Thursday, November 7, 2013
ချစ်သုဝေက လင်းလင်းရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ပရိသတ်တစ်ဦးအနေနဲ့ သွားရောက် အားပေးရင်းနဲ့ ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် ‘နားလည်မှု’ သီချင်းကို လင်းလင်းနဲ့ စုံတွဲသီဆိုခဲ့ပါတယ်။ သီဆိုခဲ့ရပုံကို ချစ်သုဝေက “ပွဲက ဖေဖေလည်း သွားတယ်ဆိုတော့ ထရီဇာလည်း လိုက်သွားတယ်။ ဖေဖေက ဒူးခွဲစိတ်ထားရပေမယ့် သူတအားကြည့်ချင်တော့ ထရီဇာတို့ ညီအစ်နှစ်ယောက်စလုံး လိုက်သွားတယ်။ ကြော်ငြာထားတာက Solo Show ပွဲလေ။ ဆိုဖို့လည်း အစီ အစဉ်မရှိဘူး။
သီချင်းကလည်း Dream Lover တီးဝိုင်းနဲ့ တိုက်မထားဘူး။ အဲဒီနေ့မှာပရိသတ်က’နားလည်မှု’ ကို တအားတောင်းတယ်။ ချစ်သုဝေ နားလည်မှုဆိုပြီး ထရီဇာ နာမည်ကို တအားအော်တယ်။ အစ်ကိုက အစကတော့သူလည်း မကြားချင်ယောင်ဆောင်ပြီး ဆက်ဆိုနေတာပေါ့။ ဒါပေမဲ့ ကိုယ့်နာမည်လည်း အော်တယ်။ သီချင်း နာမည်လည်း အော်ပြီး တောင်းတော့ အစ်ကိုက စင်ပေါ်ကခေါ်လိုက်တယ်။ ထရီဇာကလည်းစင်ဘေးတင် ကပ်ကြည့်နေတာ။ စင်ပေါ်ကနေ ရုတ်တရက်ခေါ်တာ ဆိုတော့အောက်က ပရိသတ်တွေကလည်း အပြည့်ပဲ။
စိတ်ထဲမှာထူပူပြီးတက်သွားတာစလွယ်သိုင်းအိတ်ကြီးတောင်ပါသွားတယ်။ဒါလေးက အမှတ် တရဖြစ်သွား တာပေါ့” လို့ပြောပါတယ်။ ဝါကျွတ် အချိန်အခါမှာ ချစ်သူစုံတွဲတွေ အနေနဲ့ မင်္ဂလာ ပွဲဆင်နွှဲကြတာ ကြောင့်ချစ်သုဝေရဲ့ မင်္ဂလာ သတင်းကိုလည်းမေး တော့ “အားလုံးစီစဉ် ပြီးရင် ပရိသတ်တွေကို ပြောပြမှာပါ။ Personal တွေကို ပြောပြလေ့မရှိဘူးဆိုတာက ဘာမှမဟုတ်ဘဲ ဂယက်တွေထတာ၊ အပြောများ တာတို့ဖြစ်မှာစိုးလို့။ ဒါပေမဲ့ သေသေချာချာ Plan တွေလုပ်၊ အကုန်လုံးတိတိကျကျဖြစ် သွား ရင် အရင်ဆုံးစပြီးပေးသိမယ့် သူကထရီဇာ့မိဘပြီးရင်ထရီဇာ့ ပရိသတ်တွေပါပဲ။ အမျိုးစုံ ပြော နေကြတာတော့ ထရီဇာ ပြန်ကြားပါတယ်။ထရီဇာပရိသတ်တွေကို ကတိပေးနိုင်တာ တစ်ခုရှိတယ်။ ထရီဇာ့ပရိသတ် ဆိုတာထရီဇာ့ ကျေးဇူးရှင်ပါပဲ။မိဘပြီးသွားရင်အသိပေးမယ့်သူကထရီဇာ့ပရိသတ်ပါပဲ။ ရက်စွဲ တိကျတဲ့အခါ၊ နေရာတိကျတဲ့အခါ၊လုပ်မယ့်ပုံစံတွေတိကျတဲ့အခါ အသိပေးပါ့မယ်။ ထရီဇာက သိပ်ပြီး ကြိုတင် စီစဉ်ရတာ ကိုတော့မကြိုက်ဘူး။ ထရီဇာ လုပ်ရင်တော့ဝုန်းဒိုင်းကြီး ထလုပ်ဖြစ်မယ် ထင်ပါရဲ့” လို့ ပြောပါတယ်။
ခိုင်ဝေလွင်
Popular Journal
No comments:
Post a Comment