Thursday, May 23, 2013

Microsoft က မိတ်ဆက်လိုက်သည့် Xbox One

Microsoft ကုမ္ပဏီသည် မျိုးဆက်သစ် Xboxဂိမ်း စက်အဖြစ်XboxOneကိုစတင်မိတ်ဆက် ပြသလိုက် ပြီ ဖြစ်သည်။ အထူးစီစဉ်ထားသည့် Halo TV Show တွင် Microsoftက အသံနှင့် ခြေဟန်လက် ဟန်တို့ဖြင့် ထိန်းချုပ်မှုတွင် ပိုမို တိကျ ကောင်းမွန် လာသလို စွမ်းဆောင်ရည်ပိုင်းမြင့်မားလာသည့် Xbox Oneကို သရုပ်ပြခဲ့သည်။ အဆိုပါ ဂိမ်း စက်များကို ယခုနှစ်ကုန်ပိုင်းတွင် စတင်ရောင်းချရန် ရည်ရွယ်ထားသည်။ Microsoftသည် ဒီဇိုင်းပိုင်း ကြီးကြီးမားမား ပြောင်းလဲလိုက်သည့် ခြေဟန် လက်ဟန် ထိန်းချုပ်မှုစနစ် Kinect အသစ်ကိုလည်း မိတ်ဆက် ပြသခဲ့သလို Smart Glass ထိန်းချုပ်
စနစ်သစ်ကိုလည်း ပုံစံသစ်ဖြင့် ပွဲထုတ်လာသည်။

Planet Myanmar Network

No comments: