Thursday, January 30, 2014

ဒုချီးရားတန်းသတင်းထုတ်ပြန်ချက် ဗြိတိန်နိုင်ငံခြားရေးဌာနပြန်ရုပ်သိမ်း


Thursday, January 30, 2014

ရခိုင်ပြည်နယ် မောင်တောမြို့ နယ် ဒုချီးရားတန်းကျေးရွာ၌ ယခု လ ၂၁ရက်က ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်နှင့်ပတ်သက်၍ ဘင်္ဂါလီ များအသတ်ခံရသည်ဆိုသောသက် သေမရှိသည့်သတင်းများကို အခြေ ခံ၍ စိုးရိမ်ကြောင်းကြေညာချက် ထုတ်ခဲ့ပြီး စုံစမ်းစစ်ဆေးရန် တိုက် တွန်းခဲ့သည့် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်ကို ပြန် လည်ရုပ်သိမ်းကြောင်းယနေ့သတင်း ထုတ်ပြန်ထားသည်။

ယမန်နေ့တွင် ရန်ကုန်မြို့ နိုင်ငံ ခြားရေးဝန်ကြီးဌာန၌ပြုလုပ်ခဲ့သည့် ဒုချီးရားတန်းဖြစ်စဉ်များအပေါ် အခြေခံသည့်သက်သေမခိုင်လုံသော သတင်းများအပေါ်ပြန်လည်ရှင်းလင်း ပွဲပြီးနောက် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာနကယခုလိုသတင်းထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ အပါ အဝင် သံအမတ်များကို ရှင်းလင်း ပြောကြားခဲ့သည့် အဆိုပါရှင်းလင်း ပွဲပြီးနောက် သမ္မတရုံးညွှန်ကြားရေးမှူးဦးဇော်ဌေးက ၄င်း၏ဖေ့စ် ဘုတ်စာမျက်နှာမှတစ်ဆင့် ဒုချီး ရားတန်းပြဿနာနှင့် ပတ်သက်၍ လူ့အခွင့်အရေးခေါင်းစဉ်အောက်၌ Campaign လုပ်သူများနှင့် နိုင်ငံ တကာသတင်းဌာန များအပေါ် သဘောထားမှတ်ချက်ပြုသည့် ကြေညာချက်တစ်ခု ထုတ်ပြန်ထားသည် ကိုတွေ့ရသည်။ 

အဆိုပါ ကြေညာချက်တွင် လူ့အခွင့်အရေး ခေါင်းစဉ်မှာ ကမ္ဘာပေါ်တွင် အော် ဟစ်ြေ<ွကးကြော်၍ကောင်းသော အကြောင်းတရားတစ်ခုဖြစ်ကြောင်း၊ ရန်ပုံငွေကောင်းလာသောအကြောင်း တရားဖြစ်ကြောင်း၊ နှစ်ပေါင်းများစွာ စနစ်တကျကွန်ရက်ချိတ်ဆက်ဆောင်ရွက်ခဲ့သော Campaign များ၏ အရှိန်အဟုန်မှာ ကြီးမားနေဆဲဖြစ်သောကြောင့် အစိုးရပြောတာမယုံ၊ Campaign သမားများ၏ အပြော အဆိုများကိုသာ ယုံကြည်ခဲ့ကြသော နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာသတင်းဌာနများအနေနှင့် မှတ်တမ်းဟောင်းများနှင့်ချိန်ထိုးကာ သတင်းမှားများကို အဟုတ်အမှန်ဟုထင်မြင်ယူဆခဲ့ကြခြင်းမှာ ယခု ဖြစ်စဉ်တွင်အထင်
အရှားပေါ်ထွက်လာခဲ့ကြောင်း၊ ဆယ်စုနှစ်နှင့်ချီ၍ ထင်ကျန်ခဲ့သောပုံရိပ်ကို အစိုးရသစ် သက်တမ်းနှစ်နှစ်ခွဲကျော်အားထုတ်မှုဖြင့် အပြီးအပြတ်ချေ
ဖျက်နိုင်ရန် မလွယ်ကူကြောင်း၊ သို့သော် အတတ်နိုင်ဆုံး ချေဖျက်နိုင်ရန်
အားထုတ်နေကြောင်းဖော်ပြထားသည်။

ရှင်းလင်းပွဲပြုလုပ်ခဲ့သည့် ယမန်နေ့တွင် ဒုချီးရားတန်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်မှုမှာ လူမနေသည့်နေအိမ်
များအောက်တွင် ထင်းများပုံ၍မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု
ယူဆကြောင်း မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်စန်းက ဘီဘီစီသတင်းဌာနသို့ပြောကြားသည်။ အဆိုပါ မီးလောင်မှုတွင် အိမ် ၁၆လုံးဆုံးရှုံးခဲ့ကြောင်းလည်းသိရသည်။ မီးငြှိမ်းသတ်ရန်ရောက်ရှိသွားချိန်၌ အမျိုး သမီးတစ်ဦးသာတွေ့ရကြောင်းနှင့် မီးလောင်ရသည့်အကြောင်းရင်းကို အဆိုပါအမျိုးသမီးက မပြောနိုင် ကြောင်း ဘီဘီစီသတင်းဌာနက
ဖော်ပြထားသည်။ 

မီးလောင်မှုနှင့်ပတ်သက်၍ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ၄င်း၏ဖေ့စ်ဘုတ်စာမျက်နှာတွင် မီးလောင်မှုနှင့်မရှေးမနှောင်းမှာပင် အင်တာနက်စာမျက်နှာ များအပေါ်၌ ဘင်္ဂါလီတက်ကြွလှုပ်ရှားသူများက မီးလောင်နေသည့်ဓာတ်ပုံများဖြင့်သတင်းအမှားများ တိုက်ဆိုင်စွာ ထပ်မံထုတ်ပြန်ခဲ့ကြကြောင်း၊ တိုက်ဆိုင်မှုများ များပြားလွန်းနေခြင်း
သည်မကောင်းကြောင်း၊ နိုင်ငံတကာကလည်း အခြေအနေမှန်များကို သိရှိနားလည်သဘောပေါက်စပြုလာပြီဖြစ်ကြောင်း၊ တိုက်ဆိုင် မှုများ ဖန်တီးနေသူများကိုမေးလိုသည်မှာ ပြဿနာဖြေရှင်းနိုင်ရန် ကူညီမလား၊ ပြဿနာများပိုဆိုးသည်ထက် ဆိုးစေရန်လှုံ့ဆော်နေ
မည်လားဟုပင်ဖြစ်ကြောင်းဖော်ပြထားသည်။

The Union Daily

No comments: