Monday, February 02, 2015

ရာပြည့်ပွဲတော် ကာလအတွင်း ဗိုလ်ချုပ်ပြတိုက် ပိတ်ရက်မရှိ ဖွင့်လှစ်မည်


Monday, February 2, 2015.

အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့ဖူးပြီး အပတ်စဉ် ရက်အကန့်အသတ်ဖြင့်သာ ဖွင့်လှစ်ပေးနေသည့် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ကို နှစ်တစ်ရာပြည့် ပွဲတော်အတွင်း ပိတ်ရက်မရှိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ယင်းပြတိုက် တာဝန်ခံ ဒေါ်မေမဉ္ဖူက ပြောကြားသည်။

Thursday, January 29, 2015

အိမ်ဖြူတော်ထဲတွင် အိုဘားမား၏ခေါင်းကို ဖြတ်ပစ်မည်ဟု IS စစ်သွေးကြွများ ခြိမ်းခြောက်

Thursday, January 29, 2015
အိမ်ဖြူတော်ထဲထိ အရောက်လာပြီး အမေရိကန်သမ္မတ အိုဘားမား၏ ဦးခေါင်းကို ဖြတ်ပစ်မည်ဟု အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့က ခြိမ်းခြောက် ပြောကြားလိုက်သည်။

မန္တလေးရှိ SAMSUNG အရောင်းပြခန်းတွင် ကျပ်သုံးသိန်းရာကျော် တန်ဖိုးရှိ ဖုန်းဟန်းဆက်နှင့် Laptop များ ဖောက်ထွင်းခံရ


Thursday, January 29, 2015
မန္တလေးမြို့တော် ချမ်းအေးသာစံမြို့နယ် ၂၆လမ်း၊ လမ်း ၇၉ x ၈၀ ကြားတွင် ဖွင့်လှစ်ထားသည့် SAMSUNG အရောင်းပြခန်းတွင် ဇန်နဝါရီလ ၂၆ ရက်နေ့ ညပိုင်းက SAMSUNG ဟန်းဆက် ၇၅ လုံးနှင့် ကွန်ပျူတာ Laptop နှစ်လုံး စုစုပေါင်း တန်ဖိုး ကျပ်သိန်းသုံးရာကျော်ဖိုး ဖောက်ထွင်းခံခဲ့ရကြောင်း အဆိုပါ အရောင်းပြခန်း တာဝန်ခံ ဦးစိုးလင်းအောင်က ပြောကြားသည်။

ဗိုလ်ချုပ်ဈေးနှင့် ဘူတာကြီးတို့၌ WiFi အခမဲ့သုံးစွဲနိုင်တော့မည်


Thursday, January 29, 2015

ဗိုလ်ချုပ်ဈေးနှင့် ဘူတာကြီး တို့၌ WiFi အခမဲ့သုံးစွဲနိုင်တော့မည် ဖြစ်ကြောင်း Red Link ကုမ္ပဏီမှ သိ ရသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်း၌ WiFi အခမဲ့သုံးစွဲနိုင်သည့် နေရာများ ရှိသော်လည်း နည်းပါးနေသေးပြီး ဗိုလ် ချုပ်ဈေးနှင့် ဘူတာကြီးတို့တွင် သင်္ကြန် မတိုင်မီအချိန်မှ စတင်ကာ အခမဲ့သုံး စွဲနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရ သည်။

လူမှုကွန်ရက်တွင် MPC အပေါ်ဝေဖန်မှုများကို လက်မခံရန် MPC အကြံပေးဆို


Thursday, January 29, 2015

မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) နှင့်ပတ်သက်၍ လူမှုကွန်ရက်များတွင် ရည်ရွယ်ချက်ရှိရှိ ဝေဖန် တိုက်ခိုက်နေမှုများကို လက်မခံရန် MPC ၏ အကြံပေး ဦးတင်မောင်သန်းက ပြောကြားသည်။

Wednesday, January 28, 2015

သပိတ်မှောက်ကျောင်းသားများနှင့် အစိုးရ ပဏာမဆွေးနွေးပွဲ စတင်


Wednesday, January 28, 2015
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ သပိတ်မှောက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ အစိုးရတာဝန်ရှိသူတွေအကြား ပဏာမအဆင့် ဆွေးနွေးပွဲကို နေပြည် တော်မှာ ဒီမနက်စတင်ပါတယ်။

သပိတ်မှောက် ကျောင်းသားများ ရပ်တည်ချက်အရ လုပ်ရန်နှင့် ပရမ်းပတာ မလုပ် ကြ ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


Wednesday, January 28, 2015
အမျိုးသား ပညာရေးဥပဒေနှင့် ပတ်သက်ပြီး သပိတ်မှောက်၊ လမ်းလျှောက် ဆန္ဒပြနေသော ကျောင်းသားသမဂ္ဂ အဖွဲ့များအနေနှင့် ရပ်တည်ချက်အရ တာဝန်သိ သိ မှန်မှန်ကန်ကန် ဆက်လက် ဆောင်ရွက်ရန်နှင့် ပရမ်းပတာ လုပ်ဆောင်ခြင်း မပြုကြရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်း ပြောကြားသည်။

ဓားစာခံလဲလှယ်ရေးရုပ်သံ အိုင်အက်စ်အဖွဲ့က ဖြန့်ချိ


Wednesday, January 28, 2015
အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(အိုင်အက်စ်) တွေက ဖမ်းဆီးထားတဲ့ ဂျပန်နိုင်ငံသား သတင်းထောက်ဂိုတို ခန်ဂျီရဲ့ ရုပ်သံကို ဂျပန်စံတော်ချိန်ည ၁၁ နာရီခွဲမှာ အင်တာ နက်ပေါ်ကတဆင့် တင်လာခဲ့ပါတယ်။

ပညာရေးဥပဒေသစ်ကိုလိုချင်တာ မဟုတ်ဘူး၊ အရေးအခင်းတစ်ခုကို လိုချင်တာ


Wednesday, January 28, 2015

တစ်ဆိတ်လွန်ရာကနေ၊ တစ်အိတ်လွန်လာပြီလို့ပြောရတော့မယ်။ အပျက်အပျက် နဲ့ ထွက်တဲ့ နှာခေါင်းသွေးကလျှံ ကျ  တော့ မယ့် အခြေအနေရောက်နေပြီ။ အခု ဗကသ ကျောင်းသားတွေရဲ့လုပ်ရပ်ကိုကြည့်ခြင်းအားဖြင့် နောက် ကွယ် မှာ မြှောက် ပင့်ပေးနေ တဲ့ UG ကောင်းကောင်းတွေ အခိုင်အမာရှိနေပြီဆိုတာတွေ့လာ ရတယ်။

မြန်မာ ယူ ၂၀ ဂျာမနီကလပ်ကိုနိုင်


Wednesday, January 28, 2015

တူရကီနိုင်ငံမှာ လေ့ကျင်နေတဲ့ နယူးဇီလန် ကမ္ဘာဖလား ဘောလုံး ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မယ့် ယူ- ၂၀ မြန်မာအသင်းနဲ့ ဂျာမနီ တတိယတန်း ကလပ် ဘီအေကေ (ဘာလင်) အသင်းတို့ ခြေစမ်းပွဲကစားရာမှာ မြန်မာအသင်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ ရှိခဲ့ပါတယ်။

ကုလ၏ငြိမ်းချမ်းရေးဆောင်ရွက်ချက်ကို ထောက်ခံပေးရန် ရွှေကျင်သာသနာပိုင် ဆရာတော်ကြီးအား ကုလသမဂ္ဂဌာနေကိုယ်စားလှယ်လျှောက်ထား


 Wednesday, January 28, 2015
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ မှ ဆောင်ရွက်နေသော ကမ္ဘာလုံး ဆိုင်ရာ ငြိမ်းချမ်းရေးဆောင် ရွက် ချက်များအား ထောက်ခံပေးစေ လိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ် က ရွှေကျင်သာသနာပိုင် ၀ါဆို ဆရာတော်ကြီးအား လျှောက် ထား ခဲ့ကြောင်း သတင်းရရှိသည်။

MECTEL ဖုန်းများ မက်ဆေ့ခ်ျပေးပို့ပြီး အင်တာနက်အခမဲ့လျှောက်ထားနိုင်


Wednesday, January 28, 2015

မြန်မာ့စီးပွားရေးကော် ပိုရေးရှင်း MECTEL မှ ၎င်းတို့၏ ဆင်းမ်ကတ်အသုံးပြုသူများ အ တွက် အင်တာနက်လျှောက်ထား ခ တစ်သောင်းကျပ်ကို ပယ်ဖျက် ပေးလိုက်ပြီး အခမဲ့လျှောက်ထား လိုသူများ SMS နံပါတ် 233 သို့ Open EVDO ဟုရေးပြီး မက်ဆေ့ခ်ျပေးပို့မှသာ အသုံးပြု နိုင်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ဥပဒေမဲ့လုပ်ရပ်နဲ့ နိုင်ငံ့အလံဖြုတ်ချတဲ့ လူတစ်စုတောင်းဆိုချက်က ဥပဒေတစ်ရပ်ပြ ဋ္ဌာန်း ဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလား


Wednesday, January 28, 2015

၂၆ ရက်နေ့ မွန်းလွဲပိုင်းက ကျောင်းသားသပိတ်အဖွဲ့ဝင်တွေဟာ မြင်းခြံဒီဂရီကောလိပ် က ကျောင်းစောင့် ၃ ဦးကို တွန်းထိုး ဝင်ရောက်ပြီး ကျောင်းဝင်းအတွင်းရှိ နိုင်ငံတော် အလံကို ဖြုတ်ချလို့ သမဂ္ဂအလံတင်လိုက်တာဟာ ဥပဒေဘောင် အတွင်း ကနေ ထွက် ခွာသွားခြင်းလို့ ပြောလို့ရပါတယ်။

အဲအေးရှားလေယာဉ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ရပ်နား

Wednesday, January 28, 2015

ပြီးခဲ့တဲ့လကုန်ပိုင်းက ပျက်ကျသွားတဲ့ အဲအေးရှားလေယာဉ် ရှာဖွေကယ် ဆယ်ရေးလုပ်ငန်း တွေကို ရပ်နားလိုက်တယ်လို့ အင်ဒိုနီးရှားစစ်တပ်က ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၇ ရက်နေ့က ကြေညာပါတယ်။

အောက်ခြေဝန်ထမ်းများကို လစာကျပ် တစ်သိန်းငါးသောင်းအထိ တိုးမြှင့်ရန် အစိုးရနှင့် ညှိနှိုင်းထားဟုဆို


Wednesday, January 28, 2015

အခြေခံလစာ လွန်စွာနည်းပါးနေသော အစိုးရ အငယ်တန်း ဝန်ထမ်းများ၏ လစာကို ငွေကျပ် တစ်သိန်းငါးသောင်းအထိ တိုးမြှင့်သတ်မှတ်ပေးရန် ဘဏ္ဍာရေးဆိုင်ရာ အစိုးရ အဖွဲ့ဝင်များနှင့် လွှတ်တော်အကြား ညှိနှိုင်းထားကြောင်း အဆိုပါ ညှိနှိုင်းမှုတွင် ပါဝင်ခဲ့သူ မလှိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က The Voice သို့ ပြောကြားသည်။

Monday, January 26, 2015

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသို့ ရေနံစိမ်းတန်ချိန် တစ်သိန်းကျော်ပါ သင်္ဘော စတင်ဆိုက်ကပ်

Monday, January 26, 2015

ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသို့ ရေနံစိမ်းတန်ချိန် တစ်သိန်းကျော် ပါသည့် တရုတ်ရေနံတင် သင်္ဘောတစ်စင်း ဇန်နဝါရီလ ၂၄ ရက်နေ့တွင် စတင်ဆိုက်ကပ်ခဲ့ကြောင်း ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ အတွင်းရေးမှူး ဦးကြည်သာက ပြောကြားသည်။

အင်န်အယ်လ်ဒီအနေဖြင့် မိမိပါတီဝင်များ နိုင်ငံသားဖြစ်၊ မဖြစ် စတင်စိစစ်နေပြီဖြစ်

Monday, January 26, 2015

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေဖြင့် မိမိပါတီဝင်များ နိုင်ငံသားဖြစ်၊ မဖြစ် စိစစ်ခြင်းကို စတင်ဆောင် ရွက်နေ ပြီ ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိ သူ ဦးÓဏ်ဝင်းကပြောသည်။''ကျွန်တော်တို့ အခုမြို့နယ် တွေ ကို ညွှန် ကြားချက်ပေးထားပြီ။ သူတို့က စိစစ်ပြီးရင် ထုတ်ပစ်ရမှာ ပေါ့။ ပြီးရင်တော့ ရွေးကောက်ပွဲကော် မရှင်ကို တင်ပြရမယ်။ သိပ်များများ တော့ ရှိမယ်မထင်ပါဘူး။ ယာယီ ကတ်ကိုင်ထား တဲ့သူတွေကို စိစစ်ပြီး ထုတ်ပစ်ရုံနဲ့တော့ ပါတီအင်အားကို မထိခိုက်နိုင်ပါဘူး''ဟု ဆိုသည်။

ဦးဝီရသူ၏ပြောကြားချက် မျိုးချစ်စိတ်ရှိသူများကိုယ်စား ပြောကြားခြင်းဟု မဘသဆရာတော်ဦးပါမောက္ခမှမိန့်ကြား

Monday, January 26, 2015

ဦးဝီရသူ၏ ပြော ကြားချက်မှာ မဘသတစ်ဖွဲ့လုံး၏ သဘော ထားနှင့် ထပ်တူကျသည်၊ မကျသည်ထက် မျိုးချစ်စိတ်ရှိသူများကိုယ်စား ပြောကြားခြင်း သာဖြစ်ကြောင်း အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ မကွေး ကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။

သန်လျင်ရေနံချက်စက်ရုံအနီး ရှာဖွေခွင့်ကျမှသာ 'မ္မစေတီခေါင်းလောင်းပြန်ရှာမည်

Monday, January 26, 2015

ဓမ္မစေတီခေါင်း လောင်းကြီးအား သံလျင် ရေနံချက်စက်ရုံ အနီးတွင် ဆက်လက်ရှာဖွေခွင့်ရရန် စွမ်း အင်ဝန်ကြီးဌာနသို့ တင်ပြထားပြီး ဌာနမှ ခွင့်ပြုသည့်အခါမှသာ လုပ်ငန်းများ ပြန် လည်စတင်မည်ဟု ခေါင်းလောင်းရှာဖွေနေ သူ ဦးကျော်ဝင်းက ပြောသည်။

မေလထဲမှာ ကြည့်ရတော့မယ့် အိမ့်ချစ်ရဲ့ အချစ်ရေး

Monday, January 26, 2015

ချစ်ခြင်းကိုမခွဲပါနဲ့ သီ ချင်းကို ဇာတ်လမ်းတိုပုံစံရိုက်ကူး ထားပြီး Bonus အနေဖြင့် ထည့် ပေးသွားမည်ဟု အိမ့်ချစ်ကပြော သည်။

‘‘ချစ်ခြင်းကိုမခွဲပါနဲ့ဆိုက တည်းက အရမ်းချစ်တဲ့လူနှစ် ယောက်ပါရမယ်။ ခွဲတဲ့သူတစ် ယောက်ပါရမယ်။အဲဒီမှာ ကိုယုန် လေးက အဲဒီသီချင်းကိုရိုက်မယ်။ အိမ့်ချစ်နဲ့ ကျော်ထွဋ်ဆွေက ချစ် သူတွေပုံစံ သရုပ်ဆောင်ထား တယ်’’ဟု အိမ့်ချစ်ကပြောသည်။

Friday, January 23, 2015

ပြန်ပေးဆွဲခံ ဂျပန်နိုင်ငံသား ၂ ဦး အခြေအနေ စိုးရိမ်ရ

Friday, January 23, 2015

အစ္စလာမစ်နိုင်ငံတော် (အိုင်အက်စ်) ပြန်ပေးဆွဲထားတဲ့ ဂျပန်နိုင်ငံသား ၂ ဦး ပြန်လွတ်ရေး ကတော့ စိုးရိမ်စရာ ရှိနေဆဲ ဖြစ်တယ်လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူး ယိုရှိဟိဒဲစုဂါ က ပြောပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းအတွက် မြေယာနစ်နာကြေးပေးရန် ကျပ်သန်း တစ်သောင်း သုံးမည်



Friday, January 23, 2015

မိုင်ပေါင်း ၃၀၀ ကျော် ရှည်လျားသော ရန်ကုန်၊ မန္တလေး အမြန်လမ်း ဖောက်လုပ်ခဲ့ရာတွင် နစ်နာသူ မြေယာပိုင်ရှင်များကို လျော်ကြေးပေးရန် အတွက် လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ကျပ်သန်းတစ်သောင်း အသုံးပြုမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ပြောကြားသည်။

ကိုတင့် တို့စူပါရပ် ကွက်ရုပ်ရှင် စံချိန် တင်ရုပ်ရှင် ဇာတ်ကားအဖြစ် ရပ်တည်နေ

Friday, January 23, 2015 

ကိုတင့်တို့စူပါရပ်ကွက် ရုပ်ရှင်ဇာတ်ကားသည် ၂၀၁၄-၂၀၁၅ခုနှစ်တွင် စံချိန်တင် ရုပ်ရှင်ဇာတ်ကားအဖြစ် ရပ်တည်နေသည်ဟု သမ္မတ ရုပ် ရှင်ရုံမန်နေဂျာ ဦးဌေးအောင်က မဇ္ဈိမ ကိုပြောသည်။

တယ်လီနောက ဒေသလေးခုတွင် ကွန်ရက်ထပ်မံချဲ့လိုက်ပြီး လစဉ်ဆင်းမ်ကတ် တစ်သန်းခွဲရောင်းမည်

Friday, January 23, 2015

တယ်လီနောမြန်မာအနေ ဖြင့် ပြည်နယ်နှင့် တိုင်းလေးခုတွင်မိုဘိုင်းကွန်ရက်ထပ်မံတိုးချဲ့ဖွင့် လှစ်လိုက်ပြီး ဇန်န၀ါရီလမှစ၍ နိုင် ငံတစ်ဝန်း၌ ဆင်းမ်ကတ် ၁ဒသမ၅ သန်းကို လစဉ်ရောင်းချပေးသွား မည်ဖြစ်ကြောင်း သတင်းထုတ် ပြန်သည်။

ကျောင်းသားသပိတ်တဲ့လား

Friday, January 23, 2015

အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ဆန့်ကျင်ဆန္ဒပြတဲ့ ကျောင်းသားတွေကို ကြည့်ပြီး စိတ်ထဲတွင် ဖြစ်နေတာလေး တစ်ခုလောက်တော့ ပြောချင်ပါတယ်။ အဲဒါက တခြားမဟုတ်ပါ သာသနာပိုင်ပစ္စည်းဖြစ်တဲ့ ပရိက္ခရာရှစ်ပါးတွင် တစ်ပါးဖြစ်သော ဗုဒ္ဓဘာသာတွင် တန်းဖိုးထားသည့် သံဃာတော်များ ဆွမ်းစား၊ ဆွမ်းခံရာတွင်အသုံးပြု သည့် သပိတ်ကို အမြင်မတော်သည့်နေရာ မသင့်လျှော်သည့်နေရာများတွင် တွေ့ရှိ နေခြင်းကြောင့်ဖြစ်ပါသည်။

မြန်မာ ယူ ၂၀ အသင်း တူရကီ ခြေစမ်းပွဲများတွင် ရလဒ်ကောင်းများရရှိ

Friday, January 23, 2015

နယူးဇီလန်နိုင်ငံတွင် ကျင်းပမည့် အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် တူရကီနိုင်ငံတွင် သွားရောက်လေ့ကျင့်လျက် ရှိသည့် မြန်မာ ယူ ၂၀ အသင်းသည်ခြေစမ်းပွဲနှစ်ပွဲ ကစားခဲ့ရာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ ကစားထားပြီး ရလဒ်ကောင်းများ ရရှိနေကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

ဒုတိယမြောက် စင်တင်မင်းသမီးသုံးဦးအနက်မှ ပိုင်ဖြိုးသု ပထမဆုံးဇာတ်ကားကို ဘာပြောလဲ

Friday, January 23, 2015

အနုပညာပျိုးခင်း၏ စင်တင်မင်းသမီးတစ်လက်ဖြစ်သူ ပိုင်ဖြိုးသု က”ပထမဆုံးစတင်ရိုက်ကူးတဲ့ကားမှာ သုံးယောက်လုံး ကာရိုက်တာ ညီမျှတယ်”ဟု ပြော သည်။အနု ပညာပျိုးခင်းမှ ဒုတိယအကြိမ် စင်တင်မင်းသမီးသုံးဦးကို သရုပ်ဆောင် အကယ်ဒမီလူမင်း နှင့်တွဲဖက်စေပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟက စတင်ရိုက်ကူးနေပြီ ဖြစ်ကြောင်း သိရသည်။

Thursday, January 22, 2015

ပြည်တွင်းလောင်စာဆီဈေးကို ကမ္ဘာ့ဈေးနှင့်အညီ လျော့ကျအောင် မလုပ်ဆောင်နိုင်သေး ဟု စွမ်းအင်ဒုဝန်ကြီး ပြောကြား

Thursday, January 22, 2015

ကမ္ဘာ့ရေနံစိမ်းဈေး ထက်ဝက်နီးပါး လျော့ကျလာသော်လည်း ပြည်တွင်းလောင်စာဆီ ဈေးနှုန်းများ ကျဆင်းရန် အပြည့်အဝ မလုပ်ဆောင်နိုင်သေးကြောင်း စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

မိုင်းနောင်-လားရှိုးလမ်းတွင် ဖြတ်သန်းသွားလာနေသော ယာဉ်များအား တစ်နှစ်စာ ဆက်ကြေးငွေ ပေးဆောင်ရန် SSPP/SSA အဖွဲ့မှ ခြိမ်းခြောက် တောင်းခံ

Thursday, January 22, 2015

ရှမ်းပြည်တိုးတက်ရေးပါတီနှင့် ရှမ်းပြည်တပ်မတော် (SSPP/SSA) အဖွဲ့သည် မိုင်းနောင်-လားရှိုး ပြေးဆွဲနေသော ယာဉ်များအနေဖြင့် ၎င်းတို့ထိန်းချုပ်ထား သောနယ်မြေအတွင်း ဖြတ်သန်းသွားလာမည်ဆိုပါက ၁ နှစ်စာ ဖြတ်သန်းခ ပေးဆောင်ရမည်ဟု ခြိမ်းခြောက်ငွေတောင်းနေကြောင်း အဆိုပါလမ်းပိုင်းတွေ ပြေးဆွဲနေသော ယာဉ်မောင်းများထံမှ သတင်းရရှိသည်။

မယ်စကြ၀ဠာနှစ်ဦး၏ Selfie ကြောင့် အွန်လိုင်းတွင် အုတ်အော်သောင်းတင်းဖြစ်


Thursday, January 22, 2015

လက်ဘနွန်နိုင်ငံနှင့် အစ္စရေးနိုင်ငံတို့၏ ဆက်ဆံရေး အခြေအနေ မကောင်းလှသည့် အချိန်၌ လက်ဘနွန်အလှမယ် က အစ္စရေးအလှမယ်နှင့် အတူပြုံး လျက် ရိုက်ထားသော Selfie ကို အွန်လိုင်းတွင် ဝေမျှလိုက်သဖြင့် အုတ်အော်သောင်းတင်းဖြစ်သွား ခဲ့သည်။