Tuesday, May 28, 2013

မဒေးကျွန်း ဆန္ဒပြခေါင်းဆောင် ၁ဝ ဦး ထပ်မံရုံးထုတ်

Tuesday, May 28, 2013
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ တရုတ်ရေနံ ပိုက်လိုင်းစီမံကိန်းကြောင့် နစ်နာနေ မှုတွေ အ တွက်တောင်းဆို ဆန္ဒပြခဲ့ကြ တဲ့ခေါင်းေ ဆာင် ၁၀ ဦးကို ကျောက်ဖြူတရားရုံးမှာ ဒီကနေ့ ထပ်မံရုံးထုတ်ခဲ့ပါတယ်။ ဒီကနေ့ ရုံးချိန်းဟာ အာဏာ ပိုင်တွေဘက်က တရားလိုပြသက်သေတွေ ကို စစ်ဆေးမယ့်ရုံးချိန်း ဖြစ်ပါတယ်။ ဒါပေမယ့် တရားစွဲတဲ့ဖက်က တရားလိုပြ သက်သေတွေ မ လာတာကြောင့် ဇွန်လ ၃ ရက်နေ့ကို ထပ်မံချိန်းဆိုခဲ့ရတယ်လို့ တရားစွဲဆိုခံထားရသူတွေထဲက တစ်ဦးဖြစ် တဲ့ ဦးထွန်းကြည်ကပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ အကောင်အထည်ဖော်နေတဲ့ တရုတ်ရေနံပိုက်လိုင်းစီမံ ကိန်းကြောင့် နစ်နာနေမှုတွေအတွက် ဒေသခံ ၄၀၀ ကျော်လောက်က ပြီးခဲ့တဲ့ လ က မဒေး ကျွန်းပေါ်မှာရှိတဲ့ CNPC ရုံးရှေ့မှာ တောင်းဆိုဆန္ဒပြခဲ့ကြတာဖြစ်ပါ တယ်။ ဒါကိုခွင့်ပြုချက်မရဘဲ ဆန္ဒပြ တယ်ဆိုပြီး ကျောက်ဖြူမြို့နယ် ရဲမြို့နယ်မှူး ဦးကျော်ဌေးက ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခြင်းဆိုင် ရာဥပဒေ ပုဒ်မ(၁၈)နဲ့ တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။

RFA Burmese

No comments: