Monday, September 01, 2014

ဓမ္မစေတီခေါင်းလောင်းဟုယူဆရသည်ကို သံမဏိကြိုးများဖြင့် ချည်နှောင်နေပြီဟုဆို



Monday, Setember 1, 2014

ဓမ္မစေတီခေါင်းလောင်း တွေ့ရှိထားပြီဟု ကြေညာအပြီး ခြောက်ရက်မြောက်နေ့တွင် ဓမ္မ စေတီခေါင်းလောင်းကြီးဟုယူဆ ရသောအရာကို သံမဏိကြိုးများဖြင့် ချည်တုပ်နေပြီး ဆက်လက်ကြိုးစားနေကြောင်း ပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်ဝင်းကပြောသည်။


ဓမ္မစေတီခေါင်းလောင်း စတင်ဆယ်ယူရန်ကြိုးပမ်းမှု ၂၃ ရက်ပြည့်မြောက်ပြီဖြစ်ပြီး ကုန်း ပေါ်ရောက်မှသာ ဓမ္မစေတီခေါင်း လောင်းအစစ်ဟုတ်၊ မဟုတ် သမိုင်းပညာရှင်များက စစ်ဆေး ကြမည်ဖြစ်ကြောင်း ၎င်းက ပြော သည်။

‘‘ဦးစံလင်းက ဖုန်းဆက် တယ်။ ကျန်းကျန်းမာမာရှိတယ်။ ပြည်သူတွေကို မေတ္တာနဲ့ခဏ စောင့်ပေးပါလို့ပြောတယ်’’ဟု ဦးကြည်ဝင်းက ရှင်းပြသည်။

ဓမ္မစေတီခေါင်းလောင်းကြီး ဟု ယူဆရသည့်အရာကို သံမဏိကြိုးများဖြင့် ချည်နှောင်နေပြီး ကုန်းပေါ်သို့တင်၍ သက်သေပြရန်ကြိုးစားနေကြောင်း၊ ဆလုံရေငုပ်သမားများတွေ့ရှိသည့် အရာမှာ ဗော်ယာများဟု သတင်းထွက်ပေါ်နေခြင်းမှာ မဟုတ်မှန်ကြောင်း ပြန်ကြားရေးအဖွဲ့က ပြောသည်။

‘‘ဒုတိယကမ္ဘာစစ်မတိုင်မီက သင်္ဘောချည်တဲ့ ဗော်ယာတွေ ရန်ကုန်မြစ်ထဲမှာ သူ့အဆင့်နဲ့သူ အများကြီးရှိတယ်။ ပင်လယ်ကူး သင်္ဘောတွေချည်တဲ့ ဗော်ယာဆို ရင် A Class သတ်မှတ်ထား တယ်။ အချင်းက ၁၀ ပေလောက် ရှိတယ်။ အဲဒါမျိုးတွေ ရေဝင်ပြီး တော့ မြုပ်သွားတာတွေ၊ မဆယ် နိုင်တော့လို့ နုန်းအောက်ရောက် သွားတာတွေ အများကြီးရှိတယ်။ ဒီဗော်ယာကြီးတွေက ခေါင်း လောင်းကြီးနဲ့ ထုထည်တူနိုင် တယ်။ အလေးချိန်ကတော့တူမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆို တော့ ဒီဗော်ယာကြီးတွေက အထဲက ဘာမှမပါဘူး။ အပေါ်မှာ ချည်တဲ့ကွင်းပါတယ်။ ဒါကြောင့် အခုခေါင်းလောင်းရှာတဲ့ ရေငုပ် သမားတွေအနေနဲ့ ဒီဗော်ယာ အဟောင်းတွေကို ကြိုးသိုင်းပြီး တွေ့ပြီလို့ပြောနေတယ်လို့ထင် တယ်’’ဟု ရေကြောင်းအရာရှိချုပ် ဟောင်း စည်သူဦးကျော်သိန်းလွင် က ဧရာဝတီသတင်းဌာနနှင့် အင် တာဗျူးတွင် ဖြေကြားထားသည်။

မြစ်ရေအောက်ကြမ်းပြင် အောက် ၁၇ ပေခန့်အထိ သောင် တူးစက်ဖြင့်တူးနေပြီး အကျယ် ပေ ၈၀ နှင့် ပေ ၁၀၀ ပတ်လည် တူးနေခြင်းဖြစ်နိုင်ကြောင်း၊ သောင်တူးစက်က ယင်းနေရာ တစ်ဝိုက်ကိုသာနေ့စဉ် ရှေ့တိုး နောက်ဆုတ်တူးနေခြင်းဖြစ်ကြောင်း လုံခြုံရေးတာဝန်ယူထားသူများနှင့် လှေသမ္ဗန်သမားအချို့ ထံမှ သိရသည်။

‘‘အတိအကျလုပ်နေတာ။ တစ်နေရာတည်းလုပ်နေတာ။ ဒီ တစ်နေရာတည်း ရှေ့တိုးနောက် ဆုတ်လှည့်တူးနေတာ။ ဟိုနေရာ စမ်းစမ်း၊ ဒီနေရာစမ်းစမ်းတူးတာ မဟုတ်ဘူး။ တစ်နေရာတည်းလှဲ့ တူးနေတာ’’ဟု လှေသမ္ဗန်သမား ဦးဇင်ဘိုက ဆိုသည်။

7Day Daily
ဓမ္မစေတီခေါင်းလောင်း ရေငုပ်ရှာဖွေပြီး ပြန်တက်လာသူတစ်ဦးကို ဆွဲတင်နေစဉ်၊ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

No comments: