Thursday, January 23, 2014

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ်ခရီးစဉ်


Thursday, January 23, 2014
ချင်းတောင်တန်းဒေသကနေ  မကြာသေးခင်ကမှပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က မနက်ဖြန် ရှမ်းကုန်းပြင်မြင့်ကို သွားပါတော့မယ်။ 

မနက်ဖြန်ညနေပိုင်း ဟဲဟိုးမြို့ကို လေယာဉ်နဲ့ ရောက်မယ်၊ အဲဒီကနေမှ  နမ့်ဆန်မြို့ကို သွားမယ်၊ နမ့်ဆန်မှာညအိပ်ရပ်နားပါမယ် တဲ့။  

နောက်တနေ့ စနေနေ့မှာတော့  နမ့်ဆန်၊ မိုးနဲ၊ လင်းခေးမြို့များမှာ လူထုဟောပြောပွဲများကျင်းပပြုလုပ်သွားမယ်၊ လင်းခေးမှာ အဲဒီည ရှိပါမယ်။ 

ဟောပြောပွဲအစီအစဉ်များ
(၁) နမ့်ဆန်ဘောလုံးကွင်း -  နံနက် ၉:၀၀  
(၂) မိုးနဲဘောလုံးကွင်း - နံနက် ၁၁:၃၀  
(၃) လင်းခေးဘောလုံးကွင်း -  ညနေ ၃:၀၀  

အဓိကဟောပြောမယ့် အကြောင်းအရာကတော့ ၂ဝဝ၈ အခြေခံဥပဒေ ပြင်ဆင်ရေး ဖြစ်ပါလိမ့်မယ်။

တနင်္ဂနွေနေ့မှာတော့ လာလမ်းအတိုင်း  ဟဲဟိုးကို ပြန်မယ်လို့ ဆိုတယ်။ 

ဟဲဟိုးကနေ နေပြည်တော်ကို လေကြောင်းခရီးနဲ့ ပြန်မှာပါ။

ခရီးစဉ်အတွင်း ဟဲဟိုးနဲ့နီးတဲ့မြို့တွေကို မရွေးဘဲ အတော်ကလေးလှမ်းတဲ့မြို့တွေကို ဘာကြောင့် ရွေးချယ်ရသလဲ ဆိုတာကတော့ စဉ်းစားစရာပါပဲ။ 

အဲဒီမြို့တွေက သူ မရောက်ခဲ့တဲ့မြို့တွေလည်း ဖြစ်နိုင်ပါတယ်။
သို့တည်းမဟုတ် NLD ကို ထောက်ခံမှု အားနည်းတဲ့မြို့တွေလည်း ဖြစ်နိုင်ပါတယ်။နမ့်ဆန်၊ မိုးနဲ၊ လင်းခေးမြို့များကို လေ့လာချင်တဲ့အတွက်ကြောင့်လည်း ဖြစ်ပါလိမ့်မယ်။

သေချာတာကတော့ ... လတ်တလော အဲဒီမြို့တွေမှာ ရာသီဥတု အင်မတန် အေးလွန်းတယ်၊ အအေးဓာတ် ပိုကဲလွန်းတယ် ဆိုတာပဲ ဖြစ်ပါတယ်။ 

ဧရာဝတီ 

No comments: