Thursday, May 23, 2013
မြန်မာနိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးမှုဟာ အသင့်အတင့် အရှိအဟုန်ရနေပြီဖြစ်တဲ့အတွက် နောင်မှာဆက်ပြီး ဖွံ့ဖြိုးလာဦးမယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF က ခန့်မှန်းပြောဆိုလိုက် ပါတယ်။ IMF ရဲ့ စီမံခန့်ခွဲမှုဒါရိုက်တာ Christine Lagarde မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုဟာ ပြီး ခဲ့တဲ့ဘဏ္ဍာနှစ်အတွင်းမှာ ဖွံ့ဖြိုးမှုနှုန်း ၆.၅ ရာ ခိုင်နှုန်းရှိခဲ့သလို ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်မှာ ၆.၇၅ ရာခိုင်နှုန်းထပ်ပြီး ကြီးထွားလာမယ်လို့ IMF က မနေ့က ခန့်မှန်းချက် ထုတ်ပြန်လိုက် တာဖြစ်ပါတယ်။ မကြာသေးခင်က မြန်မာနိုင်ငံကို သွားရောက်လေ့လာပြီးနောက်မှာ အခုလို ထုတ်ပြန်ခဲ့ တာ ဖြစ်ပါတယ်။
သဘာဝဓါတ်ငွေ့ရှာဖွေဖေါ်ထုတ်မှုတွေနဲ့ တခြားနိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကြောင့် စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ကြီးထွားလာတာဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံအတွင်း ဘဏ္ဍာရေးလိုငွေပြမှုနဲ့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုပ်နှံမှုကရလာတဲ့အကျိုးအမြတ်ကို ချိန်ထိုးနှိုင်းဆကြည့်ရင် အကျိုးအမြတ်ဖက်က သာလိမ့်မယ် လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထားတွေ နဲ့ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာဥပဒေတွေ ပြောင်းလဲသတ် မှတ်ခဲ့တာသာမက အခွန်တိုးမြှင့်ကောက်ခံမှုတွေကပါ ရလာတာတွေကို အချိန်ကာလကြာမြင့်စွာ လစ်လျူရှု ထားခဲ့တဲ့ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေအတွက် သုံးစွဲနိုင်လာမယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်က မြန်မာအစိုးရသတင်းဌာနတွေရဲ့ ထုတ်ပြန်ချက်တွေ အရ ပြည်တွင်းနဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဟာ တစ်နှစ်အတွင်းမှာပဲ ငါးဆအထိတိုးလာခဲ့တာဖြစ်ပြီး ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းအမျိုးအစား ၉၄ မျိုးအတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတန်ဖိုး ဒေါ်လာသန်း ၁,၄၀၀ (သန်းတစ်ထောင့်လေးရာ) ရှိခဲ့တယ်လို့ AFP သတင်းဌာနက ဖေါ်ပြခဲ့ပါတယ်။
လာမယ့်ဘဏ္ဍနှစ်အတွင်းမှာ မြန်မာအစိုးရအနေနဲ့ ဗဟိုဘဏ်နဲ့ပတ်သက်တဲ့ ဥပဒေသတ်မှတ်မှုပြု တာအပါအဝင် ဖွံ့ဖြိုးမှုဆိုင်ရာတွေ ဆက်လုပ်သွားမယ်လို့ မျှော်လင့်တဲ့အကြောင်း IMF ရဲ့ ထုတ်ပြန်ချက် မှာပါရှိပါတယ်။မြန်မာနိုင်ငံအခြေစိုက်ရုံးခန်း မကြာခင်ဖွင့်လှစ်သွားဖို့လည်း ရှိနေပြီး မြန်မာနိုင်ငံကို နည်း ပညာဆိုင်ရာအထောက်အပံ့နဲ့ အကူအညီတွေဆက်ပေးသွားမယ်လို့လည်း ဆိုပါတယ်။
ABC Radio Australia

No comments:
Post a Comment