Sunday, March 09, 2014

ကြေးနီစီမံကိန်းအနီး လယ်မြေများပေါ်တွင် စီမံကိန်းကြီးမှ မြေများကို ဖြတ်သန်း သယ်ယူပို့ ဆောင်ရာတွင် ဒေသခံများမှမကျေနပ်

Sunday, March 09, 2014

ကြေးနီစီမံကိန်းအနီး မူလ၀က်မှေး ကျေးရွာပိုင် လယ်မြေများပေါ်တွင် မတ်လ (၈) ရက်နေ့၊ နေ့လယ်(၂) နာရီအချိန်က ကန်ထရိုက်ရယူထားသည့် ကုမ်္ပဏီများ၏စီမံ ကိန်းကြီးမှ မြေများကို ဖြတ်သန်း သယ်ယူပို့ ဆောင်ရာတွင် ဒေသခံများမှမကျေနပ်သဖြင့် သက်ဆိုင်ရာကုမ်္ပဏီမှကားများကိုဒေသခံများ မှ သွားရောက်ဝိုင်းဝန်းတားဆီးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကန်ထရိုက်ကုမ်္ပဏီများမှ မြေ သယ်ကားများသည် ကြေးနီစီမံကိန်းမှ မြေ များကို လက်ပံတောင်းကျေးရွာ၊ ရွှေထီး ဆောင်း ဘုရားဝင်းအတွင်း ပြန်လည်ဖို့မည် ဖြစ်သည့်အတွက် နီးစပ်ရာ မူလ၀က်မှေးကျေး ရွာလမ်းကြားမှ မောင်းနှင်ဖြတ်သန်းခြင်းဖြစ် ပြီး ဒေသခံများမှ မကျေနပ်သဖြင့် ယခုကဲ့သို့ တားဆီးဝိုင်းရံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ““လမ်းလည်းပေါက်နေတာ မဟုတ် ဘူး။ သက်သက်မဲ့ကို စိုက်ပျိုးလို့ မရအောင် လာပြီး တမင်ဖျက်ဆီးနေတယ်။ ပုံမှန်လမ်းမ ကြီးအတိုင်း မောင်းလို့ရနေတာကို ဒေသခံ တွေရဲ့ လယ်မြေတွေအပေါ်ကနေ ဖြတ်သန်း သွားဖို့လုပ်တယ်။ မကျေနပ်လို့ အားလုံးဝိုင်း ပြီး တားဆီးတယ်။ ကန်ထရိုက်ပိုင်ရှင်တွေ လိုက်လာပြီးဖြေရှင်းကြပေမယ့် နောက်တစ် ခါ လယ်မြေတွေထဲကို လုံးဝ မဖြတ်ပါဘူးလို့ ဒေသခံတွေကို ခံဝန်ပေးပြီးမှ ပြန်ခိုင်းမယ် လို့ ပြောတာကို သူတို့က အာဏာပိုင်တွေကို ဖုန်း ဆက်ပြီး ပြောနေတယ်။ လက်ပံတောင်း ဆရာ တော် တည်တဲ့ဘုရားအတွက်ပါလို့ ပြော ပြန် တယ်။
လက်ပံတောင်းဆရာတော်က လက်ပံ တောင်းတောင်တွေကို တရုတ်နဲ့ပေါင်းပြီး လက်ညှိုးထိုး ရောင်းစားသွားလို့ အခုလို ဒေသခံတွေက ဘ၀ပျက်မတက် ကျန်နေခဲ့ရ တယ်။ ဒါကြောင့်ကို ဖြတ်သန်းခွင့်မပြုခဲ့တာ ပါ””ဟု မူလ၀က်မှေးကျေးရွာမှ မသွဲ့သွဲ့ဝင်း က ပြောသည်။ အဆိုပါ လက်ပံတောင်း ကျေးရွာ ဆရာ တော်သည် ယခင်အစိုးရလက်ထက်မှစ၍ ပြည်ထောင်စု အဆင့် ၀န်ကြီးများနှင့် တိုင်း ဒေသကြီး ၀န်ကြီးများ ကိုးကွယ်နေသည့် ဆရာတော်တစ်ပါး ဖြစ်သည်။ အဆိုပါ ဆရာတော် တည်ထားသည့် ရွေထီးဆောင်း စေတီတော်မြတ်ကြီး ဘုရားပရ၀ုဏ်အတွင်း မြေဖို့ခြင်းလုပ်ငန်းများဆောင်ရွက်ရာ ကြေးနီ စီမံကိန်းမှ မြေများဖြင့် သယ်ယူမြေဖို့နေခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဖြတ်သန်းသွားလာမှုကြောင့် ဒေသခံများမှ မြေသယ်ကားများကို ၀ိုင်းဝန်း တားဆီးထားသဖြင့် ညနေ (၆း၃၀) နာရီအ ချိန်တွင် သက်ဆိုင်ရာ ညောင်ပင်ကြီး ရဲစခန်း မှူးမှ လာရောက်ဖြေရှင်းပေးခဲ့ပြီး၊ ကန်ထရိုက် ကားများကို နောက်နောင် မူလ၀က်မှေးကျေး ရွာ ပိုင်လယ်မြေများပေါ်တွင် ဖြတ်သန်းခြင်း မပြုလုပ်ပါဟု ၀န်ခံကတိပေးကာ ပြန်လည် မောင်းနှင်ခွင့် ပြုခဲ့ကြောင်း သိရသည်။

Messenger News Journal

No comments: