15-5-2013
ကိုလံဘိုမေ ၁၄ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ေ ပ်ါနေသော မုန်တိုင်းကြောင့် သီရိလင်္ကာ နိုင် ငံတွင် မေ ၁၄ ရက်က မိုး သည်းထန်စွာရွာ သွန်းမှုဖြစ် ပွား ခဲ့ရာ ခုနစ်ဦး သေဆုံးခဲ့ပြီး ပြည်သူ ၁၆ဝဝ ကျော် မုန်တိုင်းဒဏ် ခံစား ခဲ့ရကြောင်း အာဏာပိုင်အဖွဲ့ မှအရာရှိတစ်ဦး ကပြောကြားခဲ့ သည်။မဟာစင်အမည်ရှိအဆိုပါမုန်တိုင်းကြောင့် ရေ ကြီးမှုများဖြစ်ပွားခဲ့ပြီး သစ်ပင်များပြိုလဲခဲ့သည့်အပြင် အရှေ့ဘက်နှင့်တောင် ဘက်ပိုင်း ပင်လယ်ကမ်းခြေ တွင် ငါးဖမ်းသမားများ သောင်တင်လျက်ရှိသည်ဟုသိရသည်။နိုင်ငံအတွင်း မေ ၁၃ ရက်က မုန် တိုင်းကြောင့် ရေကြီးမှု ဖြစ်ပွားခဲ့ရာ ခုနစ်ဦး သေဆုံးခဲ့ပြီး အခြားရှစ်ဦး ဒဏ်ရာရရှိခဲ့ကာ ပြည်သူ ၁၆၁၈ ဦးသည် ရေကြီးမှုဒဏ်ကို ခံစားရလျက်ရှိကြောင်း သဘာဝ ဘေး အန္တရာယ် စီမံခန့်ခွဲရေးဌာန (DMC)မှ ထုတ်ပြန်သော မှတ်တမ်းများ အရ သိရသည်။
From....မြ၀တီ

No comments:
Post a Comment