Saturday, March 08, 2014
ကွာလာလမ်ပူမြို့ကနေ ဘေဂျင်းမြို့ကို ပျံသန်းတဲ့ မလေးရှား လေကြောင်းပိုင် ဘိုးရင်း ၇၇၇ လေယာဉ်တစ်စီး ပျောက်ဆုံး သွားတဲ့အတွက် ဒေသတွင်း နိုင်ငံတွေက ပူးပေါင်း ရှာဖွေနေပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၂၃၉ ယောက် ပါဝင်ပါတယ်။
လေယာဉ်တက်ပြီး ၂ နာရီအကြာမှာ အဆက်အသွယ် ပြတ်တောက်သွားပြီး ပျက်ကျတာ ဟုတ် မဟုတ်ကို မလေးရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီး ကတော့ အတည်မပြုသေးပါဘူး။ကွာလာလမ်ပူမြို့ကနေ ဘေဂျင်းမြို့ကို ပျံသန်းတဲ့ မလေးရှား လေကြောင်းပိုင် ဘိုးရင်း ၇၇၇ လေယာဉ်တစ်စီး ပျောက်ဆုံး သွားတဲ့အတွက် ဒေသတွင်း နိုင်ငံတွေက ပူးပေါင်း ရှာဖွေနေပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၂၃၉ ယောက် ပါဝင်ပါတယ်။
လေယာဉ်ပေါ်မှာ လိုက်ပါသွားသူ လူမျိုး ၁၄ မျိုးအနက် တရုတ်လူမျိုး အများဆုံး ပါဝင်ပါတယ်။
မလေးရှား လေကြောင်း အနေနဲ့ ဘေးအန္တရာယ် စိတ်ချရတဲ့ ခရီးစဉ် ပျံသန်းမှု မှတ်တမ်းကောင်း ရှိပြီး ၁၉၇၇ ခုနှစ်တုန်းက အဆိုးရွားဆုံး ပျက်ကျမှု ဖြစ်ခဲ့ဖူးပါတယ်။
BBC Burmese

No comments:
Post a Comment