Wednesday, May 22, 2013
သြစတြေးလျနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက လာ မယ့်နှစ်ကျရင် Afghanistan က သြ စတြေးလျ စစ်တပ်တွေပြန်လည် ရုတ်သိမ်းတော့ မယ် တဲ့အပေါ် သြစတြေးလျအနေနဲ့ အာရှပစိ ဖိတ်ဒေသအတွင်း ပိုမိုအရေးပေးလာမယ် လို့အဓိ ပ္ပါယ် သက်ရောက်ကြောင်း ဆိုပါတယ်။ သြစတြေး လျနိုင်ငံ ကာကွယ်ရေးဝန်ကြီး Stephen Smith အာဖဂန်နစ္စတန်မှာရှိတဲ့ သြစတြေးလျ စစ်သားတွေဆီးသွားရောက်တွေ့ဆုံစဉ်
အခုဆိုရင် သြစတြေးလျကာကွယ်ရေးဝန်ကြီး Stephen Smith က အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel နဲ့တွေ့ဆုံဖို့ မြို့တော်ဝါရှင်တန်မှာ ရောက်ရှိတာဖြစ်ပါတယ်။
ကာကွယ်ရေးအတွက် အကြာခင်မှာပဲ အရင်းအမြစ်တွေ ပိုမိုရရှိ လာတော့မှာဖြစ်တယ်လို့ ကာကွယ်ရေး ၀န်ကြီး Stephen Smith ကပြောပါတယ်။
Afghanistan က တပ်တွေကို ပြန်လည်ရုတ်သိမ်းလိုက်မယ်ဆိုရင်တောင်ပစိဖိတ်နဲ့ အရှေ့တောင် အာရှတွေမှာ ပိုမိုပူးတွဲတိုးချဲ့ လုပ်ကိုင်နိုင်မှာဖြစ်သလို ဒါဟာ အရေးကြီးတဲ့ လုပ်ငန်းတရပ်ဖြစ် တယ်လို့ လည်း ပြောကြောင်း သိရပါတယ်။
ABC Radio Australia

No comments:
Post a Comment