Sunday, March 09, 2014

ကရိုင်း မီးယား ပြည်သူ့ ဆန္ဒ ခံယူပွဲ ကိစ္စ တည်ငြိမ် စွာဖြေရှင်း ကြရန် ကုလ သမဂ္ဂ အကြီး အကဲ တိုက်တွန်း

Sunday, March 09, 2014

ကရိုင်း မီးယား ဒေသ ကို ယူကရိန်း မှ ခွဲထွက်ပြီး ရုရှား နှင့် ပူးပေါင်း သင့် မသင့် ပြည်သူ့ ဆန္ဒ ခံယူပွဲ ကျင်း ပရန် ကရိုင်း မီးယား လွှတ်တော် က စီစဉ် နေခြင်း သည် တင်းမာမှု များ ပိုမြင့် တက်လာ စေသည့် စိုးရိမ် ဖွယ် ကိစ္စ တစ်ရပ် ဖြစ်ကြောင်း ကုလ သမဂ္ဂ အတွင်း ရေး မှူးချုပ် ဘန်ကီမွန်း က ထုတ်ပြန် ပြောကြား လိုက် သည်။
မတ်လ ၁၆ ရက်နေ့တွင် ပြည်သူ့ဆန္ဒခံ ယူပွဲကျင်းပရန် စီစဉ် နေခြင်း နှင့် ပတ်သက်ပြီး ယူကရိန်း အာ ဏာ ပိုင်များရော ကရိုင်းမီးယား မှ အာဏာပိုင် များနှင့် ရုရှား အာဏာပိုင် များပါ တည်ငြိမ် စွာ ဖြေရှင်း စေလို ကြောင်း ဖြင့် မစ္စတာ ဘန်ကီမွန်း၏ ပြောရေးဆိုခွင့်ရှိသူက ထုတ် ပြန်ပြောကြားလိုက်သည်။ ဆုံးဖြတ်ချက်များ အလျင်စလို အပူ တပြင်း မချမှတ်ကြဖို့ တိုက်တွန်းလိုကြောင်း ဖြင့် ကုလပြောရေး ဆိုခွင့်ရှိသူ မာတင် နက် ဆာ ကီ က ပြောကြားလိုက်သည်။ ကရိုင်းမီးယား လွှတ်တော်၏ ဆုံးဖြတ်ချက်နှင့် ပြည်သူများ ၏ သဘောထား ဆန္ဒ ကို လေးစားတန်ဖိုးထား ကြရမည်ဖြစ်ကြောင်း ရုရှားလွှတ်တော်နှစ်ရပ် ၏ အကြီးအကဲများက ပြောကြား ထား သည်။

ဥရောပသမဂ္ဂသည်လည်း ရုရှားကို ပိတ်ဆို့ အရေးယူ မှုများ ပြုလုပ်ရန် စီစဉ် လျက် ရှိပြီး တစ်ချိန်တည်း မှာ ပင် ယူကရိန်းကို ရုရှား နှင့် ကင်းလွတ်သွားစေမည့် ဥရောပသမဂ္ဂ-ရုရှား ကုန်သွယ်ရေး ပူးပေါင်းဆောင် ရွက် မှု သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန်လည်း ကြိုး ပမ်းလျက်ရှိသည်။ လာမည့် မေလ ၂၅ ရက် နေ့တွင် ယူကရိန်း၌ ရွေးကောက်ပွဲများ ပြန် ကျင်းပတော့မည်ဖြစ်သည်။

Source: AFP

No comments: