Wednesday, May 22, 2013

မိတ္ထီလာ ပဋိပက္ခအရေးပေါ်အခြေအနေအတွက် လွှတ်တော်က ရက်ပေါင်း ၆၀ သတ်မှတ်

Wednesday, May 22, 2013
မိတ္ထီလာပဋိပက္ခ အခြေအနေများ ထိန်းသိမ်းနိုင်ရေး အတွက် သမ္မတ၏ အရေးပေါ် အခြေအနေ ကြေ ညာချက် အမိန့် ထုတ်ပြန်မှုကို ယနေ့ နေပြည်တော် တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အထူး အစည်းအဝေးက အတည်ပြု ပေးလိုက်ပြီး အရေးပေါ် အခြေအနေ ကာလကို ရက်ပေါင်း ၆၀ သတ်မှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။  မတ်လ ၂၂ ရက်နေ့တွင် လူသေဆုံးမှု ရှိခဲ့သည် အထိ ပဋိပက္ခများဖြစ်ပွားခဲ့ သော မိတ္ထီလာခရိုင်တွင် သမ္မတဦးသိန်းစိန်က အရေးပေါ် အခြေ အနေကြေညာသော အမိန့်အမှတ် ၁/ ၂၀၁၃ ကို ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ယင်းအမိန့်တွင် မိတ္ထီလာ ခရိုင် အတွင်းရှိ မိတ္ထီလာမြို့နယ်၊ ၀မ်းတွင်းမြို့နယ်၊ သာစည်မြို့နယ်၊ မလှိုင်မြို့နယ်များ၌ ဆူပူ အကြမ်းဖက်မှုများ ပိုမိုများပြား ကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံး ပုဒ်မ ၁၄၄ ထုတ်ပြန်ဆောင် ရွက်ရုံဖြင့် အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ငန်းများ ထိရောင်အောင် ဆောင်ရွက်နိုင်စွမ်း မရှိတော့ကြောင်း ၊ ပြည်သူများ၏ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းစွာ နေနိုင်ရေးတို့အတွက် အရေးပေါ် အခြေအနေ ကြေညာ ရခြင်းဖြစ်ပြီး တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက် ရမည်ဟု ထုတ်ပြန်ကြေညာခဲ့ရာ ယင်းအ မိန့် ကြေညာချက်ကို ပြည်ထောင်စု လွှတ်တော်က ယနေ့တွင် ထောက်ခံသူအများစုဖြင့် အတည်ပြု ပေး လိုက်ကြောင်း၊ သို့ရာတွင် အရေးပေါ်အခြေအနေ ကြေညာချက်အမိန့်၏ သက်တမ်းကို ရက်ပေါင်း ၆၀ သတ်မှတ်ပေးလိုက်ကြောင်း သိရှိရသည်။

“သမ္မတ ထုတ်ပြန်တဲ့အမိန့်ထဲမှာ အရေးပေါ်အခြေအနေ ကာလကိုနောက်ထပ် အမိန့်ညွှန်ကြားချက် မထုတ်မချင်း အတည်ဖြစ်တယ်လို့ ဆိုထားပေမယ့် အဲဒါကို လွှတ်တော်က ကန့်ကွက်သူအများစုနဲ့ ပယ်ချလိုက်တယ်။ လွှတ်တော်က သမ္မတရဲ့ အမိန့်ညွှန်ကြားချက် သက်တမ်းကို ရက်ပေါင်း ၆၀ သတ်မှတ်ပေးလိုက်တယ်။ တကယ်လို့ ရက်ပေါင်း ၆၀ ပြည့်လို့ ထပ်ပြီး သက်တမ်း တိုးချင်ရင်တော့ သမ္မတကပြည်ထောင်စုလွှတ်တော်မှာ ထပ်ပြီးတော့ သက်တမ်းတိုးရမယ်” ဟု အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ် (NLD) မှ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောသည်။

Tuesday, May 21, 2013

လူ့အခွင့်အရေးဖိုရမ် တက်ရောက်ရန် မစုစုနွေး ပြင်သစ်သို့ ထွက်ခွာ

Tuesday, May 21, 2013
တောင်သူလယ်သမားအရေးများ ဆောင်ရွက်နေသူ မစုစုနွေးသည်ပြင်သစ်နိုင်ငံ၊နတ်မြို့(Nantes)တွင် ကျင်းပမည့် ပဉ္စမအကြိမ်မြောက် လူ့အခွင့်အရေး ဖိုရမ်သို့ တက်ရောက်ရန် ယနေ့ မေလ ၂၁ရက်နေ့ မွန်းလွဲ၂နာရီ ၄၅ မိနစ်တွင် ဗီယက်နမ်လေကြောင်း လိုင်ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာကြောင်း သိရသည်။ “မြန်မာနိုင် ငံရဲ့လက်ရှိအပြောင်းအလဲကြားကအလုပ်သမားတွေနဲ့ တောင် သူလယ်သမားတွေရဲ့ အခြေအနေတွေ၊ လူ့အခွင့်အရေးအခြေအနေတွေကို ရှင်းလင်းတင်ပြခွင့်ရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ဟိုချီမင်း မြို့တော်လေဆိပ်ကတဆင့် ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကို ရောက်မှာပါ။ ခရီးစဉ်က အနည်းဆုံး ၁၀ ရက်လောက် ကြာမြင့်မှာပါ” ဟု ၎င်းက ပြောကြားသည်။

The Myanma Age

ဒေါက်တာဆိတ်ဖွားဆိုသူ ကိုယ်တိုင်လာရောက်ဝန်ခံဟုဆို


Tuesday, May 21, 2013
တရားဥပဒေအထက်တွင် လွှတ်တော်ရှိသည်ဟု အင်တာနက် ဘလော့ စာမျက်နှာတွင် ရေး သားခဲ့ သူ ဒေါက်တာဆိတ်ဖွား ဆိုသူသည် ကိုယ်တိုင်ကိုယ်ကျ လာရောက် ၀န်ခံခဲ့ကြောင်း ဒေါက်တာဆိတ်ဖွား စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှဝ် ဦးလှဆွေက ပြောကြားသည်။ မေလ ၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး မကျင်းပမီ သတင်းမီဒီ ယာများနှင့် တွေ့ဆုံရာ၌ ဦးလှဆွေက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ “ဒေါက်တာဆိတ်ဖွားဆိုသူက သူကိုယ်တိုင် လာရောက်ဝန်ခံသွားတယ်။

ဘယ်သူဆိုတာတော့ ကျွန်တော်မပြောဘူး”ဟု ၄င်းက ဆိုသည်။ လွှတ်တော်ကိုယ်စားလှယ်များကို Above the Law ဆိုသော ခေါင်းစဉ်ဖြင့် ဝေဖန်ရေးသားခဲ့သူကို ထုတ်ဖော်နိုင်ပြီဖြစ်ကြောင်း ဒေါက်တာဆိတ်ဖွား စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဦးမြငြိမ်းက ဧပြီလ ၂၂ ရက်နေ့က ပြောကြားထားကြောင်း ၂၀၁၃ ခုနှစ် မေလ ၂၁ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။

The Voice

ဂျပန်ဝန်ကြီးချုပ် မေလ ၂၅ ရက်နေ့ မြန်မာနိုင်ငံလာမည်

Tuesday, May 21, 2013
ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် နှစ်နိုင် ငံချစ်ကြည်ရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ မေလ ၂၅ ရက်နေ့တွင် လာရောက်မည်ဖြစ်ပြီး သုံး ရက်ကြာ နေထိုင်မည် ဖြစ်ကြောင်း ဂျပန်အစိုးရအ ဖွဲ့က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့ သည်။ ဂျပန်-မြန်မာ နှစ်နိုင်ငံ စီးပွားရေးမြှင့် တင်ရန် အဓိကရည်ရွယ်၍ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်ပြီး ၄င်း၏ ခရီးစဉ်တွင် ဂျပန်နိုင်ငံ ထိပ်တန်း စီးပွားရေး လုပ် ငန်းများမှ အမှုဆောင်အရာရှိ ၃၀ ခန့်လိုက်ပါလာမည် ဖြစ်ကာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု မြှင့် တင် ရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ဝန်ကြီးချုပ်၏ ယခုခရီးစဉ် သည် နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးနှင့် သီးခြားရပ်တည် နေခဲ့သည့် မြန်မာနိုင်ငံ အပေါ် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးနေမှု များကို တုံ့ပြန်နိုင်ရန် အကူအညီပေး လိမ့်မည်ဟု မျှော်လင့်ကြောင်း ဂျပန်အစိုးရ အဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်ဟု ဂျပန်တိုင်းမ် သတင်းစာတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ဆောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံရန်လည်း စီစဉ်ထားကြောင်း ယင်း သတင်းစာအရ သိရသည်။

သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု အားကောင်းစေရေး ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရန်၊ အခြေခံအဆောက်အဦများ ဆောက်လုပ်ပေးရန် စသည့် အကူအညီများ ဂျပန်နိုင်ငံက ပေး အပ်လိုကြောင်း တင်ပြ ဆွေးနွေးသွားမည်ဟု ယင်းသတင်းတွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်း ကြည့်မြင့်တိုင် မြို့နယ် အမှိုက်ပုံး အတွင်းမှ လက်နက်၊ ခဲယမ်းများ တွေ့ရှိ

Tuesday, May 21, 2013
၂၀၁၃ခုနှစ်၊ မေလ ၂၀ရက် ညနေ (၄) နာရီ(၁၀)မိနစ် အချိန် ခန့်တွင် ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် ဈေးကြီး အရှေ့ရပ်ကွက် ဗိုလ်သူရလမ်းနှင့် ပိတောက်ပင် လမ်းတွင် သန့် ရှင်းရေး ဆောင် ရွက်နေသော မြို့နယ် စည်ပင် သာယာ ရေး ကော်မတီမှ မသင်းမြတ်စိုး (၃၂)နှစ် (ဘ) ဦးစိန်မြင့်ဦးသည် အမှိုက်ပုံးအတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ထားသော အမ်-၁၆ ကျည်ဆံ (၅၆)တောင့် (အသုံးပြုရ)၊ ၎င်းကျည်ကဒ် (၁)ကဒ် (အသုံးပြုရ)၊ ကာဘိုင်ကျည်ဆံ (၁၁)တောင့် (အသုံးပြုရ)၊ ၉မမ ကျည်ဆံ (၂၂)တောင့် (အသုံးပြုရ)၊ ပွိုင့် -၃၈ကျည် (၁၃)တောင့်တို့နှင့် ကိုယ်ထည် အမှတ် C- 117374 စပိန်နိုင်ငံ ထုတ် အဖုံးတွင် Star Trade Mark စာတမ်းပါ စတီး ပစ္စတို (၁)လက် (အသုံးပြုရ)နှင့် ပစ္စတို ထည့်အိတ် အနက်ရောင် (၁)လုံးတို့အား တွေ့ရှိခဲ့ရသဖြင့် သက်ဆိုင်ရာသို့ အကြောင်း ကြားခဲ့ရာ မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန် ရှိသူများမှ သွားရောက် သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိပါသည်။
မြ၀တီ

တရုတ် သမ္မတသစ်ကို အိုဘားမား နောက်လ တွေ့မယ်

Tuesday, May 21, 2013
အမေရိကန် သမ္မတ အိုဘားမားဟာ လာမယ့် လကျရင်ကယ်လီဖိုးနီးယားမှာတရုတ် ခေါင်းဆောင် သစ် Xi Jinping ကို လက်ခံ တွေ့ဆုံ လိမ့်မယ်လို့ အိမ်ဖြူတော်က ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ မတ်လက စပြီး တရုတ် သမ္မတ ရာထူးကို စယူခဲ့တဲ့ မစ္စတာ ရှီနဲ့ အိုဘားမားတို့ရဲ့ ပထမဆုံး တွေ့ဆုံမှု ဖြစ်ပါလိမ့်မယ်။ ပြီးခဲ့ တဲ့ လေးနှစ် အတ်ငင်း နှစ်နိုင်ငံ ဆက်ဆံရေးမှာ တိုးတက်မှုတွေနဲ့ ရင်ဆိုင်ရတဲ့ စိန်ခေါ် မှုတွေ ခေါင်းဆောင် နှစ်ယောက် ပြန်လည် သုံးသပ်ပြီး အနာဂတ် ဆက်ဆံရေး ပူးပေါင်း မြှင့်တင်ဖို့နဲ့ အမြင် မတူတာတွေကို အပြုသဘောနဲ့ ကိုင်တွယ် ဖြေရှင်းဖို့ ဆွေးနွေးလိမ့်မယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

BBC

နယ်စပ်ပြဿနာ ငြိမ်းချမ်းစွာ ဖြေရှင်းရေး တရုတ်နဲ့အိန္ဒိယ သဘောတူ

Monday, May 21, 2013
နယ်စပ်ဒေသမှာ နယ်မြေပိုင်ဆိုင်မှုနဲ့ ပက်သက်ပြီး အငြင်း ပွားမှုတွေနဲ့ တင်းမာမှုတွေကို လျှော့ချဖို့ အိန္ဒိယ-တရုတ် နှစ်နိုင်ငံ သဘောတူညီချက် ရရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ် ၀န်ကြီးချုပ် လီ ခေ့ ချန် (Li Keqiang) နဲ့ အိန္ဒိယ ၀န်ကြီးချုပ် မန်းမွန်ဟမ် ဆင်း (Manmohan Singh) တို့ အိန္ဒိယနိုင်ငံမှာ တနင်္လာနေ့ က တွေ့ ဆုံ ဆွေးနွေးပြီး နှစ်နိုင်ငံ အခုလို သဘောတူညီမှု ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် လီ ခေ့ ချန် (Li Keqiang) ရဲ့ အိန္ဒိယခရီးစဉ်ဟာ သူ ၀န်ကြီးချုပ် တာဝန်ကို စပြီး ထမ်းဆောင် ချိန်ကတည်းက ပထမဆုံး ပြည်ပခရီးစဉ်လည်း ဖြစ်ပါတယ်။

မစ္စတာ ဆင်း (Singh) နဲ့ မစ္စတာ လီ (Li) တို့ တနင်္လာနေ့တုန်းက နယူးဒေလီမြို့မှာ တွေ့ဆုံပြီး၊ ဟိမ၀န္တာ အနောက်ဘက်ခြမ်း ဒေသမှာ နှစ်ရှည်လများ ရှိလာခဲ့တဲ့ နယ်စပ်ဒေသ အငြင်းပွားမှု ပြဿနာ၊ ပြီးတော့ နှစ်နိုင်ငံ ကုန်သွယ်မှုမှာ တရုတ်ဘက်က အသာစီး ရပြီး တဘက်စောင်းနင်း ဖြစ်နေတဲ့ကိစ္စတွေ အပါအ၀င် ကိစ္စ အတော်များများကို ထည့်သွင်း ဆွေးနွေးခဲ့ကြပါတယ်။

ရန်ကုန်တွင် အခွင့်မရှိ အမှိုက်မကောက်ရ

Tuesday, May 21, 2013
ရန်ကုန်ကို စင်္ကာပူလို ဖြစ်စေရမည်ဟု သမ္မတ ဦး သိန်းစိန်အပါအဝင် အစိုးရခေါင်းဆောင်များ က မကြာခဏပြောဆိုသော်လည်းရန်ကုန်မြို့ ၏ ခေတ် မမီသော စည်ပင်သာယာစနစ်နှင့် ရန်ကုန်သူ ရန်ကုန်သားတို့၏ အမှိုက်ကို စနစ်တကျ မစွန့်ပစ် တတ်မှုတို့က ရန်ကုန်ကို မည်သို့မျှ အရောင် မထွက်စေဘဲ ဖျားနာအိုမင်းနေသောမြို့အဆင့်က ရုန်းမလွတ်ဖြစ်နေသည်မှာ အများအသိပင်။ မြို့ကို သန့်ရှင်းစိုပြေစေချင်သော စေတနာဖြင့် ရန်ကုန်လူထုကို ပညာပေးရန် ရည်ရွယ်၍ လူမှုရေးသမားများ၊ ဂီတပညာရှင်များ၊ စာပေနှင့် စာနယ်ဇင်းပညာရှင်များ လက်တွဲကာ လူသွားလူလာ ရုံးတက် ရုံးဆင်း ထူထပ်များပြားလှသော ရန်ကုန်မြို့လည်တွင် အမှိုက်ကောက်မည်ဆိုသည်မှာ အလွန်ကောင်းမွန်သော အစီအစဉ်ပင်။ ထိုမှတဆင့် ရပ်ကွက်များ မြို့နယ်များသို့ ပြန့်ပွားပြီး လူကြီး ကလေးမကျန် အမှိုက်ကို စနစ်တကျ စွန့်ပစ်လာလျှင် ရန်ကုန် စည်ပင်သာယာရေး ကော်မတီအတွက်လည်း တဖက်တလမ်းက အထောက်အကူဖြစ်ပေမည်။

သို့သော် ယင်းသို့ စေတနာဖြင့် နာရေးကူညီမှုအသင်းနှင့် စာပေပညာရှင်များ၊ ဂီတပညာရှင်များ ပူးပေါင်းကာ ရန်ကုန်မြို့တွင်းတွင် အမှိုက်ကောက်မည့် အစီအစဉ်ကို ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီက တားမြစ်ခဲ့ကြောင်း အဆိုပါအစီအစဉ်တွင် ဦးဆောင်လှုပ် ရှားခဲ့သည့် နာရေး ကူညီမှုအသင်းဥက္ကဌ ဦးကျော်သူက ပြောသည်။

ဂျပန်မှ တာဝန်ယူတည်ဆောက်မည့် မြန်မာ့ဆက်သွယ်ရေးကွန်ယက်

Tuesday, May 21, 2013
Sumitomo Corporation၊ NEC Corporation နှင့် NTT Communications Corporation တို့ ပူးပေါင်း၍ မြန်မာ့ဆက် သွယ်ရေး လုပ်ငန်း MPTနှင့် မေလ ၁၄ ရက်နေ့ တွင် “ အရေးပေါ် ဆက်သွယ်ရေးကွန်ယက်များ ကောင်းမွန်စေရေး အစီအမံ “ အတွက် အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်ခဲ့ သည်ဟု Sumitomo Corporation က မေ (၂၁)ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ ဤအစီ အစဉ်မှာဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် ပြုပြင်ပြောင်းလဲမှုများအတွက် တရားဝင်အကူအညီပေးရေး ပေါ် လစီ၏ ပထမဦးဆုံး စီမံကိန်း ဖြစ်သည်။

အဆိုပါစီမံကိန်း၌ အချက်အလက်လွှဲပြောင်းမှုကို 30 Gbps အထိ ပြုလုပ်နိုင်သော မြန်နှုန်းမြင့် ဖိုင်ဘာ ဆက်ကြောင်းများ ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော်အကြား တပ်ဆင်ရေး၊ မိုလ်ဘိုင်းဖုန်းများအတွက် 4G (LTE)ကွန်ယက်များ တည်ဆောက်ပေးရေးနှင့်အဆိုပါ ဆက်သွယ်ရေး ကွန်ယက်တွင် အထိုင်ဖုန်းများပါ ပါဝင်ကာ မြို့တစ်မြို့တွင် အင်တာနက်မြန်နှုန်း 10 Gbps အထိ သုံးစွဲနိုင်မည်ဖြစ်သည်။

အဆိုပါဆက်သွယ်မှုကွန်ယက်တစ်ခုလုံးတွင်4G(LTE) အသုံးပြုသူပေါင်း လေးသောင်းခန့်၊အထိုင်ဖုန်း ၁ သန်းခွဲခန့်နှင့် အင်တာနက် အသုံးပြုသူ ၁ သန်းခန့် အသုံးပြုနိုင်မည်ဖြစ်သည်ဟု သိရသည်။

တစ်ပတ်လျှင် ရှန်ပိန်သုံး ခွက်သောက်ခြင်းက မှတ်ဉာဏ်မြင့်တက်စေနိုင်

Tuesday, May 21, 2013
ဦးနှောက်မှတ်ဉာဏ် များလျော့ကျ ပျက်စီးလာမှု (Dementia)ရောဂါမှာ အသက် ၄၀အရွယ်တွင် စတင်ဖြစ် ပွားနိုင်ပြီး အင်္ဂလန်၌ အသက် ၆၅နှစ်ကျော်သက်ကြီးရွယ် အိုများတွင် သုံးဦးလျှင် တစ်ဦးနှုန်း ဖြစ်ပွားလျက်ရှိသည်။ ထို့ကြောင့် မှတ် ဉာဏ်ကို ကောင်းမွန်စွာထိန်း သိမ်းနိုင်မည့် နည်း များကိုလေ့လာခဲ့ရာ ရှန်ပိန်များက မှတ်ဉာဏ် ကို ကောင်းမွန်စွာထိန်းသိမ်းနိုင်ေ.ကြာင်း တွေ့ခဲ့ရ သည်။ ရှန်ပိန်တွင်ပါဝင် သော Phenolic Acid က လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် လေ့လာသူများက တစ်ပတ်လျှင် ရှန်ပိန် သုံးခွက်မျှ သောက်ခြင်းက မှတ်ဉာဏ်တိုးတက် စေသည်ဟု အကြံပြုခဲ့သည်။

အ၀င်း
Ref: IANS
Health Updates Journal

အိုဘားမာ အမှန်စကားပြောဖို့လိုပြီ

Tuesday, May 21, 2013
အမေရိကန် ကွန်ဂရက်မှ ကိုယ်စားလှယ် ၂ဦးဖြစ် သည့် ထရန့်ဖရန့်နှင့် ရက်ရှ်ဟော့တို့ ကိုသမ္မတ ဦးသိန်းစိန်အိမ်ဖြူတော်သို့ အလည်အပတ်လာရော က်ခြင်းနှင့်ပတ်သတ်၍ CNN ကသူတို့၏သဘော ထားအမြင် ကို မေးမြန်းထားရာစာရေးသူက သူတို့ ပြော စကားမှမှတ်ချက်များကိုရေး သားဖော်ပြ လိုက်သည်။ လွန်ခဲ့သော အနှစ် ၅၀ နီးပါးက မြန် မာနိုင်ငံကို ဦးနေ၀င်းအစိုးရကအာဏာ ရှင်ဆန် ဆန် အုပ်ချုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန် နောက်ပိုင်း မှာမြန်မာ့နိုင်ငံရေးခေါင်းဆောင် များသည် အိမ်ဖြူတော်နှင့်အမှန်တကယ်ကို ပင်အလှမ်းဝေးခဲ့ကြသည်။

ယခုအစိုးရ သစ်၏ သမ္မတဦးသိန်းစိန်၏ သမိုင်းဝင် အလည်အပတ်ခရီးစဉ် မှာမြန်မာ့ဒီမိုကရေ စီ ပြုပြင်ပြောင်းလဲရေးအတွက်သမ္မတ၂ဦး ပွင့်ပွင့်လင်းလင်းဆွေးနွေးဖြစ်ကြတော့မှာ ပါ။ဒါဟာ အမေရိကန်ရဲ့မြန်မာနိုင်ငံပေါ် မှာထားရှိ မယ့်ပေါ်လစီအသစ်တစ်ခုပါပဲ။အမေရိကန်အစိုးရနှင့်မြန်မာအစိုးရ ကြားပြန်လည်သင့်မြတ်လာမှု့အပေါ်အချို့ သောအမေရိကန်လူမျိုးတွေကမျက်စိ စပါးမွှေးစူးနေကြပါတယ်။

တိုင်းရင်းသား လူမျိုးအချင်းချင်းကြားဖြစ်ပေါ်နေသော အကြမ်းဖက်မှုများ၊စစ်ပွဲများ၊ဘာသာရေး ဆိုင်ရာ လှုံ့ဆော်မှုများအတွက်ပဲလို့သူတို့ ရဲ့အမြင်ကဖြစ်နေတယ်။ဒီအဖြစ်အပျက် တွေအပေါ်အမေရိ ကန်အစိုး ရကနှာစေး နေတယ်။လူ့အခွင့်အရေးချိုးဖေါက်ခံနေရ မှုအပေါ်အမေရိကန်အစိုးရအနေနဲ့ တစ်ခွန်းတစ် ပါးလောက်တော့ဝင်ရောက် ပြောဆိုသင့်တယ်လို့သူတို့ကထင်နေကြတယ်။

ပထမအကြိမ်ပြည်သူ့လွှတ်တော်၌ မေးခဲ့ဖူးသော Super Custom ကားများ ပြဿနာ တရားရုံးရောက်ပြီ

Tuesday, May 21, 2013
ပထမအကြိမ်ပြည်သူ့ လွှတ်တော် စတုတ္ထပုံမှန် အစည်း အဝေး၌ကြယ် ပွင့်ပြမေးခွန်းအဖြစ် မေး ခဲ့သော “ယခင်အစိုးရ လက်ထက်ပြည်ပ က တရား
မ၀င် တင်သွင်းလာပြီး စက်မှုဇုန်ထုတ် Super Custom (MPV) ကားများ ဟုဆိုတာရောင်းချခဲ့ သည့်ပြဿနာ အတွက်မန္တလေးမြို့ ခရိုင်တရားရုံး တွင် စတင်စစ်ဆေးနေပြီး သက်သေ ခံထွက် ဆိုနေရပြီဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ်ဦးသိန်းညွန့် ကပြောပါ သည်။ ပြည်ပမှ တရားမ၀င်တင်သွင်းပြီး ပြည်တွင်းစက်မှုဇုန်ကားထုတ်လုပ်ရေးကုမ္ပဏီများက စက်မှုဇုန် ထုတ် Super Custom ကားများဟု လိမ်လည်ရောင်းချခဲ့သော ကားများကို စက်မှုဝန်ကြီးဌာနက ဒဏ်ရိုက်ခဲ့ရာဒဏ်ကြေးပေးဆောင်မှုနှင့် ပတ်သက်ပြီး ကားဝယ်သူနှင့် ကားရောင်းသူများအကြားတရား စွဲဆိုမှုများ နိုင်ငံတစ်ဝန်းလုံးဖြစ်ပွားခဲ့ပါသည်။

အဆိုပါပြဿနာအတွက် ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး၌ှSuper Custom ကားများနဲ့ ပတ်သက်၍ ကြယ်ပွင့်ပြမေးခွန်းမေးခဲ့ဖူး သော ဦးသိန်းညွန့်အား မေးမြန်းရာတွင် ပထမ အကြိမ်ပြည်သူ့ လွှတ်တော်မှာ ဒီကိစ်္စအတွက် မေးခဲ့တယ်။ ယခင်အစိုးရလက်ထက်က Super Custom (MPV)စက်မူစုန်ထုတ်တွေဟာ တကယ်တော့ ပြည်တွင်းမှာ ထုတ်တာမဟုတ်ဘူး။ ပြည်ပက တရားမ ၀င်ခိုးသွင်းလာတယ်။ စက်မှုဝန်ကြီး ဌာနရဲ့ ညွန်ကြားချက်ကိုလည်း လိုက်နာမှုမရှိဘူး ကားဝယ်ထားသူတွေ
ကားရောင်းသူများအကြား တရားစွဲဆိုမှုများ တစ်နိုင်ငံလုံးဖြစ်ပွားနိုင်တယ်။ ယခုအချိန်မှာ ဒဏ်ကြေးငွေပေး သွင်းခဲ့ရတဲ့ ၀ယ်ယူသူများနဲ့ ဒဏ်ငွေမသွင်းနိုင်တဲ့ လိုင်စင်မဲ့ကားများကို ပိုင်ဆိုင်တဲ့ ကားဝယ်သူများ အတွက် စက်မှုဝန်ကြီးဌာနက ဘယ်လို ဆောင်ရွက်မလဲ။ ပြည်တွင်းက လုပ်ငန်းရှင်များအတွက်တော့ ဒဏ်ကြေးကို လိုက်လျောညီတွေရှိတယ်။ နစ်နာသူ Super Custom အဲဒီမေးခွန်ထုတ်ခဲ့တဲ့ အကျိုးဆက်က မဖြေရှင်းနိုင်တော့ တရား ရုံးရောက်ပြီး ဒါပထမဦးဆုံးအမူလို့ ပြောရမှာဘဲ။ ကျွန်တော်က သက်သေ ခံထွက်နေရပြီ ပြဿနာတစ်ခုကို ကျွန်တော့်အနေနဲ့ကတော့ ကြီးကျယ်စေချင်ဘူး။ ကြီး တာသေး အောင်သေး တာပပျောက်အောင်ဘဲ ကျွန်တော့်အနေနဲ့ခံယူထားတယ်။ ဒါကြောင့်လဲ လွှတ်တော်မှာ ကျွန်ပေးခဲ့တာ လွှတ်တော်မှာက ကိစ္စမျိုးဘဲဖြစ်ဖြစ်ပေးခွင့်ရတာကိုကပြည်သူတွေအတွက် အခက်အခဲဒုက္ခကို တင်ပြနေရတယ်ကူညီ နေတာတယ်လို့ဘဲ မှတ်ချက်ပြု ချင်ပါတယ်”ဟုဆိုပါသည်။

“နောက်ကျော ဓားနဲ့ အထိုးခံခဲ့ရတာ”

Tuesday, May 21, 2013
၉ နှစ်တာမျှ နိုင်ငံတော် စာရင်းစစ်ချုပ်၊ ပြည်ထောင် စု စာရင်းစစ်ချုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး ယခုလက်ရှိ မွန်ပြည်နယ် ဘီးလင်းမြို့အဝင် တွင် အောင်ပြည့်စုံ အမည်ရှိ ထမင်းဆိုင်ကို ဦးစီးဖွင့် လှစ် လုပ်ကိုင်နေသည့် အငြိမ်းစား ဗိုလ်ချုပ် လွန်းမောင် (ယခု ဦးလွန်းမောင်) ၏ ပြည်ထောင်စု စာရင်းစစ်ချုပ် တာဝန်မှ အနားပေးခံခဲ့ရသော ဖြစ် ရပ်နှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် မေခ က သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

မေး။ ။ လက်ရှိရွေးချယ်ခဲ့တဲ့ ဘ၀က ဦးလွန်းမောင်အတွက် အံဝင်ခွင်ကျတဲ့ ဘ၀တခုလို့ ပြောလို့ရ ပါသလား။

ဖြေ။ ။ ကျနော်က ငယ်ငယ်ကတည်းက ဆင်းရဲခဲ့တဲ့ မိသားစုက ဆင်းသက်လာသူပါ။ ဒီအချိန်မှာ ငယ်ငယ် က ဘ၀ ကြမ်းသလောက် မကြမ်းပါဘူး၊ ပျော်ပါတယ်။ အံဝင်ခွင်ကျ ရှိတယ်ဆိုတာထက် လူတိုင်းက သူရ တဲ့ ဘ၀မှာ နေပျော်နေဖို့ လိုပါတယ်။ အခုအချိန်မှာ ဒီအလုပ်အတွက် အချိန်တောင် မလောက်ပါဘူး။

မေး။ ။ နိုင်ငံတနိုင်ငံလုံးရဲ့ စာရင်းစစ်ချုပ် တယောက် ဘ၀ကနေ ဒီလိုမျိုးဈေးရောင်းရတဲ့ ဘ၀တ ခုနဲ့ ဖြတ်သန်းဖို့ ဘယ်လိုစိတ်ကူး ရခဲ့တာလဲ။ အရင်ကတည်းက စိတ်ကူးထားခဲ့တာလား။

ဖြေ။ ။ ပြောင်းသွားတဲ့ ရည်ရွယ်ချက်ကတော့ ဒီလိုပါ။ နိုင်ငံတော်က အနားပေးလိုက်တယ် ဆိုတော့ နားလိုက်တာပေါ့။ နားချိန်မှာ အေးအေးဆေးဆေး နားချင်ပေမယ်လို့ အမျိုးသမီးရဲ့ လုပ်လက်စ ဒီဆိုင် လုပ်ငန်းကြီးရှိတော့ ကိုယ်က တယောက်တည်းကို လွှတ်ရုန်းလို့ မရဘူး။ မရတဲ့အခါ သူ့အလုပ် ကို ထောင့်ပေါင်းစုံ ဟာတဲ့ နေရာတွေမှာ လိုက်ဖြည့်ပြီး လုပ်ပေးတာပေါ့။ စားပွဲထိုး ၅ ယောက်လိုရင် အဲဒီနေရာကို ငါရအောင် လုပ်မယ်ဆိုတဲ့စိတ်နဲ့ နောက်ဆုံး ဗုန်းဗုန်းလဲသွားတဲ့ အထိပေါ့။ တချိန်တုန်း က နိုင်ငံ့ တာဝန်တွေ ထမ်းဆောင်နေတဲ့ အချိန်တုန်းကလို မိသားစုနဲ့နေလည်း မိသားစု တာဝန် ကျေ ရမယ်ဆိုတဲ့ စိတ်နဲ့ လုပ်ဖြစ်ခဲ့တာ။ အမျိုးသမီးကလည်း ကိုယ်မပါဘဲ တယောက်တည်း ပင်ပန်းနေခဲ့ရတာ ၁၀ နှစ်ကျော်ရှိပြီ။ ကိုယ်က အခု ဝင်လုပ်တာ လပိုင်းပဲ ရှိသေးတယ်။

Hard Disk ပုံစံငယ် USB flash drive

Tuesday, May 21, 2013

ကွန်ပျူတာ System Box မှာ တပ်တဲ့ Hard Disk နဲ့ ပုံစံတူ flash drive ဖြစ်ပါတယ်။ မူရင်းထက်တော့ ဒီ flash drive က သေးပါတယ်။ သတ္တုပုံစံ ကာ ဗာက အထဲက flash drive ကို ဖုံးအုပ်ပေး ထားပါတယ် ။ အသုံးပြုတဲ့ အခါ LED မီးလင်းနေပြီး အလွယ်တကူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 8GB ကို USD $21.99 နဲ့ ရောင်းချပြီး အထူးအဆန်းကြိုက် သူများ အတွက်ဒီ flash drive လေးက အ ဆင်ပြေစေမှာပါ။

-----
Ref;gadgetsin
Stuff Myanmar Magazine

ဘာသာရေးလွတ်လပ်ခွင့် စိုးရိမ်ရတဲ့နိုင်ငံတွေစာရင်းထဲ မြန်မာပါဝင်

Tuesday, May 21, 2013
ကမ္ဘာ့နိုင်ငံအရပ်ရပ်မှာ ပြီးခဲ့တဲ့နှစ်အတွင်း ဘာ သာရေး လွတ်လပ်ခွင့်ဟာ စိန်ခေါ်အကဲစမ်း ခံခဲ့ ရတယ်လို့ အမေရိ ကန်ပြည်ထောင်စု က ထုတ်ပြန်ပြောဆိုပါတယ်။ အစိုးရတွေကြောင့် သည်းခံ နားလည်မှုမရှိတဲ့ ပတ်ဝန်းကျင် အခြေ အနေတွေ ဖြစ်ပေါ်ခဲ့ပြီး၊ အဲ့ဒီကနေ အမုန်းတ ရားတွေ၊ အကြမ်းဖက်မှုတွေ ပေါ်ပေါက်စေခဲ့တယ် လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်တာပါ။ မြန်မာနိုင်ငံကဆိုရင်လည်း ဘာသာရေး လွတ်လပ် ခွင့်အရ စိုးရိမ်ရတဲ့နိုင်ငံစာရင်းထဲမှာပဲ အမေရိကန်ပြည်ထောင်စုက ထည့်သွင်းထားပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ကိုသားညွန့်ဦး က တင်ပြထားပါတယ်။

နိုင်ငံတွေမှာ ဘာသာရေး လွတ်လပ်ခွင့်တွေ ချိုးဖောက်ခံနေရတဲ့ တချိန်တည်းမှာပဲ အစိုးရ တာဝန်ရှိ သူတွေဘက်က ကျူးလွန်မှုတွေဟာ အရေးယူမခံရဘဲ ကင်းလွတ်ခွင့် ရနေတယ်လို့ အမေရိ ကန် နိုင် ငံခြားရေးဌာနရဲ့ နိုင်ငံအရပ်ရပ် ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာထဲ မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ဥပဒေတွေကို အကောင်အထည်ဖော် ကျင့်သုံးရာမှာ မမျှတမှုတွေနဲ့ ကန့်သတ်ချက်သစ်တွေ ထုတ်ပြန်တာတွေကိုလည်း ထောက်ပြ ဝေဖန်ထား
ပါတယ်။

ဘာသာရေး လွတ်လပ်ခွင့်ဆိုတာဟာ လူသားတိုင်းရဲ့ မွေးရာပါ အခွင့်အရေး ဖြစ်ပေမဲ့လည်း မကြာခဏဆိုသလိုပဲ ကန့်သတ်ချုပ်ချယ် ခံနေရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) က ပြောပါတယ်။ ကမ္ဘာအနှံ့အပြား ဘာသာရေး လွတ်လပ်ခွင့်ဆိုတာဟာ အမေရိ ကန် ပြည်ထောင်စုအတွက် စိုးရိမ်စရာ အမျိုးသား လုံခြုံရေးကိစ္စဖြစ်တယ်လို့လည်း မစ္စတာ ကယ်ရီ က ပြောပါတယ်။

"သမ္မတ ၏ အမိန့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးမည်"

Tuesday, May 21, 2013
.ယနေ့ကျင်းပသောပြည်ထောင်စုလွှတ်တော် အထူး အစည်းအဝေး ဒုတိယနေ့တွင် ဥပဒေကဲ့သို့ အာ ဏာတည်သော အမိန့် (၁/၂၀၁၃) အရေးပေါ် အခြေေ န ကြေညာခြင်းကို ပြည်ထောင်စု ကိုယ်စား လှယ်များမှ ဆွေးနွေးရာတွင် ဒေါ်အောင်ဆန်း စုကြည်ဝင်ရောက်ဆွေးမည် ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ပြည်ထောင်စုကိုယ်စားလှယ်များဖြစ်ကြသော ဦးသိန်းညွန့်၊ဒေါက်တာ စိုး.ရင်၊ဦးဝင်းထိန် ၊ဦးမြင့်စိုး ၊ဦးဝင်းမြင့် ၊ဒေါ်ခင်ဝိုင်းကြည်၊ဒေါက်တာအေးမောင် ၊ဦးပေါ်လျှံလွင်၊ ဦးတင်မြ၊ဒေါ်ရီရီမြင့် ၊ဦးတင်မောင် ဦး နှင့် သူရဦးအောင်ကို တို့ကဆွေးနွေးမည် ဖြစ်သည်။ယင်းအမိန့်နှင့် စပ်လျဉ်း၍အာဏာတည်ရမည့် အချိန်ကာလကို အတည်ပြုရန် လွှတ်တော်မှ အဆုံးအဖြတ်ရယူမည် ဖြစ်သည်။

Popular Myanmar News Journal

KIA နှင့်အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲပြည်တွင်း၌ ဆွေးနွေးရခြင်းမှာ ညီအကိုခြင်း ပြဿနာအား ညီအကို ချင်းသား ဖြေရှင်းခြင်းဟုဆို

Tuesday, May 21, 2013
သ.င်္ကြန်ရက်များကြောင့် ရက်ရွှေ့ခဲ့သောKIA နှင့် အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲအားလာ မည့်မေလ ၂၈ ရက်တွင်မြစ်ကြီး နားမြို့တွင် တွေ့ဆုံဆွေးနွေး မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါကဲ့သို့ ငြိမ်း ချမ်းရေး ဆွေးနွေးပွဲအားမြန်မာနိုင်ငံအတွင်း ပြုလုပ်
ရခြင်းမှာ မြန်မာနိုင်ငံ အတွင်းဖြစ်သော ပဋိပက္ခအားမြန်မာနိုင်ငံအတွင်းဖြေရှင်းခြင်းဖြစ်ကြောင်း မြန် မာနိုင်ငံငြိမ်းချမ်း ရေးဖော်ဆောင်ရေး အ ဖွဲ့မှ ဦး အောင်မင်းက ပြောကြားသည်။

““ပြည်တွင်းက ညီအစ်ကို ခြင်းဖြစ်တဲ့ပြဿနာကို ပြည်တွင်းမှာပဲ ညီအစ်ကိုချင်းရှင်းချင်တယ်။ ဒီ တစ်ခေါက်ဆွေးနွေးပွဲကို မြစ် ကြီးနားမှာလုပ်မယ်။ သူတို့ဘက် က သဘောတူညီမှုလည်းရ ထား တယ်””ဟု ပြောကြားခဲ့သည်။

Myanmar Place Centre မှ ဦးလှမောင်ရွှေက ပြောကြားရာ တွင်KIA နဲ့ အစိုးရနဲ့ ငြိမ်းချမ်း ရေးဆွေးနွေး ပွဲကို မေလ ၂၈ ရက်တာကို သတ်မှတ်ပြီးသွားပြီ။ အသေးစိတ်ကိုတော့ ဆွေးနွေး နေဆဲပဲဟုပြောကြားခဲ့ သည်။

KIA နှင့်အစိုးရငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မတ်လအတွင်းက တရုတ်-မြန်မာနယ်စပ် တရုတ်နိုင် ငံ ရွှေလီမြို့တွင် ကျင်းပခဲ့ပြီးနောက် ဧပြီလတွင် ပြန်လည် ဆွေးနွေးမည်ဟု သတင်းများ ထွက်ပေါ် ခဲ့သော်လည်းဆွေးနွေး ခဲ့ခြင်းမရှိဘဲ ယခုအခါ မေ ၂၈ ရက်တွင် တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းထားကြောင်း သိရသည်။

The Hot News

မြန်မာ – အိန္ဒိယ ကုန်သွယ်ရေး တိုးမြှင့်ရန် ပြင်ဆင်ပြီ

Tuesday, May 21, 2013
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး တိုးမြှင့် လုပ်ဆောင်နိုင်ရန် အတွက် နှစ်ဘက်အစိုးရ အဖွဲ့တို့၏ တွေ့ဆုံပွဲများကို စစ်ကိုင်းတိုင်းတွင်ပြု လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။ စစ်ကိုင်း တိုင်းနှင့် မဏိပူရ်ပြည်နယ် အကြားရှိ တမူးမြို့ အစပ်တွင် မိုးရေး-နန်းဖာလုံဟု ခေါ်ဆိုသော နယ်စပ် ကုန်သွယ်စခန်း တခုရှိပြီး မြန်မာဘက်မှ ကုန် စည်များအား အိန္ဒိယနိုင်ငံသို့ အဓိက သွင်းနေခြင်းဖြစ်သည်။

“၂၀၁၃ ခုနှစ် မြန်မာ-အိန္ဒိယ ဒေသဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုပွဲလို့ နာမည်ပေးထားတယ်။ ဒီလ ၂၈၊ ၂၉ လုပ်မယ်” ဟု စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြော သည်။ ဆွေးနွေး မည့် အကြောင်းအရာနှင့် ပတ်သက်၍ အသေးစိတ် ပြောဆိုခဲ့ခြင်း မရှိပေ။

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အိုက်ဇောမြို့တွင် အခြေစိုက်သောခေါနူမ်းထုန် အွန်လိုင်း သတင်းဌာန၏ သတင်း တရပ်တွင်မူ ယင်းပွဲသို့ မဏိပူရ်ပြည်နယ် ၀န်ကြီးချုပ် Okram Ibobi တက်ရောက် မည် ဖြစ်ကြောင်း၊ မဏိပူရ်ပြည်နယ် မြို့တော် အင်ဖားနှင့် မန္တလေးမြို့ကို ခရီးသည်တင်ယာဉ်ပြေးဆွဲရန်၊ အိန္ဒိယမှ မြန်မာနိုင်ငံသို့ လျှပ်စစ်မီး ပေးရန်နှင့် ခရီးသွား လုပ်ငန်းများ တိုးချဲ့ရန် ကိစ္စရပ်များ အဓိ က ဆွေးနွေးသွားရန် ရှိကြောင်းဖော်ပြထားသည်။

ABSDF နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဆွေးနွေး

Tuesday, May 21, 2013
နှစ်ပေါင်း အစိတ်လောက် မြန်မာအစိုးရကို လက် နက်ကိုင် တော်လှန်ခဲ့ တဲ့မြန်မာနိုင်ငံ လုံးဆိုင် ရာ ကျောင်းသားများတပ်ဦး ကျောင်းသားတပ် မတော် (ABSDF) နဲ့ မြန်မာအစိုးရတို့ကြား ငြိမ်း ချမ်းရေးအတွက် ဆက်လက် ဆွေးနွေး သွားဖို့ သဘောတူခဲ့ကြပါတယ်။ မြန်မာအစိုးရရဲ့ ငြိမ်း ချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ရန်ကုန်မြို့မှာ တနင်္လာနေ့က တွေ့ဆုံမှုအတွင်း ပြောဆိုခဲ့ကြတာပါ။ အပြည်အစုံကိုတော့ ဒီကနေ့ မြန်မာငြိမ်းချမ်းရေး စင်တာကတွေ့ဆုံပွဲအပြီး ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ ကိုအောင်ရဲမောင်မောင် ကပြောပြပေး
မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများတပ်ဦး ကျောင်းသားတပ်မတော် ABSDF ဗဟို က ခေါင်းဆောင် တချို့ဟာ ဖြစ်ပျက်နေတဲ့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်ဆဲနိုင်ရေးကို ဦးတည်တဲ့ နိုင်ငံရေး အလုပ် သဘောဆွေးနွေးပွဲပြုလုပ်ဖို့ ရန်ကုန်မြို့ကို ရောက်ရှိလာပြီးတော့ ဒီကနေ့မှာပဲ ၀န်ကြီးဦးအောင်မင်း အပါအ၀င် မြန်မာငြိမ်းချမ်းရေး စင်တာက ခေါင်းဆောင် တချို့နဲ့ နိုင်ငံရေးစကား ပြောခဲ့ကြ တာပါ။ နိုင် ငံရေးတွေ့ဆုံမှုတွေ ဆက်တိုက်ဖြစ်လာဖို့ အရေးအတွက် ပြည်ထောင်စုဝန်ကြီးနဲ့ တွေ့ဆုံခဲ့စဉ်မှာ အလေးအထား ပြောကြားခဲ့သလို ဒီကနေ့ညနေပိုင်း အထိလည်း မြန်မာငြိမ်းချမ်းရေး စင်တာရဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေနဲ့ လက်တွေ့ဖြစ်လာနိုင်မယ့် ဆွေးနွေးမှု ပုံစံတွေကို အလွတ်သဘော ဆွေးနွေးဖြစ်ခဲ့တယ်လို့ ABSDF အထွေထွေအတွင်းရေးမှူး ဦးဆန်နီက ပြောပါတယ်။

“တိုင်းပြည်မှာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာဖို့အတွက် ABSDF နဲ့ မြန်မာငြိမ်းချမ်းရေး အဖွဲ့နဲ့ ၂ ဖက် ကျနော်တို့ ညှိနှိုင်းဆွေးနွေးပွဲတွေကို ဒီကနေ့ စပြီးတော့ လုပ်ဖြစ်ပါတယ်။ မနက်ပိုင်းမှာတော့ ကျနော်တို့ Peace Center မှာပဲ ဦးအောင်မင်း အပါအ၀င် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့နဲ့ ကျနော်တို့ တွေ့ပြီးတော့၊ နေ့လည်ပိုင်းမှာတော့ ဦးလှမောင်ရွှေ ဦးဆောင်တဲ့ technical team နဲ့ ဆက်ဆွေးနွေးပါတယ်။အဓိက ဆွေးနွေးတဲ့ အကြောင်းအရာတွေကတော့ နိုင်ငံရေး တွေ့ဆုံ ပွဲတွေ ဖြစ်ပေါ်လာရေးအတွက်၊ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်လာရေးအတွက် ကျနော်တို့ အကြိုညှိနှိုင်း
ဆွေးနွေးပွဲပါ။”

သမ္မတ အိုဘားမားနဲ့ သမ္မတ ဦးသိန်းစိန် အိမ်ဖြူတော်ပူးတွဲ သတင်းစာရှင်းလင်းပွဲ

Tuesday, May 21, 2013
အမေရိကန် ပြည်ထောင်စုကို နှစ်ပေါင်း ၅၀ နီး ပါးအတွင်း ပထမဆုံး တရားဝင် ခရီးစဉ်အဖြစ် စနေနေ့က ရောက်လာခဲ့တဲ့ မြန်မာသမ္မတ ဦးသိန်း စိန်ဟာ မနေ့က တနင်္လာနေ့မှာတော့ အမေရိကန် သမ္မတ အိုဘားမားနဲ့ သမ္မတ အိမ်ဖြူတော် မှာ တွေ့ ဆုံခဲ့ကြပါတယ်။ ဒီလို တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်း လဲမှု၊ လူ့အခွင့်အရေးအပြင် တိုင်းရင်းသား ပဋိပက္ခနဲ့ ဘာသာရေး တင်းမာမှု ပြဿနာတွေကို ဖြေရှင်းဖို့ အရေးကြီး တဲ့အကြောင်းဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲအပြီး သမ္မတ အိမ်ဖြူတော်မှာ သမ္မတနှစ်ဦးတို့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲကိုလည်း ကျင်းပ ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ အခုပဲ နားဆင်ကြည့်ကြရအောင်ပါ။

သမ္မတ အိုဘားမား“ကျနော့်အနေနဲ့ သမ္မတကြီး ဦးသိန်းစိန်ကို အမေရိကန် ပြည်ထောင်စု ကိုရော၊ အိမ်ဖြူတော် ကိုရော ကြိုဆိုပါတယ်။ မနှစ်ကဆိုလို့ရှိရင် အမေရိကန် သမ္မတတစ်ဦးအနေနဲ့ ပထမဆုံး မြန် မာနိုင်ငံကို ရောက်ခဲ့တဲ့အတွက်ကြောင့် ကျနော် ဂုဏ်ယူပါတယ်။ အဲ့တော့ သမ္မတကြီးအနေနဲ့လည်း ဒီကို လာနိုင်တဲ့အတွက်ကြောင့် ဒါဟာလည်း နှစ်ပေါင်း ၅၀ အတွင်းမှာ ပထမဦးဆုံး လာရောက် တဲ့အတွက်ကြောင့် ကောင်းပါတယ်။ အဲ့တော့ ဒီ နှစ်ပေါင်း ၅၀ ကြားထဲမှာတော့ ကျနော်တို့မှာ နှစ်ဘက် တင်းမာမှုလေးတွေ ရှိခဲ့ပါတယ်။ အခု ဒီလို ပြောင်းလဲသွားရတဲ့ကိစ္စက သမ္မတ ဦးသိန်းစိန် ရဲ့ ခေါင်းဆောင်မှုနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို စီးပွားရေးအရရော၊ နိုင်ငံရေးအ ရရော ပြုပြင်ပြောင်းလဲမှု လုပ်တဲ့အတွက် ဖြစ်ပါတယ်။”

မိတ္ထီလာ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး အရေးပေါ်အစည်းအဝေးခေါ်ယူ

Tuesday, May 21, 2013
မိတ္ထီလာ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး နိုင်ငံတော်သ မ္မတက အရေးပေါ်အခြေအနေ ကြေညာထားတာ ရက်ပေါင်း ၆၀ ပြည့်တာကြောင့် အခြေခံ ဥ ပဒေပြဌာန်းချက်အရ ဒီကိစ္စကို ဆွေးနွေးဖို့ ဒီနေ့ မှာ ပြည်ထောင်စု လွှတ်တော်အရေးပေါ် အစည်း အဝေးကို စတင်ခဲ့ပါတယ်။ ဒီနေ့ အစည်း အဝေးမှာ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က အဲဒီ
အရေးပေါ် ဥပဒေကို ဆက်လက်ထားရှိဖို့ အဆိုတင် သွင်းသွားပါတယ်။

ဒုက္ခသည်တွေ အားလုံး သက်ဆိုင်ရာ နေအိမ်တွေပြန်ရောက်မှသာ သမ္မတထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ အရေးပေါ် ဥပဒေကို ရုတ်သိမ်းသင့်ကြောင်း မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က အခုလိုပြောပါတယ် ။

" ဒုက္ခသည်တွေက မူဆလင်ဒုက္ခသည်တွေရော ဗုဒ္ဓဘာသာဒုက္ခသည်တွေရော စခန်းမှာရှိနေသ မျှကာလပတ်လုံးက အခြေအနေက ပုံမှန်ပြန်မဖြစ်သေးဘူး၊ သူတို့ပြန်ရောက်မှသာလျှင် ပုဒ်မ ၁၄၄ ကိုပြန်လည်ရုတ်သိမ်းဖို့ တိုက်တွန်းတာပေါ့၊ အဲ့ဒါက တစ်လဖြစ်ရင်ဖြစ်မယ် နှစ်လဖြစ်ရင်ဖြစ်မယ် အကန့်အသတ်ထားတာတော့ ကျွန်တော်တို့ မထောက်ခံဘူး၊ ရပ်ကွက်လိုက် ရပ်ကွက်လိုက် ကင်းစောင့် တာတွေ ဘာတွေက အဲ့ဒါတွေကြောင့်ဖြစ်တာ၊ မီးလန့်တာတွေဖြစ်တယ်၊ မှောင်ရိပ်ခိုပြီးမှ ချဉ်းကပ်တာတွေ
ကရှိတယ်၊ ဘယ်သူက ချဉ်းကပ်ပြီးဘယ်လိုလုပ်နေတယ်ဆိုတာက ခုထိ ဖော်ထုတ်လို့ မရသေးဘူး၊ ဒါတွေက ရပ်ကွက်လိုက်ဖြစ်ပြီဆိုတာနဲ့ အကုန်လုံးက ညမှာ ကျီးလန့်စာစားဖြစ်ရတော့တာပဲ၊ အဲ့ဒါတွေ ရှိနေတဲ့ အတွက်ကြောင့်မို့ ကျွန်တော်က ၁၄၄ ကို ဆက်ထားစေချင်တာ"

မိတ္တီလာမြို့ မှာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ မတ်လ ၂၂ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိတ္တီလာ၊ ဝမ်းတွင်း၊ မလှိုင်နဲ့ သာစည်မြို့နယ်တွေမှာ အရေးပေါ် အမိန့် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလို အရေးပေါ် အခြေအနေ ကြေညာပြီး ရက်ပေါင်း ၆၀ ပြည့်ရင်ပြည်ထောင်စုလွှတ်တော် အရေးပေါ် အစည်းအဝေး ခေါ်ယူရမယ်လို့ ပါရှိကြောင်း သိရပါတယ်။

မိတ္ထီလာနဲ့ မြို့နယ်တချို့မှာ ထုတ်ပြန်ထားတဲ့ အရေးပေါ် အမိန့်ကို ဆက်လက်ထားရှိ သင့်- မသင့် ဆိုတာကို မနက်ဖြန် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

RFA Burmese

တော်ဝင်အလုပ်သမားများ လွတ်မြောက်ရေး သတင်းစာ ရှင်းလင်း

Tuesday, May 21, 2013
ပြီးခဲ့တဲ့ ရက်ပိုင်းက ပိုင်နက်ကျူးလွန်မှုနဲ့ ဖမ်းဆီး ခံရတဲ့ တော်ဝင်သစ် အချောထည်စက်ရုံက အလုပ် သမား ၁၂ ဦး အမြန်ဆုံးလွတ်မြောက်နိုင် ဖို့အတွက် အဖမ်းခံထားရသူတွေရဲ့ မိဘတွေနဲ့ စက်ရုံအ လုပ်သမားတချို့က ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) ရုံးမှာ ဒီကနေ့ သတင်း စာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

အဖမ်းခံထားရတဲ့ အလုပ်သမား ၁၂ ဦး အမြန်ဆုံးလွတ်မြောက်ဖို့နဲ့ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမား ၂၀၀ ကျော် အတွက် အလုပ်ရှင်ဘက်က နစ်နာကြေးပေးဖို့ အကူအညီ တောင်းတာ ဖြစ်တယ်လို့ အလုပ်သမား ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ မလဲ့လဲ့ဝင်းက RFA ကို ပြောပါတယ်။

ဒါ့အပြင် အဲဒီအလုပ်သမား ၁၂ ဦးဟာ မတရားဖမ်းဆီးခံထားရတာဖြစ်ပြီး အမှုမှန်ပေါ်ပေါက်အောင်လည်း ကြိုးစားသွားမယ်လို့ မလဲ့လဲ့ဝင်းက ပြောကြားခဲ့ပါတယ်။

ရွှေပြည်သာမြို့နယ် ဝါးတစ်ရာစက်မှုဇုန်က တော်ဝင်သစ်အချောထည်စက်ရုံမှာ စက်ရုံတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်မရဘဲ စက်ရုံထဲဝင်ရောက်ခဲ့တဲ့ အလုပ်သမား ၄၂ ဦးကို လှော်ကားရဲစခန်းက ပုဒ်မ(၄၅၂) ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆိုခဲ့ပြီး အခုလ ၁၄ ရက်နေ့ညက အလုပ်သမား ၁၂ ဦးကို ဖမ်းဆီး သွားခဲ့တာ ဖြစ်ပါတယ်။

သူတို့တွေကို တရားရုံးကနေတဆင့် အင်းစိန်ထောင်ကို ပို့လိုက်ပြီး လာမယ့်မေလ ၂၈ ရက်နေ့ ကို နောက်ထပ်ရုံးချိန်း ချိန်းဆိုထားပါတယ်။

RFA Burmese

တောင်သူလယ်သမား အကျိုးစီးပွား မြှင့်တင်ရေး အစည်းအဝေးကျင်းပ

Tuesday, May 21, 2013
တောင်သူ လယ်သမားများ အကျိုးစီးပွား ကာ ကွယ်မြှင့်တင်ရေးနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း နဲ့ပြည်သူ့လွှတ်တော် ဥပဒေကြမ်းရေးဆွဲရေးကော်မ တီတို့ ဒီကနေ့ နေ့လည်က နေပြည်တော်မှာ အ စည်းအဝေး ကျင်းပခဲ့ကြပါတယ်။ လယ်သမားတွေ အနေနဲသင့်တင့်တဲ့ဈေးနှုန်းရရှိအောင်ဆောင်ရွက်ဖို့၊ နည်းပညာပိုင်းဆိုင်ရာတွေ ချေးငွေတွေကို အချိန်မီနှစ်တိုနှစ်ရှည်နဲ့ ကာလတစ်ခုသတ်မှတ်ထုတ်ပေးဖို့ စတဲ့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတဲ့အကြောင်း NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းဟန်
က ပြောပါတယ်။

ပြည်သူ့လွှတ်တော်ဝင်းအတွင်းရှိ ဇဗ္ဗူသီရိဆောင်မှာကျင်းပတဲ့ ဒီအစည်း အဝေးကို မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ် ဥက္ကဌ ဦးချစ်ခိုင်၊ သိမ်းဆည်းခံလယ်ယာမြေများ စုံစမ်းစစ်ဆေးရေးကော်မတီ နဲ့ ပြည်သူ့ လွှတ်တော်ရေးရာကော်မတီဝင်များအပါအဝင် ပြင်ပပညာရှင်များ၊ စက်မှုလက်မှုကုန်သည်အသင်း ကိုယ် စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese

တရုတ်သံအမတ်ကြီး မဒေးကျွန်းကို လာရောက်လေ့လာ

Tuesday, May 21, 2013
မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံ အမတ်ကြီး Mr. Li Junhua ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မဒေး ကျွန်းကို မနေ့က နေ့လည်ပိုင်း မှာ လာရောက်လေ့လာပြီး ဒေသခံတွေ နဲ့ တွေ့ဆုံ ခဲ့တယ်လို့ သိရပါတယ်။ သံအမတ်ကြီးနဲ့အတူ အဖွဲ့ဝင် ၂၀ ခန့် လိုက်ပါလာပြီး မဒေးကျွန်းမှာရှိတဲ့ တရုတ်နိုင် ငံပိုင် CNPC ရုံးကနေတစ်ဆင့် ပြိန်ရွာမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းမှာ ဒေသခံ ၅၀ လောက် နဲ့ တွေ့ဆုံခဲ့တာဖြစ်တယ်လို့ မဒေးကျွန်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ကျနော်တို့ မဒေးကျွန်းကို သူကစိတ်ဝင်စားတယ်၊ မဒေးကျွန်းက ရေမြေရေခံကောင်းတယ်တဲ့၊ သူတို့ မဒေးကျွန်းကအရမ်းကို တိုးတက်လာမယ်ပေါ့၊နောက်မှာ မဒေးကျွန်းဟာ တော်တော်လေး အဆင်ပြေ လာမယ်ပေါ့ပြောတယ်၊ ကျနော်တို့ကမေးတယ်၊ မဒေးကျွန်းကို လာရင်းကိစ္စ ဘာကိစ္စ လဲ မေးတယ်၊ သူကဒီဟာမဖြေဘူးဗျ၊ မဒေးကျွန်းကို ရောက်ဖူးချင်လို့လာတာ ဒီလိုပုံစံမျိုးပြောတယ် "

သံအမတ်ကြီးရဲ့ အခုခရီးစဉ်ဟာ ပြီးခဲ့တဲ့လက မဒေးကျွန်းပေါ်မှာ ဖြစ်ပွားခဲ့တဲ့ CNPC ရုံးရှေ့ ဆန္ဒပြတောင်း ဆိုမှုတွေအပြီး ပထမဆုံးအကြိမ် လာရောက်လည်ပတ်တာဖြစ်တယ်လို့လည်း သိရပါတယ်။

ကျောက်ဖြူမြို့နယ် မဒေးကျွန်း ဒေသခံတွေအနေနဲ့ မဒေးကျွန်းပေါ်မှာ တည်ဆောက်နေတဲ့ တရုတ်ရေနံ ပိုက်လိုင်း စီမံကိန်းကြောင့် ထိခိုက်နစ်နာမှုတွေအတွက် ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က CNPC ရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပြီး အခုလက်ရှိမှာ တောင်းဆိုချက်ထဲမှာပါဝင်တဲ့ ကျေးရွာချင်း ဆက် မြေသား လမ်းတွေကို အစိုးရက စတင်ဖောက်လုပ်ပေးနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA Burmese

“အာရှ ခြေစစ်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ အမျိုးသမီး လက်ရွေးစင်အသင်း ပါလက်စတိုင်းတွင် လေ့ကျင့်မှုစတင်

 Tuesday, May 21, 2013
မြန်မာ အမျိုးသမီး အသင်းတွင် အဖွဲ့ခေါင်းေ ဆာင် ဒေါ်မြတ်မြတ်ဦး၊ နည်းပြ ကုမာဒါတို့ ဦးဆောင်၍ ကစားသမား (၂၃)ဦး နှင့်အတူ မေလ (၁၈)ရက်နေ့တွင် ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရမည့် ပါလက်စတိုင်း နိုင်ငံသို့ ထွက်ခွါသွား ခဲ့ပြီးပထမ ပွဲအဖြစ်မေ၂၁ရက်နေ့ တွင်အိန္ဒိယ အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကာဒုတိယပွဲစဉ်အဖြစ်အိမ် ရှင်ပါလက်စတိုင်းနှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း၌ ဂိုး - မေခင်ယမင်း၊ မြဖူးငုံ၊သင်းသင်းစိုးနောက်တန်း - မြင့်မြင့်အေး၊ စန်းစန်းမော်၊ မိုးမိုးဝါ၊ ခင်သန်းဝေ၊ ဖူးပွင့်ခိုင်၊ ရွှေစင်အောင်၊ ဝေေ၀အောင်၊ ဇင်မာဝင်း၊ ဇာခြည်ဦး၊ သီတာဦး၊
အေးအေးမိုး အလယ်တန်း - သန်းသန်းထွေး၊ သန္တာမိုး၊ နန်းကြေးငုံ၊ နီလာမြင့်၊ ခင်မိုးဝေ၊ ရှေ့တန်း - ခင်မာလာထွန်း၊ ရီရီဦး၊ နော်အားလို ၀ါးဖော၊ မာဂရက်မေရီ တို့ ပါဝင်ကာ မြန်မာအသင်း ခြေစစ်ပွဲ ကစားရမည့် ပါလက်စတိုင်း နိုင်ငံ Faisal Al-Husseini International Stadium အားကစားကွင်း သည် မြက်ခင်းတုကွင်း အမျိုးအစား ဖြစ်ပြီး ပထမဆုံး နိုင်ငံတကာ ပြိုင်ပွဲအဖြစ် ၂၀၁၂ လန်ဒန် အိုလံပစ် ခြေစစ်ပွဲ (ပါလက်စတိုင်း ၁-၀ ထိုင်း ) ပွဲစဉ်ကို ကျင်းပခဲ့ပြီး ကွင်းဝင် ပရိသတ် ၁၂၅၀၀ ဆံ့သော ကွင်းတစ်ကွင်းဖြစ်သည်။

မြန်မာ အမျိုးသမီး အသင်းသည် အာရှ ခြေစစ်ပွဲ အုပ်စု(D)တွင် အိန္ဒိယ၊ပါလက်စတိုင်း ၊ တရုတ်(တိုင်ပေ) တို့နှင့်အတူ ယှဉ်ပြိုင် ကစားရမည် ဖြစ်ကာအုပ်စုဗိုလ် တစ်သင်းသာ ခြေစစ်ပွဲ အောင်မည် ဖြစ်သည်။

၂၀၁၄ အာရှဖလား ခြေစစ်ပွဲကို အသင်း(၁၆)သင်း ပါဝင် ယှဉ်ပြိုင်မည် ဖြစ်ရာ အသင်း(၄)သင်းစီ ပါဝင် သည့် အုပ်စု(၄)ခု ခွဲဝေထားပြီး ဂျော်ဒန်၊ ပါလက် စတိုင်း၊ ဘာရိန်းနှင့် ဘင်္ဂလားဒေရှ့် နိုင်ငံတို့က ခြေစစ်ပွဲ အုပ်စုများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း ဖြစ်သည်။

Popular Journal

သြဂုတ်လထဲမှာ အမေရိက ဖျော်ဖြေရေး သွားမယ့် ဝိုင်းစုခိုင်သိန်း

Tuesday, May 21, 2013
ပြင်ဦးလွင်မှာ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရိုက်ကူးတဲ့ “အလုအယက်” ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်နေတဲ့ ဝိုင်းစု ခိုင်သိန်းက ပြည်ပ ဖျော်ဖြေရေး အနေ နဲ့ ဇွန်လ ကုန်ပိုင်းမှာ ဘန်ကောက်ကို သွားဖျော်ဖြေဖို့ရှိပြီး သြဂုတ်လ ထဲမှာတော့ အမေ ရိကမှာ သွားဖျော်ဖြေမှာဖြစ်တယ်လို့ပြောပါတယ်။ တတိယ တစ်ကိုယ်တော် အခွေ ဖြစ်တဲ့ “အာဘွား” စီးရီးကို လုပ်နေရင်းနဲ့ စုံတွဲ သီချင်းခွေ လုပ်ဖို့ စိတ်ကူးရ လာတာကြောင့် ပရိသတ်တွေ ကို ဖေ့စ်ဘုတ်က တစ်ဆင့်ရော၊ အပြင်မှာရော မေးကြည့်တဲ့ အခါမှ စုံတွဲအခွေကို ပိုနားထောင်ချင်တယ် လို့ ပြောကြတာကြောင့် စုံတွဲ အခွေကို အရင် လုပ်နေခြင်းဖြစ်ကြောင်း ဝိုင်းစု ခိုင်သိန်း က ပြော ပါတယ်။

“စုံတွဲအခွေက ဝိုင်းစုနဲ့ အဆိုတော် ယောက်ျားလေး ၁၄ယောက် ဆိုတော့နည်းနည်း အခက်အခဲရှိတယ်။ ဝိုင်းစု အသံနဲ့ လိုက်တဲ့ သီချင်းဖြစ်ရမယ်။ ဒီယောက်ျားလေး နဲ့လည်း လိုက်တဲ့ သီချင်း ဖြစ်ရမယ်။ အသံတွေ ညှိရတဲ့ အခါကျတော့ ရေးရတာ နည်းနည်းလေး ကြာတာပေါ့။ တချို့ သီချင်းတွေ ကျတော့ အားလုံးပြီးလို့ တီးပြီးသွားပြီ။ ဆိုဖို့ပဲ ကျန်တော့တယ်။ တချို့ သီချင်းတွေက ရေးပြီးသွားပြီ။ မတီး ရသေးဘူး။ ပထမ မှန်းထားတာတော့ ၈လပိုင်း၊ ၉လပိုင်း ထွက်ဖို့ မှန်းထားပါတယ်။ Valentine Day နဲ့ ကပ်နေပြီ ဆိုရင်တော့ အဲဒီတော့မှပဲ ထုတ်တော့မယ်” လို့ စုံတွဲအခွေ နဲ့ပတ်သက်ပြီး ဝိုင်း စုခိုင်သိန်း က ပြောပါတယ်။ မုန်တိုင်းသတင်း တွေ ကြားတဲ့ အတွက် ရန်ကုန်မှာ ကျန်ခဲ့တဲ့ ဖခင် ဖြစ်သူနဲ့ ပရိသတ်တွေ အားလုံး အတွက် စိတ်ပူ မိကြောင်းကို ဝိုင်းစုခိုင်သိန်းက ပြောပါ တယ်။ အဝေးမှာ ရောက်နေတဲ့ ဝိုင်းစုခိုင်သိန်း ရဲ့ချစ်သူကလည်း မြန်မာပြည်မှာ မုန်တိုင်း ဝင်မယ်လို့ ကြားတဲ့ အခါမှာလည်း စိုး ရိမ်တကြီး နဲ့ လှမ်းပြီး သတင်းမေးခဲ့တယ်လို့ ပြောပါတယ်။

Popular Journal

၈၈အရေးတော်ပုံ မှတ်တမ်းပုံရိပ်မြင်ကွင်းနဲ့ ‘ကောင်းကျိုးကိုယ်၌ တည်စေမင်း ’ရုပ်ရှင် ဇာတ်ကားရိုက်ကွင်း

Tuesday, May 21, 2013
မြင့်မိုရ်ဦး ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက် ကူးတဲ့ ‘ကောင်း ကျိုးကိုယ်၌ တည်စေမင်း’ ရုပ်ရှင် ဇာတ် ကားကို နှစ်ဆန်းတစ်ရက်နေ့က စတင်ပြီး မန္တလေး မြို့အုန်းချောမှာ ရိုက်ကူးခဲ့ပါတယ်။ မဖြိုးစီ စဉ်ပြီး ဇော်မြင့်ဦးရဲ့ ဇာတ်လမ်းဇာတ် ညွှန်းကို ခန့်စည်သူ၊ ခိုင်သင်းကြည်၊ အိချောပို၊ အနုပညာရှင် များစွာနဲ့ ဒါရိုက်တာဇေပါ ဖော်ကျူးထားတဲ့ ဇာတ် ကားဖြစ် ပါတယ်။ဒီဇာတ်ကားကို မန္တလေး မြို့မှာ ရိုက်ကူးခဲ့ပြီးနောက် အပြီးသတ်လက်ကျန်ဆင်း (န်)များကိုတော့ ရန်ကုန်မှာ ရိုက်ကူးနေပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံ မြင်ကွင်းပုံရိပ်နဲ့ ဇာတ်ဝင်ခန်း ‘ကောင်ကျိုးကိုယ်၌ တည်စေမင်း’ ရုပ်ရှင်ဇာတ် ကား ရိုက်ကွင်းတည် ရှိရာ ရွှေတောင်ကြားလမ်း ကမြန်မာ့ရုပ်ရှင်လုပ်ငန်းကိုကျွန်မတို့ ပေါ်ပြူလာ အဖွဲ့သားတွေ ရောက်ဖြစ်ခဲ့ ပါတ ယ်။ ရောက် ရောက်ချင်းမှာပဲ ဆန္ဒဖော်ထုတ်နေကြတဲ့ခန့်စည်သူတို့ အဖွဲ့ကို တွေ့ရပါတယ်။

Popular Journal

မြစ်ဆုံစီမံကိန်း ပြန်စလိုကြောင်း တရုတ်က လေသံပစ်

Monday, May 20, 2013
မြန်မာနိုင်ငံသားများ၏ ဆန့်ကျင်ကန့်ကွက်မှုကြောင့် ဆိုင်းငံ့ထားသည့် ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအား တရုတ်အစိုးရက ပြန်လည် စတင် လိုကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ) ကိုယ်စားလှယ်များကို ပြောဆိုသည်ဟု သိရသည်။ တရုတ်ကွန်မြူနစ် ပါတီ၏ ဖိတ်ကြားချက်အရ NLD ပါတီမှ ကိုယ်စားများသည် တရုတ်နိုင်ငံသို့ ယခု လဆန်းပိုင်းတွင် သွားရောက် လည်ပတ်ခဲ့စဉ် မြစ်ဆုံ စီမံကိန်းကို ပြန်လည်ဆောင်ရွက်လိုသည်ဟု တရုတ် အာဏာပိုင်များက ထုတ်ဖော်ပြောဆိုကြောင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သော ကိုယ်စားလှယ်အ ဖွဲ့ ခေါင်းဆောင်နှင့်NLD ပါတီ၏ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးညီပုက ဧရာဝတီသို့ ပြောသည်။

“နှစ်နိုင်ငံအတွက် အကျိုးရှိမှာ ဖြစ်လို့ မြစ်ဆုံကိစ္စ ပြန်စချင်တယ်ဆိုတာ ရှင်းပြတယ်။ ဒီအတိုင်း မလုပ်ဘဲနဲ့ ထားလိုက်ရင် အချည်းနှီး ဖြစ်သွားမယ် ဆိုပြီးတော့လည်း တရုတ်ဘက်က ပြောတယ်။ ကျနော်တို့ အနေနဲ့တော့မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးတာမျိုး၊ သဘောထား မှတ်ချက်ပေးတာမျိုး မရှိခဲ့ပါဘူး” ဟု ၎င်းက ဆိုသည်။

NLD ပါတီသည် အာဏာရ ပါတီအဖွဲ့အစည်း မဟုတ်ကြောင်း၊ ယခု ခရီးစဉ်သည်လည်း နှစ်ပါတီ၊ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရေးအတွက်သာ ဖြစ်သည်ဟု ရှင်းပြခဲ့ကြောင်း
NLD ကိုယ်စားလှယ်က ဆိုသည်။

အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မြို့ရှိ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် Paul H. Nitze School of Advanced International Studies (SAIS) တွင် အမှာစကားပြောကြားရန် စောင့်ဆိုင်းနေသော သမ္မတ ဦးသိန်းစိန်အား မေလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းကတွေ့ရစဉ်(AFP)

Popular Myanmar News Journal

ယာဉ်တိုက်/တိမ်းမှောက်/ပျက်စီးထားသောကားများ တင်သွင်းလာပါက အရေးယူမည်

Monday, May 20, 2013
စီးနင်းမောင်းနှင်ရန်ပြန်လည် ပြုပြင်ပြီး အသင့် အသုံးပြုနိုင်မည့် မော်တော်ယာဉ်များကို တင်သွင်း ခွင့်ပြုထားသော်လည်း ယခုအခါ ထိခိုက်ပျက်စီး ထား ပြီးနောက် သက်ဆိုင်ရာနိုင်ငံတွင် ပြန် လည် ပြုပြင်မှုများ လုံလောက်စွာပြုလုပ် မလာဘဲ တင်သွင်းလာမှု များ တွေ့ရှိနေရသည်ဟု စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဦး ၀င်းမြင့်က ၁၆-၅-၂၀၁၃ ရက် မော်တော်ယာဉ်တင် သွင်းခွင့်ဆိုင် ရာ ကြီးကြပ်ရေးကော်မတီ အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့ပြီး ဆက်လက်တင် သွင်းနေမှုများလည်း အရေးယူတော့မည်ဟုပြောကြားခဲ့ပါသည်။ မလျော်မကန်လုပ်ဆောင်နေတဲ့ သူတွေ ကုမ္ပဏီတွေကို တင်သွင်း ခွင့် ၁ နှစ်ပိတ်ပင်သွားမည်ဟု သိရသည်။

သက်ဆိုင်ရာဌာနများကိုလည်း ဥပဒေအတိုင်း အရေး ယူဆောင်ရွက်ရန်ကော်မတီမှ မေလဆန်း ပိုင်းကတည်းက အကြောင်းကြားပြီးဖြစ်ကြောင်းကို လည်း တာဝန်ရှိသူတစ်ဦးကပြော ပြခဲ့သည်။ ယခုတင်သွင်းလာတဲ့ မလျော်မကန်မော်တော်ကားတွေကို ဥပဒေနှင့်အညီ နိုင်ငံတော်ပိုင်အဖြစ်သိမ်းဆည်း
ပြီးနောက် သံရည်ကြိုဖျက်ဆီးမှာဖြစ်ကြောင်းလည်းသိရသည်။

ရန်ကုန်မြို့မော်တော်ယာဉ် အရောင်းအ၀ယ်လောကတွင် ပြည်ပတင်သွင်းလာသော မော် တော်ကားအချို့ ထုတ်ယူရန် အခက်အခဲများရှိနေကြောင်း သတင်းမီဒီယာအချို့တွင် ဖော်ပြမှုများရှိခဲ့ကြောင်းလဲ သိရသည်။

The Hot News