Sunday, April 06, 2014

အခက်အခဲ ရင်ဆိုင်ရေး အာဆီယံ ဝန်ကြီးတွေ နေပြည်တော် မှာ ဆွေးနွေး

Sunday, April 06, 2014
နေပြည်တော်မှာ မနေ့ကကျင်းပတဲ့ အာဆီယံ ဘဏ္ဏာရေးဝန်ကြီးများ အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေ ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေ ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ အာဆီယံနိုင်ငံတွေရဲ့ လက်ရှိ စီးပွါးရေးဟာ တိုးတက်မှုမြင့်မားနေဆဲဖြစ်ပေမယ့် အမေ ရိကန် ပြည်ထောင် စု ဗဟိုဘဏ်က ပြည်တွင်း စီးပွားရေး နလန်ထူရေးသုံးစွဲငွေ ပမာဏကို အရင်လအတွင်း သိသိသာသာ လျှော့ချလိုက်တဲ့အတွက် အာရှနိုင်ငံတွေ ရဲ့ငွေပင်ငွေရင်းကို အထိနာသွားစေ ခဲ့တယ်လို့ စီးပွါးရေး ပညာရှင်တွေ က ပြောပါတယ်။

အမေရိကန်အစိုးရက စီးပွါးရေးနလန်ထူဖို့အတွက် အတိုးနှုံးတွေ အထူးလျော့ချပြီး ငွေကြေးအများအပြားကို ထုတ်ချေးခဲ့ရာကနေ အခုတော့ အမေရိကန် စီးပွားရေးပြန်လည် ဦးမော့လာပြီဖြစ်တဲ့အတွက် အဲဒီနလန် ထူရေးသုံးစွဲငွေ ပမာဏ ကို လျှော့ချနေ ပြီဖြစ်ပါတယ်။ အမေရိကန် ဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့လက နလန်ထူရေးထောက်ပံ့ဖို့အတွက် လစဉ် ဒေါ်လာ ၆၅ ဘီလီယံသုံးစွဲရာကနေ ၅၅ ဘီလီယံ ကို လျော့ချခဲ့ ပါတယ်။

အဲ့ဒီလိုအမေရိကန်ဗဟိုဘဏ်ရဲ့ ထောက်ပံ့ငွေလျှော့ချမှုကြောင့် အာရှတိုက် ကို အရင်ကစီးဝင်နေတဲ့ ဝင်ငွေတွေ နည်းပါးသွားပြီး အမေရိ ကန်ပြည်ထောင်စုကို နိုင်ငံခြားကငွေတွေပြန်လည်ဝင်ရောက်လာနေပြီဖြစ်တဲ့အတွက် အင်ဒို နီးရှားနိုင်ငံလို စီးပွားရေးတိုးတက်ဆဲ အာရှနိုင်ငံတွေ ရဲ့ ငွေအရင်းအနှီးကို အတော်ထိခိုက်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပညာရှင်တချို့ကတော့လည်း အာဆီယံနိုင်ငံ တချို့အနေနဲ့ လုပ်ထုံးလုပ် နည်းတွေ၊ ကြီးကြပ်ကွပ်ကဲပုံတွေ တိုးတက်ပြောင်းလဲပြီး Macro-economic ခေါ် အကျယ်အပျံ့ခြုံငုံချမှတ်တဲ့ စီးပွါးရေးမူဝါဒတွေ ကို အောင်အောင်မြင်မြင် ကျင့်သုံးနေပြီဖြစ်လို့ အကြီးအကျယ်ထိခိုက်မှာ မဟုတ်ပါဘူးလို့ သုံးသပ်ပါတယ်။ အာရှဘဏ်က အာဆီယံနိုင်ငံတွေရဲ့ စီးပွါးရေးဟာ ၂ဝ၁၄ ခုနှစ်အတွင်း ၅% တိုးတက်မယ်လို့ ခန့်မှန်းထား ပါတယ်။

RFA Burmese

No comments: