Friday, March 07, 2014
သူတစ်ပါးအပေါ် “မတရားအောင်နိုင်ခြင်း”
မှန်သမျှ “အပြင်အောင်နိုင်ခြင်း”။
အပြင်အောင်ခြင်းသည် ကြွေးမကင်း ၊
ကိုယ်တစ်လှည့် ပြန်ခံရဖို့
အကြောင်းတရားဖြစ်သည်။
ကြွေးပြန်ဆပ်တဲ့အချိန်ကျတော့
အတိုးနဲ့အညွန့်နဲ့ အဆပေါင်းများစွာ ပြန်ခံရမယ်။
ဒီတော့ အပြင်မှာ တစ်ခါနိုင်တိုင်း သံသရာမှာ
အကြိမ်ကြိမ်ရှုံးရလိမ့်မယ်။
လူတစ်ယောက် ကို ဒုက္ခပေးလိုက်ရလို့
ကိုယ်က နိုင်ပြီမထင်ပါနဲ့။
“ဒေါသ”က နိုင်သွား တာပါ။
ခိုင်းသလို လုပ်လေ “ဒေါသ” က
“ရောင့်တက်လေ”။
“အပြင်တစ်ခါနိုင်တိုင်း အတွင်း တစ်ခါရှုံး။”
ဒီနှုန်းနဲ့ သံသရာခရီးသွားခဲ့ကြလို့ 
အောက်ရပ်အပါယ်ဘုံတွေမှာ ရေစုန်မျောနေတာ။
မကြိုက်စိတ် “ ဒေါသ” ဖြစ်ပေါ်လာချိန် “သတိ” နဲ့သာ
စောင့်ပြီး အနိုင်သတ်နိုင်ခဲ့ရင်
အတွင်းရန် ဒေါသကိုလည်းအောင်ပြီးသား၊
အပြင်ရန်ကိုလည်း အမုန်းပွားစရာ
မလိုတော့လို့ အောင်ပြီးသား။
“အတွင်းကိလေသာ”ကို အောင်နိုင်ခြင်းသာလျှင်
အစစ်အမှန် အောင်နိုင်ခြင်း..။
-(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)
credit to : Young Buddhist's Association
သူတစ်ပါးအပေါ် “မတရားအောင်နိုင်ခြင်း”
မှန်သမျှ “အပြင်အောင်နိုင်ခြင်း”။
အပြင်အောင်ခြင်းသည် ကြွေးမကင်း ၊
ကိုယ်တစ်လှည့် ပြန်ခံရဖို့
အကြောင်းတရားဖြစ်သည်။
ကြွေးပြန်ဆပ်တဲ့အချိန်ကျတော့
အတိုးနဲ့အညွန့်နဲ့ အဆပေါင်းများစွာ ပြန်ခံရမယ်။
ဒီတော့ အပြင်မှာ တစ်ခါနိုင်တိုင်း သံသရာမှာ
အကြိမ်ကြိမ်ရှုံးရလိမ့်မယ်။
လူတစ်ယောက် ကို ဒုက္ခပေးလိုက်ရလို့
ကိုယ်က နိုင်ပြီမထင်ပါနဲ့။
“ဒေါသ”က နိုင်သွား တာပါ။
ခိုင်းသလို လုပ်လေ “ဒေါသ” က
“ရောင့်တက်လေ”။
“အပြင်တစ်ခါနိုင်တိုင်း အတွင်း တစ်ခါရှုံး။”
ဒီနှုန်းနဲ့ သံသရာခရီးသွားခဲ့ကြလို့ 
အောက်ရပ်အပါယ်ဘုံတွေမှာ ရေစုန်မျောနေတာ။
မကြိုက်စိတ် “ ဒေါသ” ဖြစ်ပေါ်လာချိန် “သတိ” နဲ့သာ
စောင့်ပြီး အနိုင်သတ်နိုင်ခဲ့ရင်
အတွင်းရန် ဒေါသကိုလည်းအောင်ပြီးသား၊
အပြင်ရန်ကိုလည်း အမုန်းပွားစရာ
မလိုတော့လို့ အောင်ပြီးသား။
“အတွင်းကိလေသာ”ကို အောင်နိုင်ခြင်းသာလျှင်
အစစ်အမှန် အောင်နိုင်ခြင်း..။
-(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)
credit to : Young Buddhist's Association

No comments:
Post a Comment