှင့် ဌာနဆိုင်ရာအကြီးအ ကဲများ လိုက်ပါသွားကြသည်။
http://www.president-office.gov.mm/zg/briefing-room/news/2013/05/18/id-3386

No comments:
Post a Comment