Thursday, October 31, 2013

အာဆီယံဒေသတွင်း ပြေးဆွဲလျှက်ရှိသည့် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းပိုင် မကွေးသင်္ဘောအား မြန်မာ့သင်္ဘောကျင်း လုပ်ငန်း၌ လွန်းတင်ပြင်ဆင်


Thursday, October 31, 2013

မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းပိုင် မကွေးသင်္ဘောအား ကိုယ်ထည်ရေအောက်ပိုင်း ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် Surveyor ၏ စစ်ဆေးမှုကို ခံယူရန် မြန်မာ့သင်္ဘောကျင်းရှိ ၁၂၀၀၀ ရေလုံ သင်္ဘောကျင်း၌ လွန်းတင် ပြင်ဆင်နေကြောင်း သိရသည်။

မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းသည် ကမ်းရိုးတန်းသွား ခရီးသည်နှင့် ကုန်တင်သင်္ဘော ၈စင်း၊ အာဆီယံဒေသတွင်း နိုင်ငံများသို့ ကုန်တင်သင်္ဘော ၁၄ စီး စုစုပေါင်း သင်္ဘော ၂၂ စီးဖြင့် ပြေးဆွဲနေခြင်း ဖြစ်သည်။

လက်ရှိတွင် ဒေသတွင်း နိုင်ငံများအား ပြေးဆွဲနေသော ကုန်တင်သင်္ဘောဖြစ်သည့် မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းပိုင် မကွေးသင်္ဘောအား ပြင်ဆင်ပြုပြင်ရန်နှင့် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် အသိအမှတ်ပြု Lloyd's Class Surveyor ၏ စစ်ဆေးမှုကို ခံယူရန် မြန်မာ့သင်္ဘောကျင်းရှိ ၁၂၀၀၀ ရေလုံ သင်္ဘောကျင်း၌ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၂ ရက်မှ စတင်ကာ လွန်းတင် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း သိရသည်။

"သင်္ဘောရဲ့ ပကတိအခြေနေကို ကြည့်ပြီး တချို့သင်္ဘောတွေကို နှစ်နှစ်ခွဲတစ်ခါ၊ တချို့သင်္ဘောတွေကို ငါးနှစ်တစ်ခါ ပြုပြင်ပါတယ်။ ယခု မကွေးသင်္ဘောကတော့ ကိုယ်ထည်ပိုင်းနဲ့ စက်ပိုင်းဆိုင်ရာကို ပြုပြင်ဖို့ လွန်းတင်ခြင်း ဖြစ်ပါတယ်"ဟု မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ ဒုတိယ အထွေထွေမန်နေဂျာ ဦးမောင်မောင်စိုးက အောက်တိုဘာ ၂၉ ရက်က ပြောကြားသည်။

မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းသည် ကမ်းရိုးတန်းဒေသသို့ ခရီးသည်နှင့် ကုန်တင်သင်္ဘောများ ပြေးဆွဲနေပြီး၊ အာဆီယံ ဒေသတွင်း နိုင်ငံများသို့ ကုန်တင်သင်္ဘောများ ပြေးဆွဲနေသည်။ မြန်မာ့ ကြယ်ငါးပွင့် လုပ်ငန်းအနေဖြင့် လက်ရှိပြေးဆွဲနေသည့် သင်္ဘော ၂၂ စီးအပြင် သင်္ဘောများ ထပ်မံဝယ်ယူသွားရန် ရှိကြောင်းလည်း သိရသည်။

eleven media group

No comments: