Tuesday, May 21, 2013

ပထမအကြိမ်ပြည်သူ့လွှတ်တော်၌ မေးခဲ့ဖူးသော Super Custom ကားများ ပြဿနာ တရားရုံးရောက်ပြီ

Tuesday, May 21, 2013
ပထမအကြိမ်ပြည်သူ့ လွှတ်တော် စတုတ္ထပုံမှန် အစည်း အဝေး၌ကြယ် ပွင့်ပြမေးခွန်းအဖြစ် မေး ခဲ့သော “ယခင်အစိုးရ လက်ထက်ပြည်ပ က တရား
မ၀င် တင်သွင်းလာပြီး စက်မှုဇုန်ထုတ် Super Custom (MPV) ကားများ ဟုဆိုတာရောင်းချခဲ့ သည့်ပြဿနာ အတွက်မန္တလေးမြို့ ခရိုင်တရားရုံး တွင် စတင်စစ်ဆေးနေပြီး သက်သေ ခံထွက် ဆိုနေရပြီဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ်ဦးသိန်းညွန့် ကပြောပါ သည်။ ပြည်ပမှ တရားမ၀င်တင်သွင်းပြီး ပြည်တွင်းစက်မှုဇုန်ကားထုတ်လုပ်ရေးကုမ္ပဏီများက စက်မှုဇုန် ထုတ် Super Custom ကားများဟု လိမ်လည်ရောင်းချခဲ့သော ကားများကို စက်မှုဝန်ကြီးဌာနက ဒဏ်ရိုက်ခဲ့ရာဒဏ်ကြေးပေးဆောင်မှုနှင့် ပတ်သက်ပြီး ကားဝယ်သူနှင့် ကားရောင်းသူများအကြားတရား စွဲဆိုမှုများ နိုင်ငံတစ်ဝန်းလုံးဖြစ်ပွားခဲ့ပါသည်။

အဆိုပါပြဿနာအတွက် ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး၌ှSuper Custom ကားများနဲ့ ပတ်သက်၍ ကြယ်ပွင့်ပြမေးခွန်းမေးခဲ့ဖူး သော ဦးသိန်းညွန့်အား မေးမြန်းရာတွင် ပထမ အကြိမ်ပြည်သူ့ လွှတ်တော်မှာ ဒီကိစ်္စအတွက် မေးခဲ့တယ်။ ယခင်အစိုးရလက်ထက်က Super Custom (MPV)စက်မူစုန်ထုတ်တွေဟာ တကယ်တော့ ပြည်တွင်းမှာ ထုတ်တာမဟုတ်ဘူး။ ပြည်ပက တရားမ ၀င်ခိုးသွင်းလာတယ်။ စက်မှုဝန်ကြီး ဌာနရဲ့ ညွန်ကြားချက်ကိုလည်း လိုက်နာမှုမရှိဘူး ကားဝယ်ထားသူတွေ
ကားရောင်းသူများအကြား တရားစွဲဆိုမှုများ တစ်နိုင်ငံလုံးဖြစ်ပွားနိုင်တယ်။ ယခုအချိန်မှာ ဒဏ်ကြေးငွေပေး သွင်းခဲ့ရတဲ့ ၀ယ်ယူသူများနဲ့ ဒဏ်ငွေမသွင်းနိုင်တဲ့ လိုင်စင်မဲ့ကားများကို ပိုင်ဆိုင်တဲ့ ကားဝယ်သူများ အတွက် စက်မှုဝန်ကြီးဌာနက ဘယ်လို ဆောင်ရွက်မလဲ။ ပြည်တွင်းက လုပ်ငန်းရှင်များအတွက်တော့ ဒဏ်ကြေးကို လိုက်လျောညီတွေရှိတယ်။ နစ်နာသူ Super Custom အဲဒီမေးခွန်ထုတ်ခဲ့တဲ့ အကျိုးဆက်က မဖြေရှင်းနိုင်တော့ တရား ရုံးရောက်ပြီး ဒါပထမဦးဆုံးအမူလို့ ပြောရမှာဘဲ။ ကျွန်တော်က သက်သေ ခံထွက်နေရပြီ ပြဿနာတစ်ခုကို ကျွန်တော့်အနေနဲ့ကတော့ ကြီးကျယ်စေချင်ဘူး။ ကြီး တာသေး အောင်သေး တာပပျောက်အောင်ဘဲ ကျွန်တော့်အနေနဲ့ခံယူထားတယ်။ ဒါကြောင့်လဲ လွှတ်တော်မှာ ကျွန်ပေးခဲ့တာ လွှတ်တော်မှာက ကိစ္စမျိုးဘဲဖြစ်ဖြစ်ပေးခွင့်ရတာကိုကပြည်သူတွေအတွက် အခက်အခဲဒုက္ခကို တင်ပြနေရတယ်ကူညီ နေတာတယ်လို့ဘဲ မှတ်ချက်ပြု ချင်ပါတယ်”ဟုဆိုပါသည်။



ထိုပြဿနာများထဲက AMA ကုမ္ပဏီက ထုတ်လုပ်သော Super Custom ကားကိုဝယ်စီးခဲ့ သူတစ်ဦးက ယခုအခါ ၎င်းကုမ္ပဏီ ထုတ် Super Custom ကားအတွက် ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ ၁၃၀၀၀ ပေးဆောင်ရန်ပြဿနာကြောင့် မန္တလေးခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ကြောင်း သိရသည်။

၎င်းကိစ္စအတွက် (၁၆.၅.၂၀၁၃) ရက်နေ့တွင် မန္တလေးခရိုင်းတရားရုံးသို့တရားရုံတက်ခဲ့သော Super Custom ၀ယ်စီးခဲ့သူဦးရဲမြင့်အား မေးမြန်းရာတွင် “ဒီအမူနဲ့ ပတ်သက် ပြီး The Voice ထဲမှာ ပါပြီးသားပါ အမူအခြေအနေနဲ့ ပတ်သက်ပြီး အမှန်တရားဆိုတာပေါ်မှာပါ ဘယ်သူတွေကမှန်တယ်။ ဘယ်သူ တွေက မှားတယ်ဆိုတာ တစ်နေ့ တရားရုံးက ဆုံးဖြတ်မှာပါ”ဟု မှတ်ချက်ပြုပြောကြားသွားကြောင်း သိရှိရပါသည်။

The Hot News

No comments: