Sunday, April 06, 2014

အိမ်ရှေ့လာရောက်အကူအညီတောင်းသော ဆန္ဒပြအဖွဲ့နှစ်ဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် ထွက်မတွေ့

Sunday, April 06, 2014
သိမ်းဆည်းခံမြေယာ ပြန်ရရေး တောင်းဆိုနေသော မိ ကျောင်းကန် သပိတ်စခန်းပြည်သူ များနှင့် သီလ၀ါမှ ပြည်သူအချို့ သည် ဧပြီ ၅ ရက်တွင် လူထု ခေါင်းဆောင်ဒေါ်အောင်ဆန်းစု ကြည်၏နေအိမ်သို့ လာရောက်အ ကူအညီတောင်းခံရာ ဒေါ်အောင် ဆန်းစုကြည်က လက်ခံတွေ့ဆုံ ခြင်းမရှိခဲ့ကြောင်း သတင်းရရှိ သည်။

သီလ၀ါလယ်ယာမြေသိမ်း ဆည်းခံရသူ ၂၅ ဦးက ဧပြီ ၅ ရက် နံနက် ၁၀ နာရီခွဲမှနေ့လယ် ၁ နာ ရီခွဲထိ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့သို့ လာရောက်စောင့် ဆိုင်းအကူအညီတောင်းခံရာတွင် ၎င်းက ထွက်တွေ့ခြင်းမရှိခဲ့ပေ။

ထို့အတူ ညနေ ၅ နာရီခွဲတွင် မိကျောင်းကန်ပြည်သူ တစ်ရာ ခန့်သည် ၎င်းတို့၏ မြေယာသိမ်း ဆည်းခံရမှုများနှင့်ပတ်သက်ပြီး လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ထံ လာရောက်အကူ အညီတောင်းခံရာ၌ ထွက်တွေ့ ခြင်း မရှိသောကြောင့်

ဒေါ်အောင်ဆန်းစုကြည်၏ အိမ် ရှေ့တွင် အထိုင်ချကာ ထွက်မ တွေ့မချင်း မပြန်ဟု ဆုံးဖြတ်ချက် ချကာ ဆန္ဒပြခဲ့ကြသည်။

သို့သော် ည ၇ နာရီခွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ မိသား စု ဆရာဝန်ဖြစ်သူ ဒေါက်တာတင်မျိုးဝင်း ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်ပင်ပန်းသောကြောင့် အနားယူနေသည့်အချိန်ဖြစ်ကြောင်း ကျန်းမာရေးအခြေအနေကြောင့် နောက်နေ့တွင် ရုံးသို့ လာရောက်စေလို ကြောင်း ပြောဆိုခဲ့သည်။ ထိုသို့ လာရောက်ပြောဆိုပြီး မိကျောင်း ကန်ပြည်သူများသည် ည ၈ နာရီ တွင် သပိတ်စခန်းသို့ ပြန်သွားကြ သည်။

‘‘ကျွန်တော်တို့ရဲ့ အခက်အ ခဲတွေကို လာပြီး တင်ပြ။ လာပြီး အကူအညီတောင်းခံတာပါ။ သူ့ ကို ဖိအားပေးပြီး လုပ်ခိုင်းနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ အားကိုးစရာဆိုလို့ သူတစ် ယောက်ပဲ ရှိပါတယ်။ အဲဒါ ကြောင့် လာတာပါ။ ကျွန်တော် တို့အတွက်နဲ့ သူ့ကျန်းမာရေးအ ထိခိုက်မခံနိုင်ပါဘူး။ ကျွန်တော် တို့ပြန်ပါ့မယ်’’ ဟု မိကျောင်းကန် သပိတ်စခန်းမှ သပိတ်ခေါင်း ဆောင်ဦးစိန်သန်းက ပြောကြားသည်။

၎င်းတို့သည် ဒေါ်အောင် ဆန်းစုကြည် အိမ်ရှေ့တွင် စောင့်ဆိုင်းစဉ်တွင် ‘‘အမေစု ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အမေစု သမီးတို့ကို ထွက်တွေ့ပါ’’စသည်တို့ အော်ဟစ်ခဲ့သည်။

မိကျောင်းကန်ပြည်သူများ ကို ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အဖွဲ့ခေါင်းဆောင် မိတ္တီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထိန်ဝင်းကလာရောက်၍ ‘‘အမေစုကလည်း မအားဘူး။ ဟိုနေ့ကလည်း တစ်ဖွဲ့လာသွားပြီ။ ဒီနေ့လည်း နေ့လယ်က တစ်ဖွဲ့လာသေးတယ်။ ဒီလိုလုပ်နေမယ်ဆိုရင် ဒီနေရာက ဆုံမှတ်ဖြစ်သွားနိုင်တယ်။ အဲဒါကြောင့် ပြန်ကြပါ။ နောက်နေ့မှ ရုံးကိုလာပြီး ရှင်းပြပါ။ အကူအညီတောင်းကြပါ။ အမေစုကလည်း မိကျောင်းကန်ပြဿနာအကြောင်းကို သိပါတယ်။ သူကတော့ ထွက်တွေ့မှာ မဟုတ်ပါဘူး’’ ဟု ပြောဆိုခဲ့သည်။

ဧပြီ ၃ ရက်က မရမ်းကုန်း ၆ ရပ်ကွက်ပြည်သူများသည် ၎င်းတို့ မြေယာသိမ်းဆည်းခံရမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ထံ လာ ရောက် အကူအညီတောင်းခံရာ ဒေါ်အောင်ဆန်းစုကြည်က အိမ် အပြင်ထွက်၍ တွေ့ဆုံကာ အတတ်နိုင်ဆုံး ကူညီပေးမည်ဟု ပြောဆိုခဲ့သည်။

7Day News Journal

No comments: