Friday, January 24, 2014
ကော့သောင်းမြို့ ၊သီရိမြိုင်ရပ်ကွက် ၊ ကော့သောင်းမြို့ အ၀င်ဆိုင်းဘုတ် အနီး ကော့သောင်း ဘုတ်ပြင်း ကားလမ်းဘေး တောင်စောင်း တစ်လျှေက် စည်းကမ်းမဲ့ စွန့်ပစ်ထားသည့် လမ်းဘေးအမှိုက်ပုံမှ ဇန်န၀ါရီ ၂၃ ရက် နံနက် ၉ နာရီ ခန့်က မီးလောင်မှု ဖြစ်ပွားသည်။
အဆိုပါ မီးလောင်ကျွမ်းသည့် တောင်စောင်းနေရာ တစ်လျှောက်တွင် ကော့သောင်းမြို့တွင်းသို့ သွယ်တန်း ထားသည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ တယ်လီဖုန်းကြိုး နှင့် GSM ဖိုင်ဘာကေဘယ် ကြိုးများ သွယ်တန်း ထားရှိသည့် နေရာဖြစ်သဖြင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ ၊ အရံ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်သိ ရပ်ကွက် ပြည်သူများ အချိန်မှီ ၀ိုင်းဝန်းငြိမ်းသတ် ကြရာ နံနက် ၁၁ နာရီခန့်တွင် ငြိမ်းသတ်နိုင်ခဲ့သဖြင့် တယ်လီဖုံး ကေဘယ်ကြိုးများသို့ ကူးစက်လောင်ကျွမ်း မှု မရှိ ခဲ့ခြင်းဖြစ်သည်။
အဆိုပါ မီးလောင်ကျွမ်းမှု နှင့်ပတ်သက်၍ ဆုံးရှုံးမှု မရှိ သော်လည်း ယမန်နှစ် မတ်လ အတွင်း က အဆိုပါ အမှိုက်ပုံမှ ယခု ကဲ့သို့ မီးလောင်ကျွမ်း ခဲ့သဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းပိုင် GSM ဖိုင်ဘာ ကေဘယ်ကြိုးများ မီးအရှိန်ကြောင့် ပျော်ကြပျက်စီးမှု ဖြစ်ခဲ့ဖူး ကြောင်းသိရသည်။
ကြေးမုံသတင်းစာ
No comments:
Post a Comment