Showing posts with label အထူးသတင်း. Show all posts
Showing posts with label အထူးသတင်း. Show all posts

Thursday, July 03, 2014

ဈေးချိုပြန်ဖွင့်သော်လည်း ဆိုင်ခန်းအချို့ ဖွင့်လှစ်ခြင်းမရှိ

Thursday, July 3, 2014

ကောလာဟလများ ထွက်ပေါ်ခဲ့သော မန္တလေး ဈေးချိုတော်သည် ဇူလိုင် ၂ ရက်တွင် ပုံမှန်ဖွင့်လှစ်ရောင်းချခဲ့ သော်လည်းဆိုင်ခန်းအချို့မှာ ဖွင့်လှစ် ခြင်းမရှိသေးကြောင်း သတင်းရရှိ သည်။

ဇွန်လ ၁ ရက်ညက မန္တလေး ဈေးချိုတော်ဝန်းကျင်တွင် လူစု လူဝေးများ ဖြစ်ပွားခဲ့ပြီးနောက် ဇွန်လ ၂ ရက် နံနက် ၈ နာရီဈေး ဖွင့်ပြီးမကြာမီ အဆင့်မြင့်ဈေးချို တော် (A)ရုံ၌ ဗုံးတွေ့ရှိသည်ဟု ကောလာဟလများ ထွက်ပေါ် ခဲ့သည်။ တာဝန်ရှိသူများ သွား ရောက်စစ်ဆေးရာတွင် ဗုံးမဟုတ် ဘဲ အမှိုက်များထည့်ထားသည့် အထုပ်တစ်ခုသာ ဖြစ်ကြောင်း အဆင့်မြင့်ဈေးချိုတော် ဈေး အကျိုးတော်ဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ ဦးမြကျော်ဦးကပြောသည်။

ပြင်ပတွင် ဈေးချိုတော်ပိတ် သည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း ပုံမှန် အတိုင်းဖွင့်လှစ်ရောင်းခဲ့ကြောင်း၊ သို့သော်အဆင့်မြင့်ဈေးချိုတော် တောင်ဘက်တိုက်တန်းနှင့်ဈေး ချိုမန်းမြန်မာပလာဇာရှိ မွတ်စလင်ဆိုင်အများစုမှာ ဖွင့်လှစ်ရောင်းချမှုမရှိကြောင်း ဈေးချိုတော်မှဆိုင်ရှင်အချို့ကပြောသည်။  လာ ရောက်ဖွင့်လှစ်ခဲ့သည့်ဆိုင်အချို့မှာလည်း ပုံမှန် ညနေ ၄ နာရီခန့်ထိ ဖွင့်လေ့ရှိသော်လည်း ယနေ့တွင် မွန်းလွဲ ၂နာရီဝန်းကျင်ကတည်းက ပိတ်သိမ်းစပြုနေသည်။

Tuesday, July 01, 2014

မစားသင့်တဲ့ CP အမှတ်တံဆိပ် ကြက်သည်း ကြက်မြစ်တွေ ဖမ်းမိ

Tuesday, July 01, 2014

မြဝတီ နယ်စပ်ကနေ ရန်ကုန်မြို့တော်သို့ တင်သွားလာတဲ့ မစားသင့်တဲ့ CP အမှတ်တံဆိပ် ကြက်သည်း၊ ကြက်မြစ်တွေကို ဖမ်းဆီးလိုက်ပါတယ်။

ထိုင်းနိုင်ငံကနေ မြဝတီ၊ မော်လမြိုင်၊ ရန်ကုန်မြို့တော်သို့ အဆင့်ဆင့် သယ်ယူလာတဲ့ အဲဒီ ကြက်သည်း၊ ကြက်မြစ်တွေကို ညောင်ခါးရှည် မိုဘိုင်းတင်းမ်အဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။

Monday, June 30, 2014

သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် လာမည်


Monday, June 30, 2014

သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop ဟာ မြန်မာနိုင်ငံကို ဒီသီတင်းပတ်အတွင်း လာရောက်မှာ ဖြစ်ပါတယ်။

သြစတေးလျ နိုင်ငံခြားရေးဝန်ကြီးဟာ သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ခရီးစဉ်အတွင်း မြန်မာပြည် ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေအပေါ် သြစတေးလျ က အားပေးထောက်ခံ နေကြောင်း ထပ်မံအတည်ပြုပြောကြားမှာဖြစ်သလို၊ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေ နဲ့ ငြိမ်းချမ်းရေးလမ်းစ ရှာဖွေရာမှာ နဲ့ ရခိုင်ပြည်နယ်က ဘာသာလူမျိုးပဋိပက္ခတွေကြောင့် လုံခြုံရေး နဲ့ လူသားချင်းစာနာကူညီမှုတွေ အတွက် သြစတေးလျ ရဲ့ အရေးပါတဲ့နေရာ တွေအကြောင်း ဆွေးနွေးပြောဆိုမယ်လို့ သိရပါတယ်။

Monday, May 26, 2014

မြေနုကျွန်း အငြင်းပွားရာမှ စိုက်ခင်းနှင့် လူနေတဲများ မီးရှို့ဖျက်ဆီး

Monday, May 26, 2014

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် အဖျောက်မြို့ ကြားတွင် ဖြစ်ထွန်းနေသော မြေနုကျွန်းတွင် မေလ ၂၃ ရက်နေ့က ပိုင်ဆိုင်မှု အငြင်းပွားရာမှ စိုက်ခင်းနှင့် လူနေတဲများ မီးရှို့ဖျက်ဆီးမှု ဖြစ်ပွားကြောင်း ဒေသခံများနှင့် ဇလွန်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ရေပေါ်သောင် ကျေးရွာ အုပ်စု၌ မြစ်ရေ တိုက်စားမှုကြောင့် လယ်မြေများ ဆုံးရှုံးခဲ့ရခြင်းကြောင့် ၂၀၀၂ -၂၀၀၃ ခုနှစ်မှစတင်၍ ဇလွန်မြို့နယ် ကြာအင်း ကျေးရွာအုပ်စုရှိ ဆွယ်ပွားကျွန်းကို တိုင်းဒေသကြီးနှစ်ခုရှိ ကျေးရွာအေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင်များက နှစ်စဉ် ဖြေရှင်းပေးခဲ့ရကြောင်း၊ ယင်းမြေနုကျွန်း အငြင်းပွားမှုကို တိုင်းဒေသကြီးအဆင့်နှင့် ခရိုင်အဆင့် တာဝန်ရှိသူများ ကိုယ်တိုင် မြေယာခွဲဝေ ပေးခဲ့သော်လည်း ဒေသခံ နှစ်ဖက်တောင်သူများ ကျေနပ်ခြင်း မရှိသောကြောင့် မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်ဟု ဇလွန်မြို့နယ် ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ဆိုသည်။

Friday, May 23, 2014

မုန်တိုင်းငယ် ရခိုင်ကမ်းရိုးတန်းဘက်သို့ ရွေ့လျားလာ မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်းဒေသများတွင် မုန်တိုင်းသတိပေးချက်ထုတ်ပြန်

Friday, May 23, 2014
ဘင်္ဂလားပင်လယ်အော် တွင်ဖြစ်ပေါ်နေသော မုန်တိုင်း ငယ်သည် မေလ ၂၂ ရက် ည ၆ နာရီအချိန်တိုင်းတာချက်များအရ ရခိုင်ကမ်းရိုးတန်းဘက်သို့ ဦး တည်ရွေ့လျား လာနေသော ကြောင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပြီး မြစ်ဝကျွန်းပေါ် နှင့် ရခိုင်ကမ်းရိုးတန်းဒေသ၌ မုန်တိုင်းအန္တရာယ်သတိပေးချက် ထုတ်ပြန်ထားကြောင်း မိုး/ဇလ ဌာနဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးကျော်မိုးဦးကပြောသည်။

‘‘မေ ၂၃ ရက် မနက်ကနေညနေအထိ ဂွမြို့နဲ့နီးတဲ့ ရခိုင်ကမ်းရိုးတန်းကို အနီးဆုံးကပ်လာပြီးမှ အဲဒီကတစ်ဆင့် အနောက်၊အနောက်မြောက်ဘက်(ဘင်္ဂလားဒေ့ရှ်ကမ်းခြေ)ကို ထောင်တက်သွားနိုင်တယ်။ ရခိုင်ကမ်းရိုးတန်းအတွက်တော့ လိမ္မော်ရောင် အဆင့်ရောက်နေတယ်’’ ဟု ဦးကျော်မိုးဦးကပြောသည်။

Thursday, January 30, 2014

ဒုချီးရားတန်းသတင်းထုတ်ပြန်ချက် ဗြိတိန်နိုင်ငံခြားရေးဌာနပြန်ရုပ်သိမ်း


Thursday, January 30, 2014

ရခိုင်ပြည်နယ် မောင်တောမြို့ နယ် ဒုချီးရားတန်းကျေးရွာ၌ ယခု လ ၂၁ရက်က ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်နှင့်ပတ်သက်၍ ဘင်္ဂါလီ များအသတ်ခံရသည်ဆိုသောသက် သေမရှိသည့်သတင်းများကို အခြေ ခံ၍ စိုးရိမ်ကြောင်းကြေညာချက် ထုတ်ခဲ့ပြီး စုံစမ်းစစ်ဆေးရန် တိုက် တွန်းခဲ့သည့် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်ကို ပြန် လည်ရုပ်သိမ်းကြောင်းယနေ့သတင်း ထုတ်ပြန်ထားသည်။

ယမန်နေ့တွင် ရန်ကုန်မြို့ နိုင်ငံ ခြားရေးဝန်ကြီးဌာန၌ပြုလုပ်ခဲ့သည့် ဒုချီးရားတန်းဖြစ်စဉ်များအပေါ် အခြေခံသည့်သက်သေမခိုင်လုံသော သတင်းများအပေါ်ပြန်လည်ရှင်းလင်း ပွဲပြီးနောက် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာနကယခုလိုသတင်းထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ အပါ အဝင် သံအမတ်များကို ရှင်းလင်း ပြောကြားခဲ့သည့် အဆိုပါရှင်းလင်း ပွဲပြီးနောက် သမ္မတရုံးညွှန်ကြားရေးမှူးဦးဇော်ဌေးက ၄င်း၏ဖေ့စ် ဘုတ်စာမျက်နှာမှတစ်ဆင့် ဒုချီး ရားတန်းပြဿနာနှင့် ပတ်သက်၍ လူ့အခွင့်အရေးခေါင်းစဉ်အောက်၌ Campaign လုပ်သူများနှင့် နိုင်ငံ တကာသတင်းဌာန များအပေါ် သဘောထားမှတ်ချက်ပြုသည့် ကြေညာချက်တစ်ခု ထုတ်ပြန်ထားသည် ကိုတွေ့ရသည်။ 

မြန်မာ့ပိုင်နက်ကို အိန္ဒိယကျူးကျော်ဟု နိုင်ငံတော်သမ္မတက သဝဏ်လွှာပေးပို့


Thursday, January 30, 2014

မြန်မာ -အိန္ဒိယ နယ်စပ်တွင် အိန္ဒိယနိုင်ငံဘက်က လူနေအိမ်၊ အားကစားကွင်းနှင့် ကားလမ်းများ နယ်နိမိတ် ကျူးကျော် ဆောက်လုပ် ထားသောကြောင့် နှစ်နိုင်ငံ ပူးပေါင်း စစ်ဆေးဖယ်ရှားနေ ရကြောင်း နိုင်ငံတော်သမ္မတက ဇန်နဝါရီ ၂၈ ရက်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့လိုက်သည်။

ကျူးကျော် ဆောက်လုပ်ထားသည် များမှာ နှစ်နိုင်ငံကြား နယ်နိမိတ်မှတ်တိုင် စိုက်ထူခြင်း မပြုရသေးသော နယ်ခြားမှတ်တိုင် BP (boundary Pillar) ၇၆ နှင့် စိုက်ထူပြီးသော BP ၇၇ ကြားရှိ အိန္ဒိယနိုင်ငံ ဟောင်လင်းဖိုင်ရွာမှ နေအိမ်၊ ကစားကွင်းနှင့် ကားလမ်းတို့ ဖြစ်ကြောင်း၊ ယင်းအပြင် BP ၇၈ နှင့် BP ၇၉ ကြားရှိ လူနေအိမ်နှင့် ခြံဝင်းအချို့ အပါအဝင် မီးတိုင် ၃ တိုင်လည်း ကျူးကျော် တည်ရှိနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဖယ်ရှားရေးကို ဆက်လက် လုပ်ဆောင်နေရကြောင်း သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

Tuesday, January 28, 2014

ကမ္ဘာ့ ဘဏ်က ကူညီ ထောက် ပံ့ မှု များသည် မြန်မာ ပြည်သူများ အတွက် များစွာ အထောက်အကူ ပြုမည်


Tuesday, January 28, 2014
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Dr. Jim Yong Kim ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၉နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကမ္ဘာ့ဘဏ်မှ ကူညီ ထောက်ပံ့ ပေးနေမှု၊ ကမ္ဘာ့ဘဏ်မှ ကူညီထောက်ပံ့မှု များသည် မြန်မာပြည်သူများ အတွက် များစွာ အထောက်အကူ ပြုမှု၊ လာမည့်သုံးနှစ်တာ ကာလအတွင်း ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအား အမေရိကန် ဒေါ်လာသန်း ၂ဝဝဝ ထောက်ပံ့ ပေးမည်ဖြစ်ပြီး နောင်တွင် ယခုထက် ပိုမိုကူညီ ထောက်ပံ့သွားရန် စီစဉ်ထားရှိမှု၊ ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံ၌ စွမ်းအင်၊ ကျန်း မာရေးနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် အလေးထား ပူးပေါင်း ဆောင်ရွက်ရန် စီစဉ် ထားမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြသည်။

ရှေးဟောင်း ဘုရားဋ္ဌာပနာများတွေ့ ရှိ


Tuesday, January 28, 2014
ညောင်ဦးမြို့ နယ်လက်ပံခြေပေါ်အုပ်စုဧရာဝတီတံတားကြီးအရှေ့ ဘက် ရွှေတောင်ကုန်းနယ်မြေမှာ ပြန်လည်မွန်းမံတည်ထားကိုးကွယ်ထားတဲ့ မြသိန်းတန်စေတီရှိပါတယ်...

Monday, January 27, 2014

ပဲခူးတိုင်းလယ်သမားများ၏ အခက်အခဲ NDFပါတီမှ တွေ့ဆုံဆွေးနွေးကာ သက်ဆိုင်ရာအစိုးရအဖွဲ့ထံ တင်ပြမည်


Monday, January 27, 2014

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) အနေဖြင့် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ပဲခူးတိုင်းသို့ သွား ရောက်ကာ ပဲခူးတိုင်းရှိ တောင်သူလယ်သမားများ၏ အခက်အခဲများကို တွေ့ဆုံဆွေးနွေး၍ သက်ဆိုင်ရာ ဌာနများသို့ တင်ပြသွားမည်ဟု ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။

“ပါတီအနေနဲ့ ပဲခူးတိုင်းမှာ လယ်ယာမြေ ပြဿနာတော်တော်များများကို ဖြေရှင်းပေးခဲ့ဖူးတယ်။ အခု လည်း ဖေဖော်ဝါရီ လဆန်း ဥပမာ-၇၊ ၈၊ ၉ ရက်လောက် ဖြစ်မယ်။ အဲဒီလောက်မှာ သွားမယ်။ တောင် သူတွေနဲ့ တွေ့ဆုံပြီး သူတို့တွေရဲ့အသံကို နားထောင်မယ်။ ပြီးရင် ပါတီဘက်ကလည်း ဆွေးနွေးမှုတွေ ပေးမယ်။ လမ်းကြောင်း ပေးမယ်” ဟု ပြောသည်။

တစ်နိုင်ငံလုံးအပစ်ရပ်ရေး မတ်လ လက်မှတ်ထိုးမည်


Monday, January 27, 2014

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် အပြီးသတ်သဘောတူညီမှုအား မတ်လတွင် လတ်မှတ်ရေးထိုးနိုင်ရန် စီစဉ်ထားသည်ဟု အစိုးရငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မတီ၏ လုပ်ငန်းအဖွဲ့မှ အကြီးတန်းအရာရှိ ဦးလှမောင် ရွှေက မဇ္ဈိမသို့ ပြောသည်။

အပြီးသတ်လတ်မှတ်ရေးထိုးနိုင်ရန် အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များအကြား မူကြမ်းများအပေါ် နှစ်ဖက် သဘောတူရန် ဆွေးနွေးမှု အပြီးသတ်အဖြစ် နှစ်ကြိမ်နှင့် သုံးကြိမ်ကြား ထပ်မံတွေ့ဆုံဦးမည်ဟုလည်း ဦးလှမောင်ရွှေက ဆိုသည်။

အခြေခံဥပဒေပြင်ရန် ကူညီနိုင်သူများက မကူညီခြင်းအပေါ် ဒေါ်စု မေးခွန်းထုတ်


Monday, January 27, 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေး ကူညီနိုင်သူများက မကူညီခြင်းသည် တိုင်းပြည်အတွက် အမှန် တကယ် စေတနာရှိရဲ့လားဟု ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီလ ၂၆ ရက်က တောင်ကြီးမြို့တွင် ကျင်းပသော အခြေခံဥပဒေဆိုင်ရာ လူထုဟောပြောပွဲ၌ မေးခွန်းထုတ်လိုက်သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို အထောက်အကူပေးနိုင်တဲ့ ပုဂ်္ဂိုလ်၊ ပြုပြင်ပြောင်းလဲရေး ဖြစ်အောင် လုပ်ပေးနိုင်တဲ့ ပုဂ်္ဂိုလ်တွေက လုပ်မပေးလို့ရှိရင်တော့ ဒီပုဂ်္ဂိုလ်တွေက တိုင်းပြည်အတွက် တ ကယ်ပဲစေတနာရှိရဲ့လားလို့ ကျွန်မတို့ မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်”ဟု ပြောကြားလိုက်ခြင်းဖြစ်သည်။

ထိုင်းအတိုက်အခံ ခေါင်းဆောင်တဦး ပစ်သတ်ခံလိုက်ရ


Monday, January 27, 2014
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်နားအရပ် သီရိ အီအမ် (Sri Iam ) ဘုန်းကြီးကျောင်းမှာ မဲရုံကို ကန့်ကွက် ဆန္ဒပြကြတဲ့ People Democratic Force ( ရှပ်ဝါ ) ခေါင်းဆောင်တဦး ဖြစ်သူ မစ္စတာ ဆူထင်း ထားရထင်း ( Suthin Tharathin) ဟာ ဇန်နဝါရီလ ၂၆ ရက်နေ့ နေ့လယ် ၁၁ နာရီ ခွဲကျော်က သေနတ်နဲ့ ပစ်သတ်ခံ လိုက်ရပါတယ်။ 

ထိုင်းနိုင်ငံတဝှမ်း ဖေဖော်ဝါရီလ ၂ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးပွဲတွေ လုပ်နေရာမှာ ကြိုတင် မဲရုံတွေကို ဆန္ဒပြသူတွေက ကန့်ကွက်ဆန္ဒပြနေကြခဲ့ကြတာပါ။ 

Thursday, December 05, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဖိလစ်ပိုင်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်


Thursday, December 05, 2013
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဖိလစ်ပိုင်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ရန် ဒီဇင်ဘာ ၄ ရက် နံနက် ၁၀ နာရီက နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

သမ္မတ၏ ယခုခရီးစဉ်သည် ဖိလစ်ပိုင် သမ္မတနိုင်ငံသမ္မတ မစ္စတာဘီနင်နိုဘတ်စ် အကွီနို(၃)၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်ထိ သုံးရက်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

Thursday, November 07, 2013

ပုဒ်မ ၁၈ ပယ်ဖျက်ရေး လှုပ်ရှားမှုများ ပြုလုပ်ရန် စီစဉ်


Thursday, November 7, 2013

ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် သူများကို အဟန့်အတား ဖြစ်စေသော ပုဒ်မ ၁၈ ပယ်ဖျက်ရေး လှုပ်ရှားမှုများ ပြုလုပ်မည် ဖြစ်ကြောင်း မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (Generation Wave-GW) က ပြောကြား
လိုက်သည်။

လူ့အခွင့်အရေး အဖွဲ့များ၊ ဥပဒေဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့များ၊ ပုဒ်မ ၁၈ ဖြင့် တရားစွဲခံထားရသူ နှင့် ဖမ်းဆီး ခံထားရသူများ စုပေါင်း၍ ယမန်နေ့က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်း၌ ဆွေးနွေးညှိနှိုင်းပြီး လုပ်ငန်းစဉ် ၄ ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် သဘောတူခဲ့ခြင်း ဖြစ်ကြောင်း GW မှ ကိုမိုဃ်းသွေးက ပြောသည်။

Thursday, October 31, 2013

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတလောင်း အဖြစ် တပ်တွင်း ရေပန်းစား



Thursday, October 31, 2013

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲ အလွန် ၂၀၁၆ ခုနှစ်တွင် အသက် ၆၀ ပြည့်၍ တပ်မတော်မှ အငြိမ်းစားယူရမည်ဖြစ်ကာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ်တင်မြှောက်မည့် ဒုတိယသမ္မတဖြစ်လာပြီး သမ္မတ ဖြစ်နိုင်ခြေရှိကြောင်း တပ်တွင်း သတင်း ရပ်ကွက်မှ စုံစမ်း သိရှိရသည်။

Saturday, October 12, 2013

Tropical Cyclone 02B(Phailin) ရဲ့ပြည်တော်ဝင်


Saturday, 12 October 2013


(၁) Tropical Cyclone 02B (Phailin) ဟာ (၁၂-၁၀-၂၀၁၃၀)ရက် နံနက် (၃)နာရီခွဲအချိန် JTWC/S AT OPS ဂြိုဟ်တုနဲ့ Euromet ဂြိုဟ်တုများမှ ရိုကယူပေးထားတဲ့တိမ်ပုံတွေအရ ဆက်လက်အားကောင်း နေ ဆဲဖြစ်ပါတယ်။ ဒီကနေ့(၁၂-၁၀-၂၀၁၃) ရက်ညနေမှာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း သြရိဿကမ်း ခြေ ကို စတင်ဖြတ်ကျော်တော့မှာ ဖြစ်ပါတယ်။ အင်အား Super Cyclone Category V အမြင့်ဆုံးအင်အားအ ဆင့်နဲ့ ဖြတ်မှာမို့ အသေအပျောက် အပျက်အစီးတွေတော့ များနိုင်ပါတယ်။

Wednesday, October 02, 2013

သံတွဲပဋိပက္ခ ၄ ဦး အပြင်းအထန်ဒဏ်ရာရ၊ တဦးပျောက်ဆုံး

Wednesday, October 2, 2013


သံတွဲတွင် လူမျိုးရေးပဋိပက္ခအသွင် ဆူပူအကြမ်းဖက်မှုများ တစ်ကျော့ပြန် သက်ဝင်လာ

Wedesday, October 2, 2013


သံတွဲမြို့နယ် ရွှေလှေကျေးရွာအုပ် စု၌ အောက်တိုဘာ ၁ ရက်နေ့ မနက် ပိုင်းက ဆူပူအကြမ်းဖက်မှု ဖြစ်ပွားခဲ့ ရာ လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာ ရရှိမှုတို့ ရှိခဲ့ကြောင်း အမျိုးသားလွှတ် တော် ကိုယ်စားလှယ် ဦးမြင့်လှိုင်က ပြောသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မလေးရှား နိုင်ငံ ဘုရင်၏ Hon ourary Malaysian Armed Forces Order For Valour (First Degree)- Gallant Commander of Malaysian Armed Forces ဘွဲ့တံဆိပ် ပေးအပ် ချီးမြှင့်

Wednesday, October 2, 2013
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာ ၁ ရက် ဒေသ စံတော်ချိန် ၉ နာရီတွင် National Palace၌ ကျင်းပ ပြုလုပ်သည့် မလေးရှား တပ်မတော်၏ နှစ်(၈ဝ) မြော က်နေ့တွင် မလေးရှားနိုင်ငံ ဘုရင်မှ ပေးအပ် ချီးမြှင့်သော ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ် ပေးအပ်ချီးမြှင့်ပွဲ အ ခမ်းအနားသို့ တက်ရောက်၍ ဘွဲ့တံဆိပ် အား လက်ခံ ရယူသည်။