Monday, October 13, 2014

မြန်မာလုပ်သားနှစ်ဦး၏ မိဘများအတွက် ထိုင်းတွင် လုံခြုံရေးတောင်းခံမည်

Monday, October 13, 2014

ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သား နှစ်ဦးထံသွား ရောက်မည့် မိဘဆွေမျိုးများ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း လုံခြုံ ရေးအတွက် အထူးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးရန် ထိုင်းနှင့် မြန် မာအာဏာပိုင်များထံ အကူအညီ တောင်းခံထားကြောင်း သတင်းရရှိသည်။


လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ တရားခံများဟု ထိုင်းရဲ ကစွပ်စွဲကာ ထိန်းသိမ်းခံထားရသည့် မြန်မာနှစ်ဦး၏ မိသားစုဝင်များသည် ရခိုင်ပြည်နယ်မှ အောက်တိုဘာ ၁၂ ရက်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ပြီး ထိုင်းနိုင်ငံရှိ ၎င်းတို့၏သားများထံ သွားရောက်တွေ့ဆုံရန်ကြိုးစားနေခြင်းဖြစ်သည်။ ၎င်းတို့အတွက် ပုဂ္ဂလိကလုံခြုံရေးအဖွဲ့များ ငှားရမ်းသွားရန်စီစဉ်နေကြောင်း လိုက်ပါကူညီသူများကပြောသည်။

မြန်မာလုပ်သားနှစ်ဦး၏ မိဘများသည် ထိုင်းနိုင်ငံသို့မသွား ရောက်မီ ရန်ကုန်မြို့၌ သတင်း စာရှင်းလင်းပွဲတစ်ခုပြုလုပ်သွား မည်ဖြစ်သည်။ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက ငှားရမ်း ထားသော ထိုင်းရှေ့နေနှစ်ဦးက မြန်မာလုပ်သား နှစ်ဦး၏ မိဘများကို ခေါ်ဆောင်ရန် အကြံပြုသောကြောင့် ခေါ်ဆောင်ခြင်းဖြစ်သည်။

‘‘ထိုင်းရှေ့နေတွေကို အမှု အပ်ရင် မိသားစုဝင်တွေရဲ့ သဘောတူညီချက်ယူရမှာရယ်။ အခုလို ပူဆွေးသောကရောက်နေတဲ့အချိန်မှာ လူသားတွေအနေနဲ့ မိသားစုဝင်တွေကို တွေ့ချင်မှာ ဖြစ်တယ်။ သူတို့မိသားစုတွေ အချင်းချင်းဆိုရင်ပိုပြီး ယုံယုံကြည်ကြည်နဲ့ ပွင့်ပွင့်လင်းလင်းပြောနိုင် တယ်။ လိုအပ်တဲ့ သတင်းအချက် အလက်တွေပိုရနိုင်တယ်။အဲဒါ ကြောင့် ဒီကိုလာဖို့ ခေါ်လိုက်တာ ပါ။ ကျွန်တော်တို့ ရှေ့နေတွေ ကလည်း ခေါ်ခိုင်းနေပါတယ်။ နောက်သူတို့ရောက်လာရင် အမှု တစ်စုံတစ်ရာထူးခြားမှုရှိနိုင်တယ် လို့ ရှေ့နေကပြောတယ်’’ဟု မြန် မာသံရုံးအထူးအဖွဲ့မှ ထိုင်းနိုင်ငံ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(FED) အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြော သည်။

ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦး၏ မိဘများသည် ရန်ကုန်မြို့တွင် ပတ်စပို့၊ ဗီဇာများပြုလုပ်၍ ယခုတစ်ပတ်အတွင်း ထိုင်းနိုင်ငံ သို့ သွားရောက်မည်ဖြစ်သည်။

‘‘ခရီးစရိတ်တွေကိုတော့ အလှူခံရဦးမယ်။ ကျောက်ဖြူမြို့ က သူဌေးတစ်ယောက်က လော လောဆယ် ဆယ်သိန်းလှူထား တယ်။ ဟိုက အဖွဲ့နဲ့ တိုင်ပင်ရဦး မှာပါ။ ကလေးတွေရဲ့ မိဘတွေကို ဦးထူးချစ်က လာခေါ်မယ်ပြော တယ်’’ဟု မြန်မာလုပ်သားနှစ်ဦး ၏ မိသားစုဝင်များအား ခေါ်ဆောင်ရန် စီစဉ်ပေးနေသော မြန်မာပြည်သူ့ဖိုရမ်လုပ်ငန်းအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးကျော်လင်းဦးကပြောသည်။

‘‘သားကိုတွေ့ချင်နေတယ်။ ကျွန်တော့်သားပြစ်မှုမကျူးလွန် လောက်ဘူးဆိုတာ ယုံတယ်။ ဒီ ကအဖွဲ့တွေ ကူညီပေးတာကို လည်း ကျေးဇူးအများကြီးတင် တယ်။ အစိုးရကို ကျွန်တော့်သား ကိစ္စ ကူညီပေးပါလို့ တောင်းဆိုချင်ပါတယ်’’ဟု ဖမ်းဆီးခံ မြန်မာလုပ်သား ကိုဝင်းဇော်ထွန်း၏ ဖခင်ဦးထွန်းထွန်းထိုက်က ပြောသည်။

ထိန်းသိမ်းခံမြန်မာလုပ်သား များ၏ မိဘများအား နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအတွက် နိုင်ငံတော်သမ္မတရုံးကနေ့ချင်းပြီး ဆောင်ရွက်နိုင်ရန် ကူညီပေးမည် ဟု နှုတ်ကတိရထားကြောင်း၊ မိဘများအား ထိုင်းနိုင်ငံရှိ ၎င်းတို့ သားများနှင့် တွေ့ဆုံရေးအတွက် ရက်ပိုင်းအတွင်း အသေးစိတ် အစီအစဉ်ကို ထုတ်ပြန်မည်ဖြစ် ကြောင်း ရခိုင်အမျိုးသားကွန် ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြောသည်။

ထို့အပြင် ထိန်းသိမ်းခံမြန်မာ လုပ်သားများ၏ မိဘများအား ပြည်ဝင်ခွင့်ရရှိရန်အကူအညီ ပေးမည်ဟု မြန်မာနိုင်ငံအခြေစိုက်ထိုင်းသံရုံးဘက်မှ ကမ်းလှမ်း ထားကြောင်း သတင်းရရှိသည်။

‘‘ကလေးတွေရဲ့ မိဘတွေက သွားဖို့၊ လာဖို့ ငွေကြေးအခက် အခဲရှိကြတယ်။ တစ်ယောက်မိဘ တွေဆိုရင် ကျောက်ဖြူကနေ ၁၂ မိုင်လောက်ဝေးတဲ့ မိချောင်းရေ သောက်ဆိုတဲ့ရွာက။ ရန်ကုန်လာ ဖို့တောင် နာရီပိုင်းအတွင်းစီစဉ် ကြရတာ။ ကျောက်ဖြူနဲ့ ရန်ကုန် က ရခိုင်စီးပွားရေးလုပ်ငန်းရှင် တွေရယ်၊ တခြားစေတနာရှင် တွေရယ် အကူအညီပေးပြီး စီစဉ် ရတာ’’ဟု ကျောက်ဖြူလူမှုကွန် ရက်မှ ပြန်ကြားရေးတာဝန်ခံ ဦးထွန်းထွန်းနိုင်ကပြောသည်။

လူသတ်မှုနှင့် ပတ်သက်၍ ထိန်းသိမ်းခံထားရသည့် ကိုဝင်း ဇော်ထွန်း၏ ဖခင်ကမူ ၎င်း၏ သား သည် မတရားဖမ်းဆီးခံထားရ ခြင်းဖြစ်ပြီး မိသားစုများ အမြန်ဆုံးပြန်လည်တွေ့ဆုံရေးအတွက် ကြိုးစားနေကြောင်း ပြောကြားခဲ့ သည်။

မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးကို လူသတ်တရားခံဟု ထိုင်းရဲက ပြောသော်လည်း ထိုင်း ပြည်သူများအပါအ၀င် မယုံမ ကြည်ဖြစ်သူများ တစ်နေ့တခြား များပြားလာသည့် လိပ်ကျွန်းလူ သတ်မှုကို စုံစမ်းရန် မြန်မာအစိုးရ က မြန်မာသံရုံးဒုတိယကောင်စစ် ၀န်ခေါင်းဆောင်သည့်အဖွဲ့ဝင် ကိုးဦးပါ မြန်မာစုံစမ်းရေးအဖွဲ့ကို အခင်းဖြစ်ပွားရာနေရာသို့ စေ လွှတ်ခဲ့သည်။

ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာ အစိုး ရထံ အစီရင်ခံစာတင်သွင်းခဲ့ပြီး မြန်မာဘက်ကလည်း ပြည် ထောင်စုအဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့စေလွှတ်ရန် ပြင်ဆင်လျက်ရှိ သည်။

မြန်မာနိုင်ငံသို့ အောက်တိုဘာ ၉ ရက်တွင် နှစ်ရက်တာ လာရောက်ခဲ့သည့် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာအား ယင်းလူသတ်မှုနှင့် ပတ်သက်၍ အဖြစ်မှန်စုံစမ်းပေးရန် မြန်မာအစိုးရခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများက ဖိအားပေးတောင်းဆိုခဲ့ကြသည်။

7Day News Journal

No comments: