Showing posts with label သတင်းများ. Show all posts
Showing posts with label သတင်းများ. Show all posts

Monday, September 15, 2014

IS အဖွဲ့အား ဆန့်ကျင်ချေမှုန်းရေးတွင် ပါဝင်ရန် ယူအေအီးသို့ သြစတြေးလျတပ်ဖွဲ့ဝင် ၆၀၀ ခန့် စေလွှတ်မည်

Monday, September 15, 2014

အစ္စလာမ်မစ်နိုင်ငံတော်IS အဖွဲ့ စစ်သွေးကြွများအား ဆန့်ကျင်တိုက်ခိုက်ရန် ပြင်ဆင်နေကြသည့် အမေရိကန် ဦးဆောင်သော နိုင်ငံတကာ မဟာ မိတ် ညွန့်ပေါင်းအဖွဲ့နှင့် ပူးပေါင်းရန်အတွက် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံသို့ သြစတြေးလျ တပ်ဖွဲ့ဝင် ၆၀၀ ခန့် စေ လွှတ်တပ်ဖြန့်လိမ့်မည် ဖြစ်ကြောင်း သြစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘက်ထ် က  က ဆိုခဲ့သည်ဟု စက်တင်ဘာ ၁၄ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အီရတ် နှင့် ဆီးရီးယားတို့တွင် ပါဝင် တိုက်ခိုက်နေကြသည့် သြစတြေးလျနိုင်ငံသား စစ်သွေးကြွများ သြစတြေးလျ သို့ ပြန် လာကြမည်ဆိုပါက နိုင်ငံ၏ လုံခြုံရေး ထိခိုက်လာမည့်အရေးကို စိုးရိမ်မှုများ ကြီးထွားမြင့်တက်လာလျက်ရှိသဖြင့် အကြမ်းဖက် ဝါဒ အန္တရာယ်ကို အလယ်အလတ် အဆင့်မှနေ၍ မြင့်သောအဆင့်သို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သြစတြေးလျ အစိုးရ က ကြေညာခဲ့အပြီး နှစ်ရက်အကြာတွင် တိုနီအက်ဘက်ထ်က ယခုကဲ့သို့ ပြောလိုက်ခြင်းလည်း ဖြစ်သည်။

Friday, September 12, 2014

ဒုချီးရားတန်းကျေးရွာတွင် လူစုလူဝေးဖြစ်၍ သေနတ်ဖြင့် ပစ်ခတ်လူစုခွဲရ

Friday, September 12, 2014

 မောင်တောမြို့၊ ဒုချီး ရားတန်းကျေးရွာတွင် စားကျက် မြေပြဿနာလာရှင်းသည့်ရဲများ ကို ဘင်္ဂါလီများက ရန်ပြုသော ကြောင့် သေနတ်ဖြင့် ခြောက်လှန့် ၍ လူစုခွဲခဲ့ရကြောင်းအမှတ်(၁) နယ်ခြားစောင့်လုံခြုံရေးအဖွဲ့မှသ တင်းရရှိသည်။

စက်တင်ဘာ၁၀ရက်က  မောင်တောမြို့ခရေမြိုင်ကျေးရွာရှိရခိုင်လူမျိုးများပိုင်သည့် စားကျက် မြေပေါ်သို့ ဒုချီးရားတန်းကျေးရွာမှဘင်္ဂါလီအချို့က၎င်းတို့၏ နွားများလွှတ်ကျောင်းခဲ့သောကြောင့် ပြဿနာအနည်းငယ် ဖြစ် ပွားခဲ့ သည်။

သမ္မတရဲ့ ဥရောပခရီးစဉ်မှာ ဘာတွေရခဲ့သလဲ

Friday, September 12, 2014
သမ္မတဦးသိန်းစိန်၏ ဆယ်ရက်ကြာ ဥရောပခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင်    ဖက်ဒရယ်စနစ် ကျင့်သုံးရေးနှင့် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုဖြစ်စဉ်များတွင် ပူး ပေါင်းဆောင်ရွက်မည့် ကတိက ၀တ်များရခဲ့ပြီး ဦးသိန်းစိန်အစိုးရ အပေါ် အပြုသဘောဆောင်သည့် ထောက်ခံအားပေးမှုကို ကမ္ဘာကို ပြနိုင်ခဲ့သည့် ခရီးစဉ်ဖြစ်ကြောင်း သမ္မတခရီးစဉ်လိုက်ပါသွားသူ များနှင့် သံတမန်ရေးရာ အသိုင်း အ၀ိုင်းက သုံးသပ်ပြောကြား သည်။

သို့သော် နိုင်ငံရေးအင်အား စုများကမူ ဥရောပနိုင်ငံများသည် ၎င်းတို့၏ အကျိုးစီးပွားနှင့် နိုင်ငံခြားရေးမူဝါဒအတွက် အဓိကပုံဖော်ရန် ကြိုးစားခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းလက်တွေ့အခြေအနေ များကို တိုက်တွန်းပြောကြားရန် အလေးထားမှုနည်းပါးခဲ့ကြောင်း ဝေဖန်ပြောဆိုမှုများရှိနေသည်။

ရွှေဝါရောင်တော်လှန်ရေး ၇ နှစ်ပြည့် အခမ်းအနား ကျင်းပမည်

Friday, September 12, 2014
သံဃာတော်များ ဦးဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသော ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ၇ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယခုလ ၁၈ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ရွှေဝါရောင်တော်လှန်ရေး ဦးဆောင် ဆရာတော် ဦးပဏ္ဍဝက မိန့်ကြားသည်။

အဆိုပါ အခမ်းအနားကို သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပီယကျောင်းတိုက်တွင် စက်တင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီမှ စတင်ကျင်းပမည် ဖြစ်ပြီး သံဃာတော်ပေါင်း ၁၅၀ ခန့်နှင့် နိုင်ငံရေး အဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂများ အပါအဝင် နိုင်ငံရေး အဖွဲ့အစည်းများမှ လူဦးရေ ၄၀၀ ခန့်ကို ဖိတ်ကြားသွားမည်ဟု ၎င်းကဆိုသည်။

ဓမ္မစေတီခေါင်းလောင်း တွေ့ရှိထားပြီ ဆိုသည်မှာ မဟုတ်မှန်၊ ရေငုပ်သမားအချို့ နေရပ်ပြန်

Friday, September 11, 2014
လူပေါင်းများစွာ စိတ်ဝင်တစား သွားရောက် ကြည့်ရှုသည်အထိ ဖြစ်ပေါ်ခဲ့သည့် ပဲခူးမြစ်၊ ရန်ကုန်မြစ်နှင့် ပုဇွန်တောင်ချောင်းတို့ ပေါင်းဆုံရာတွင် ရှာဖွေရေး လုပ်ဆောင်နေသည့် ရှာဖွေရေးအဖွဲ့ အနေနှင့် ဓမ္မစေတီခေါင်းလောင်းကြီး တွေ့ရှိထားပြီ ဆိုသည်မှာ မဟုတ်မှန်ကြောင်း ခေါင်းလောင်းရှာဖွေရာတွင် ပါဝင်ခဲ့သည့် ရေငုပ်သမားများက အတည်ပြု ပြောကြားသည်။

ခေါင်းလောင်းရှာဖွေရာတွင် ကော့သောင်းဒေသခံ ရေငုပ်သမား ရှစ်ဦး ပါဝင်ခဲ့ပြီး လေးဦးမှာ စက်တင်ဘာလ ၇ ရက်နေ့က နေရပ်သို့ ပြန်လာခဲ့ကြောင်း၊ ရှာဖွေမှု တစ်လတာအတွင်း ဓမ္မစေတီ ခေါင်လောင်းနှင့် ပတ်သက်ပြီး မည်သည့် သဲလွန်စမျှ တွေ့ရှိထားခြင်း မရှိဘဲ သင်္ဘောပျက် တစ်စီးကိုသာ တွေ့ရှိခဲ့ကြောင်း ၎င်းတို့ကဆိုသည်။

ISIS စစ်သွေးကြွများကို ချေမှုန်းမည်ဟု အိုဘားမား ကတိပေး

Friday, September 11, 2014
အရှေ့အလယ်ပိုင်းတွင် ဆူပူနေသည့် ဆွန်နီစစ်သွေးကြွများကို နှိမ်နင်းရေး အတွက် ဆီးရီယားတွင် လေကြောင်းမှ တိုက်ခိုက်ခြင်းနှင့် အီရတ်တွင် စစ်ရေးအကြံပေး ၄၇၅ ဦး ပိုမို ခန့်အပ်ခြင်း အပါအ၀င် စစ်ဆင်ရေးလုပ်ငန်းများ တိုးချဲ့ရန် အမေရိကန် သမ္မတ အိုဘားမားက တရားဝင်ခွင့်ပြုလိုက်ပြီ ဖြစ်သည်။ သို့သော်လည်း အမေရိကန်ပြည်ထောင်စု အနေဖြင့် အီရတ်နှင့် အာဖဂန်နစ္စတန်လို စစ်ပွဲမျိုးထဲထပ်မံရောက်ရှိသွားမည်ကို ကြောက်ရွံ့မှုများအား ဖယ်ရှားဖို့ သူကြိုးစားခဲ့သည်။

အိမ်ဖြူတော်မှနေ၍ နိုင်ငံသို့ ပြောကြားသည့် မိန့်ခွန်းတွင် သမ္မတအိုဘားမားက အမေရိကန်ပြည်ထောင်စု အနေဖြင့် ISIS ဟု သိကြသည့် စစ်သွေးကြွများကို အလုံးစုံ ချေမှုန်းနိုင်ရန်အတွက် တကမ္ဘာလုံးက ပူးပေါင်းဆောင်ရွက်မှုကို ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်။ ပြန့်ပွားနေသည့် ကင်ဆာရောဂါတခုလို ဖြစ်နေသည့် ISIS သည် အမေရိကန် တပ်ဖွဲ့အချို့ကို အခက်အခဲတွေ့ စေနိုင်သည့် ကာလရှည်စိန်ခေါ်မှု တခုဖြစ်သည်ဟု သူက သတိပေးလိုက်သည်။

Thursday, September 11, 2014

ဗီယက်နမ်နှင့် ပွဲအတွက် ယုံကြည်မှု မလွန်ကဲကြောင်း မြန်မာ ယူ - ၁၉ နည်းပြပြောကြား မြန်မာနှင့်ပွဲမှာ အလွန်ခက်ခဲသော စိန်ခေါ်မှုဖြစ်ပြီး ဗဟိုနောက်ခံလူတစ်ဦး ဒဏ်ရာရရှိထားကြောင်း ဗီယက်နမ်နည်းပြဆို

Thursday, September 11, 2014
အာဆီယံ ယူ - ၁၉ အကြိုဗိုလ်လုပွဲ မကစားမီ မီဒီယာ တွေ့ဆုံပွဲ၌ မြန်မာ ယူ - ၁၉ လက်ရွေးစင် အသင်းနည်းပြ ဂတ်ဖရိုင်းဒရစ်က မိမိတို့ အနေဖြင့် သေချာပေါက် ဗိုလ်လုပွဲ တက်မည်ဟု ယုံကြည်မှု မလွန်ကဲကြောင်း ပြောကြားခဲ့သည်။

စက်တင်ဘာ (၁၁)ရက် ညပိုင်းတွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်ရှိ မိုင်ဒင်းကွင်းကြီးတွင် ကစားမည့် အကြိုဗိုလ်လုပွဲတွင် အိမ်ရှင် ဗီယက်နမ်နှင့် မြန်မာတို့ ရင်ဆိုင် ကစားကြမည် ဖြစ်သည်။ မြန်မာ ယူ - ၁၉ အသင်းသည် ပြီးခဲ့သည့်လက ဘရူနိုင်း ဘုရင့်ဖလား ဗိုလ်လုပွဲ အဆင့်တွင် ဗီယက်နမ် ယူ - ၁၉ ကို (၄-၃)ဖြင့် အနိုင်ရရှိခဲ့ဖူးသည်။

ABSDF လုပ်ပိုင်ခွင့်ပိုမိုရရှိရန် အတွက် ထပ်မံခွဲထွက်

 Thursday, September 11, 2014
ABSDF ဟူသည့်ကျောင်းသားများကို ကိုယ်စားပြုသည်ဟူသော လက်နက် ကိုင်အဖွဲ့စည်းတစ်ခု နှစ်ခြမ်းကွဲ သွားသည် ဆိုသောသတင်းကို အချို့တွေ သိရှိနေကြလောက်ပြီး ဖြစ်မည်ထင်ပါသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) ABSDF မှ ရဲဘော်ခင်ကျော် ဦးဆောင် ကာ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ပြည်ထောင် စုကာကွယ်ရေးတပ်) ABSDF (UNRA) အမည်ဖြင့် ခွဲထွက်လိုက်ကြောင်း ယင်းအဖွဲ့ အစည်းသစ်၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် ရဲဘော်ခင်ကျော် (စစ်ဦးစီးချုပ်)က စက်တင်ဘာ ၆ရက်က မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် သတင်းစာရှင်းလင်းပွဲလုပ်ကာ ကြေငြာခဲ့ပါသည်။

အကြမ်းဖက်အဖွဲ့၏ စစ်ကြေညာမှုခံထားရချိန်တွင် အမေရိကန်၏ ဥပဒေကြမ်းတင်သွင်းမှုသည် လုံခြုံရေးအားနည်းစေရန် အချိန်ကိုက်လုပ်ဆောင်ခြင်းဖြစ်ဟု စွပ်စွဲ

Thursday, September 11, 2014

မြန်မာနိုင်ငံအား အမေ ရိကန်က လုံခြုံရေးအကူအညီများ ကို ကန့်သတ်ရန် ဥပဒေကြမ်း တင်သွင်း သည့်လုပ်ရပ်မှာ အစွန်း ရောက် အကြမ်းဖက်အဖွဲ့၏ စစ် ကြေညာမှုကို ခံထားရသည့် မြန် မာနိုင်ငံ၏ လုံခြုံရေးနှင့် ကာကွယ် ရေးအားနည်းစေရန်နှင့် မြန်မာ နိုင်ငံကို သင်းကွဲအထီးကျန်ဖြစ်စေ ပြီး အကြမ်း ဖက်အဖွဲ့များ အောင် ပွဲခံနိုင်ရန် အမေရိကန်အစိုးရက  အချိန်ကိုက်လုပ်ဆောင်သည့် လုပ်ရပ်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး တာဝန်ရှိသူက ပြော ကြားလိုက်သည်။

အယ်လ်ကိုင်ဒါအဖွဲ့က ဂျီ ဟတ်ပစ်မှတ်အဖြစ် တရားဝင် ကြေညာထားခြင်းခံရသည့် မြန် မာကို လုံခြုံရေးအကူအညီ ကန့် သတ်ရန်  အမေရိကန်အောက် လွှတ်တော်အမတ်များက အချိန် ကိုက်လုပ်ဆောင်လာခြင်းကို မြန်မာအစိုးရအနေဖြင့် အံ့သြစိတ် ပျက်မိကြောင်း သမ္မတရုံးမှ အကြီးတန်းအရာရှိက ပြောကြားသည်။

မြန်မာ့လုံခြုံရေးကို အထောက်အကူ မပေးရန် အမေရိကန် အောက်လွှတ်တော် ကြိုးပမ်းမှု မစိုးရိမ်ဟု သမ္မတရုံး တုံ့ပြန်

Thursday, September 11, 2014
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများ အရာမထင်ဟုဆိုကာ မြန်မာနှင့် ပူးပေါင်း ဆောင်ရွက်နေသော လုံခြုံရေးဆိုင်ရာ အကူအညီများ ကန့်သတ်ပိတ်ပင်ရန် အမေရိကန် အောက်လွှတ်တော်က ကြိုးပမ်းနေမှုကို မစိုးရိမ်ကြောင်း နိုင်ငံတော်သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောဆိုသည်။

အမေရိကန် အောက်လွှတ်တော်မှ အာရှ-ပစိဖိတ်ဆိုင်ရာ နိုင်ငံခြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ရီပတ်ဘလစ်ကန် အမတ် Mr. Steve Chabot နှင့် ဒီမိုကရက်တစ် ပါတီဝင် အောက်လွှတ်တော် အမတ်တစ်ဦးပင် ဖြစ်သူ Mr. Joe Crowley တို့က ၂၀၁၄ ခုနှစ် မြန်မာ့လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအက် ဥပဒေမူကြမ်းကို စက်တင်ဘာလ ၉ ရက်နေ့က နိုင်ငံခြားရေး ဆပ်ကော်မတီတွင် ဆွေးနွေး၍ ယင်းသို့ ကန့်သတ်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

RSO အခြေစိုက်ခွင့်ပေးရန် အစီအစဉ်မရှိဟု ကေအိုင်အိုပြော

Thursday, September 11, 2014

 ကေအိုင်အေထိန်းချုပ် နယ်မြေအတွင်း ရိုဟင်ဂျာတပ်မ တော် (RSO) ထူထောင်အခြေ စိုက်ခွင့်ပြုရန် တောင်းဆိုခဲ့သော ဘင်္ဂါလီအဖွဲ့ တစ်ဖွဲ့နှင့် တွေ့ဆုံခဲ့ ခြင်းသည် တရားဝင်တွေ့ဆုံခဲ့ ခြင်း မဟုတ်ကြောင်းနှင့် ရိုဟင် ဂျာတပ်မတော် ထူထောင်အ ခြေစိုက်ခွင့်ပေးရန် ကိစ္စနှင့်ပတ် သက်၍ မည်သည့်အစီအစဉ်မှ မရှိကြောင်း ကေအိုင်အိုက ငြင်း ဆိုလိုက်သည်။

ကေအိုင်အိုမှ ဗိုလ်မှူးကြီး ဂျိမ်းစ်နှင့် BRAT (Burmese Ro-hingya Association in Thai-land) အဖွဲ့ဥက္ကဋ္ဌ ဦးမောင်ကျော်နု၊ ဘာသာရေးခေါင်းဆောင်အချို့နှင့် RSO တာဝန်ခံ တစ်ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့ တို့၂၀၁၄ မတ်လအတွင်းက ထိုင်းနိုင်ငံတွင် တွေ့ဆုံဆွေးနွေးခဲ့သော ရုပ်သံမှတ်တမ်း တစ်ခုအင်တာ နက်ပေါ်တွင် ပျံ့နှံ့နေသည်။ ယင်းရုပ်သံမှတ်တမ်းတွင် ဦးမောင်ကျော်နုနှင့် အဖွဲ့က ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း ရိုဟင်ဂျာတပ်မတော်ကို ဖွဲ့စည်း၍ အခြေစိုက်ခွင့်ပြုရန် တောင်းဆိုခဲ့ သည်။

အဆက်အသွယ် ပြတ်တောက်နေသော ခါကာဘိုရာဇီ တောင်တက်အဖွဲ့ဝင် နှစ်ဦးကို ရဟတ်ယာဉ်ဖြင့် ရှာဖွေမည်

Thursday, September 11, 2014

အရှေ့တောင်အာရှ၏ အမြင့်ဆုံး တောင်ဖြစ်သည့် ခါကာဘိုရာဇီ တောင်ထိပ်ကို တက်ရောက်နိုင် ခဲ့သော တောင်တက်သမားနှစ်ဦးမှာ အဆင်း၌ အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးနေသည့်အတွက် သဘာဝခေါ်သံ ဖောင်ဒေးရှင်းက တာဝန်ရှိသူများ၊ ထူးဖောင်ဒေးရှင်းက ကယ်ဆယ်ရေး အဖွဲ့သားများ၊ တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်းမှ တာဝန်ရှိသူများနှင့် နယ်မြေခံ တပ်မတော်သားများက ရဟတ် ယာဉ်ဖြင့် ရှာဖွေသွားမည် ဖြစ်ကြောင်း တက္ကသိုလ်များ ခြေလျင်နှင့် တောင်တက် အသင်း မှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်နိုင်က ပြောကြားသည်။

“နယ်မြေခံ ဗျုဟာမှူးနဲ့ ဦးတေဇရယ်၊ တောင်တက်အသင်းက ဦးမျိုးသန့်ရယ် အခုအစည်းအဝေး လုပ်နေ တယ်။ မနက်ဖြန်မှာ ရန်ကုန်က ကယ်ဆယ်ရေး အဖွဲ့တွေ၊ ဆေးအဖွဲ့တွေ ပူတာအိုကို ထပ်သွားကြမယ်။ လူနည်းရင် အဆက်အသွယ် ပြတ်နေတဲ့ တောင်တက်အဖွဲ့ဝင် နှစ်ဦးရဲ့ မိသားစုတွေလည်း ပါနိုင်တယ်” ဟု ဦးကျော်နိုင်က ဆိုသည်။

အာဆီယံ ကာတွန်းရုပ်ရှင်ပြိုင်ပွဲ ပထမသုံးဆု မြန်မာတို့ ဆွတ်ခူး

Thursday, September 11, 2014

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ အာဆီယံ ကာတွန်းရုပ်ရှင်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ပထမ ဒုတိယ နဲ့ တတိယ ဆု သုံးဆုစလုံးကို ဆွတ်ခူးရရှိလိုက်ပါတယ်။

ဒါရိုက်တာ လင်းထက်မော်နဲ့အဖွဲ့က ပါဝင်ယှဉ်ပြိုင်တဲ့ Don’t let the Creativity Fall” (တ်ီထွင်ဖန်တီးမှု မကျဆင်းပါစေနဲ့ ) ဆိုတဲ့ ကာတွန်းဇာတ်ကားတိုက ပထမဆု ဆွတ်ခူးရရှိပြီး၊ မြန်မာနိုင်ငံကပဲ Neutron Animation Group က တင်သွင်းတဲ့ “Beyond The Protection” (ကာကွယ်မှုရဲ့ တစ်ဖက်မှာ) ဆိုတဲ့ ကာတွန်း ဇာတ်ကားတိုက ဒုတိယရရှိသွားပါတယ်။

ပက်ထရစ်ရှာကို မယ်ကမ္ဘာမြန်မာပြိုင်ပွဲမှ ထုတ်ပယ်

Thursday, September 11, 2014
မယ်ကမ္ဘာမြန်မာအလှ မယ်ပြိုင်ပွဲ ဆန်ခါတင်စာရင်းဝင် စူပါမော်ဒယ် ပက်ထရစ်ရှာ သည် လေ့ကျင့်ရေး ရက်များတွင် ပုံမှန်လာရောက်ခြင်း မရှိသောကြောင့် ပြိုင်ပွဲမှထုတ်ပယ်လိုက်ကြောင်း  မယ်ကမ္ဘာမြန်မာ၏  တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် စက်တင်ဘာ ၁၀ ရက်က    ထုတ်ပြန် ထားသည်။

‘‘Activities လုပ်တဲ့နေရာမှာ တော့ အမြဲတမ်းပါပါတယ်။ အဓိ ကကတော့ Training ရက်တွေ မှာ ပုံမှန်မလာလို့ပါ။ ပထမတစ် ခေါက်ကလည်း အဲဒီလိုဖြစ် လို့ ကျွန်တော်တို့ဘက်က အချိန်ပေး ခဲ့ပါတယ်။ ဒုတိယအကြိမ်ကျ တော့ ကျွန်တော်တို့က သူတစ် ယောက်တည်းနဲ့လုပ်ရတာမဟုတ်ဘူး   အများနဲ့ လုပ်ရတာ’’  ဟု Forever BEC-Tero ကန်ထရီး မန်နေဂျာ ဦးစိုးသူရကပြောသည်။

Wednesday, September 10, 2014

အယ်လ်ကိုင်ဒါ အဖွဲ့ အရှိန်အဝါများ ပြန်လည် အဖတ်ဆည်နိုင်ရန် အတွက် တောင်အာရှဂိုဏ်းခွဲသစ် တည်ထောင်ခြင်းဖြစ်ဟု လေ့လာသူများ သုံးသပ်

Wednesday, September 10, 2014

အစ္စလာမ်မစ်နိုင်ငံတော် IS အဖွဲ့ ၏ ရက်စက်ကြမ်းကြုတ်မှု နှင့် တိုက်ခိုက်ရေးအောင်မြင်မှုများကြောင့် ယခင်က ကမ္ဘာတွင် အကြမ်းဖက်မှုနှင့် ပတ်သက်၍ အရှိန်အဝါ ကြီးမားခဲ့သော အယ်လ်ကိုင်ဒါ အဖွဲ့မှာ အရှိန်အဝါ ကျဆင်းလာခဲ့ပြီး တောင်အာရှဒေသတွင် ဂိုဏ်းခွဲသစ်တစ်ခု တည် ထောင်လိုက်ခြင်းအားဖြင့် ၄င်းတို့၏ သြဇာပြန်လည်ကြီးမားလာအောင် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည် ဟု  အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အယ်လ်ကိုင်ဒါအဖွဲ့ အရှိန်အဝါကျဆင်းသွားခဲ့ရသော အကြောင်းရင်းများထဲတွင် အိုစမာဘင်လာဒင် သတ်ဖြတ်ခံရခြင်း ကဲ့သို့သော အချက်များ လည်း ပါဝင်ပြီး တိုက်ခိုက်ရေးသမား အများအပြားမှာ အရှေ့အလယ်ပိုင်းရှိ IS အဖွဲ့ထံသို့ ကူးပြောင်းသွားကြသည်။

ABSDF မည်ကဲ့သို့ဆက်လက်ရပ်တည်မလဲ

Wednesday, September 10, 2014

ကျောင်းသားများကို ကိုယ်စားပြုသည့် ABSDF ဟူသော လက်နက် ကိုင်အဖွဲ့ စည်းတစ်ခု နှစ်ခြမ်း ကွဲသွား သည် ဆိုသောသတင်းကို အချို့တွေသိရှိနေ ကြလောက်ပြီး ဖြစ်မည်ထင်ပါသည်။ သူတို့ဘာကြောင့် ကွဲထွက် ခဲ့ရသလဲ၊ ဘယ်လိုခံယူချက်တွေကြောင့် ခွဲထွက်ခဲ့ရသလဲဆိုတာကတော့ မည်သူမျှ တိတိ ကျကျ သိနိုင်ကြမည် မဟုတ်ပေ။ ABSDF ဆိုသောအဖွဲ့စည်းဆိုသည်မှာ လည်း ကျောင်းသားများကို ကိုယ်စားပြုသော လက်နက်ကိုင် အဖွဲ့စည်းဟူ၍ အကြမ်းဖျဉ်းသိထားလောက်သူများလည်းရှိပေလိမ့်မည်။

၎င်းတို့မည်သူတွေကို ကိုယ်စား ပြုကြသလဲ မည်ကဲ့သို့သောယုံကြည်ချက် ခံယူချက်များဖြင့် တိုင်းပြည်နှင့်လူမျိုးအပေါ် ပေးဆပ် နေကြသလဲ ဟု မေးလာ လျှင်တော့ ပြန်ဖြေဘို့ ခက်ခဲ့ကြလိမ့်မည်ထင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၁၉၈၈ ခုနှစ်မှ အစပြု၍ ပေါ်ပေါက်လာခဲ့သော ABSDF အဖွဲ့စည်းအနေဖြင့် ယနေ့အချိန်တွင် နိုင်ငံရေးဇတ်ခုံပေါ်မှ ပျောက်ကွယ် လုနီးပါး ဖြစ်နေချေပြီ။

Sunday, September 07, 2014

ဆီးရီးယားရှိ အစ္စလာမ္မစ်သူပုန်များကို သမ္မတအိုဘားမား တိုက်မိန့်ပေး

Sunday, September 7, 2014

သြဂုတ်လ ၂၇ ရက်က မြောက်ကာရိုလိုင်းနားပြည်နယ်၊ ချားလော်တေး (Char Lotte) မြို့ ၌ ကျင်းပသည့် စစ်မြန်စစ်မှုထမ်း ဟောင်းများ၏ ၉၆ ကြိမ်မြောက် နှစ်ပတ်လည်သင်းလုံးကျွတ်ညီလာ ခံတွင် တက်ရောက်မိန့်ခွန်းပြော ကြားခဲ့သည်။ ထိုအစည်းအဝေး တွင် သမ်္မတက ““ယခုအခါ အိုင် အက်စ်သူပုန်များမှာ တရားဥပဒေ ၏ ဒဏ်ခတ်ခြင်းကို မလွဲမသွေ ခံကြရတော့မည်ဖြစ်ကြောင်း၊ မိမိ အနေဖြင့်ဆီးရီးယားရှိအစ်္စလာမ်္မစ် စတိတ် (IS) အမည်ခံ ဂျီဟဒ် အစွန်းရောက်များကိုလေကြောင်း မှ တိုက်ရန်ဆုံးဖြတ်လိုက်ပြီဖြစ် ကြောင်း၊

ပညာရေးဝန်ထမ်းအများစု အမျိုးသားပညာရေးဥပဒေကြမ်းကို မဖတ်ရှုရသေး

Sunday, September 7, 2014

ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသည့် မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသားပညာရေးဥပဒေမူကြမ်းကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သဘောတူလက်ခံခြင်းမရှိဘဲ ပြန်လည်ပြင်ဆင်ရန် သဘောထားမှတ်ချက် ၂၅ ချက်နှင့်အတူ ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့သည်။

Saturday, September 06, 2014

အယ်လ်ကေဒါ ခြိမ်းခြောက်မှု အပြီးတွင် လုံခြုံရေးအတွက် အိန္ဒိယတပ်လှန့်

Saturday, Setember 06, 2014
အယ်လ်ကေဒါအဖွဲ့က အိန္ဒိယ တိုက်ငယ်နိုင်ငံများတွင် အဖွဲ့ခွဲ တည်ထောင်ပြီးကြောင်း ထုတ်ပြန်သည့် ဗီဒီယို ထွက်ရှိလာပြီးသည့် နောက်တွင် အိန္ဒိယအစိုးရက နိုင်ငံတစ်ဝန်းလုံးရှိ လုံခြုံရေးတပ်များကို တပ်လှန့်ထားခဲ့ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

ဗီဒီယ ထုတ်ပြန်ဖော်ပြချက်တွင် အယ်လ်ကေဒါ ခေါင်းဆောင် အေမန်အယ် ဇာဝါဟီရီက အိန္ဒိယတိုက်ငယ် အတွင်းရှိ အယ်လ်ကေဒါများက ဂျီဟတ်အလံကို လွှင့်တင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ခါကာဘိုရာဇီရေခဲတောင်တက်ခဲ့သည့် တောင်တက်အဖွဲ့ အဆင်းတွင်ပျောက်ဆုံးနေသည်ဆိုသည့် ကောလာဟလများကို တာဝန်ရှိသူငြင်း

Saturday, Setember 06, 2014
အရှေ့တောင်အာရှ၏ အမြင့်ဆုံး ခါကာဘိုရာဇီရေခဲ တောင်ထိပ်သို့ သြဂုတ်လကုန်က အောင်အောင်မြင်မြင်တက် ရောက်နိုင်ခဲ့သည့် ပထမဆုံးမြန် မာတောင်တက်အဖွဲ့သည် ယခု အခါ အဆင်းလမ်းခုလတ်တွင် သာဖြစ်ပြီး ပျောက်ဆုံးနေခြင်းမ ဟုတ်ကြောင်း တက္ကသိုလ်များ ခြေလျင်နှင့် တောင်တက်အသင်းမှ တာဝန်ရှိသူကပြောသည်။

ယင်းတောင်တက်အဖွဲ့ သည် မြန်မာနိုင်ငံ မြောက်ဖျား၊ ကချင်ပြည်နယ်ရှိ ၅၈၈၁ မီတာ (၁၉,၂၉၄ ပေ)မြင့်သည် ခါကာ ဘိုရာဇီတောင်ထိပ်သို့ သြဂုတ်  ၃၁ ရက် ညနေ ၅နာရီ ၁ မိနစ် က ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ အလံ လွှင့်ထူနိုင်ခဲ့သည်။ စက်တင်ဘာ ၁ ရက်က ပြန်လည်ဆင်းသက် လာရာ စက်တင်ဘာ ၅ ရက် နေ့ ညအထိ အဆက်အသွယ်မရဖြစ် နေ၍ ယင်းအဖွဲ့ပျောက်ဆုံးနေ သည်ဆိုသော သတင်းများထွက် ပေါ်နေခြင်းဖြစ်သည်။ တက္ကသိုလ် များ ခြေလျင်နှင့် တောင်တက် အသင်းကမူ ပျောက်ဆုံးနေသည် ဆိုသော သတင်းများကို ငြင်းဆို လိုက်သည်။