Monday, February 09, 2015

ဂရေဟမ်ရဲ့ သမီးကြီး ပန်းရောင်ခြယ် သီချင်းလည်းဆိုသလို သီချင်းလည်းရေးပြီ


Monday, February 9, 2015

ပေါ့ပ်သီချင်းကောင်းများစွာနဲ့ ပရိသတ်ရင်ထဲမှာ နေရာယူနေနိုင်ဆဲ ဂရေဟမ်က သူ့သမီးကြီးကို သူ့ရဲ့ အခွေမှာပါဝင်သီဆိုစေရင်း အနုပညာလောကကိုခြေချစေ ခဲ့ပါပြီ။ဂရေဟမ်ရဲ့သမီးကြီး ပန်းရောင်ခြယ်က သူတို့မိသားစု သြစတြေးလျမှာ နေစဉ်ကတည်းက ဂီတနဲ့ပတ်သက်ပြီး ဗီဇရှိခဲ့ပြီး ကျောင်း ကပွဲတွေပြိုင်ပွဲတွေ မှာလည်း ပါဝင်ဆင်နွှဲခဲ့သူဖြစ်ပါတယ်။ ဂီတနဲ့ပတ် သက်ပြီး ဗီဇပိုးရှိခဲ့ပုံကို ပန်းရောင်ခြယ်ကခုလို ပြောပြပါတယ်။


“ဟိုးငယ်ငယ်လေးကတည်းက ဒါကို ဝါသနာပါတယ်။ အသက်အရွယ် အားဖြင့်တော့ မမှတ်မိဘူး။ ဟိုမှာ ကျောင်း တက်တော့လည်းSchool Choir ၊ Rock band တို့မှာ ဝင်ဆိုဖြစ်တယ်။ ကျောင်းမှာလည်း Vocal Scholarship လည်း ရဖူးတယ်” လို့ ပန်းရောင်ခြယ် က သူသြဇီမှာနေစဉ်က ဂီတလှုပ်ရှားမှုကို ပြောပြပါတယ်။

ပန်းရောင်ခြယ်က ဖခင်နဲ့အတူ ပူးတွဲထွက်ရှိလာတဲ့ wake up daddy စီးရီးမှာသီချင်းငါးပုဒ်ပါဝင် သီဆိုထားပြီး သူသီဆိုတဲ့ သီချင်းငါးပုဒ်ထဲကနှစ်ပုဒ်ကို ကိုယ်တိုင် ရေး သားထားပါတယ်။ ပြည်ပမှာ အနေကြာပြီး အင်္ဂလိပ်စကား ကို လည်း အမြဲပြောဖြစ်ပြီး မြန်မာပြည် ပြန်တာမကြာသေးတဲ့ ပန်းရောင်ခြယ်အနေနဲ့ မြန်မာသီချင်းရေး ဖွဲ့မှုနဲ့ပတ်သက်ပြီး မေးတော့ “သီချင်းနှစ်ပုဒ်မှာတစ်ပုဒ်က အချစ်သီချင်းပေါ့။ တစ် ပုဒ်ကတော့ဘဝနဲ့ဆိုင်တဲ့နည်းနည်းဒဿနဆန်ဆန်လေး။ ဒီသီ ချင်းတွေစရေးတော့ အရင် ဆုံးသမီးက အင်္ဂလိပ်လို အရင်ချ ရေးတယ်။ ကိုယ့်ရဲ့ခံစားချက်ကိုအရင်အင်္ဂလိပ်လိုချရေးလိုက်တယ်။ပြီးတော့မှ အဖေနဲ့အမေ ကိုပြပြီး မြန်မာလိုပြန်တယ်။ စကား ပြောတာ က ပြောလို့အဆင်ပြေ တယ်။ ရေးတာကျတော့ ဖွဲ့နွဲ့ ရေးရတာမျိုးကျတော့သိပ်မလွယ်ကူလို့အင်္ဂလိပ်လိုကနေ မြန် မာလိုပြန်ရေးတယ်။ ကိုယ်ပိုင်သံစဉ်ပါပဲ။ အစက ဒီအခွေ ထဲမှာ ထည့်ဖို့မ ဟုတ်ဘူး။ အနားနီးမှကပ်ပါသွားတာ” လို့ ပန်းရောင် ခြယ်က ပြောပြပါတယ်။ပန်းရောင်ခြယ်ရဲ့ အဆိုစွမ်းအားကိုတော့ ဂရေဟမ်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေ ပွဲမှာလည်း မြင်တွေ့ခဲ့ရပြီးဒီအခွေမှာလည်း သူ့အသံနဲ့ သီချင်းတွေက လိုက်ဖက် မှုရှိတာလည်း တွေ့ရပါတယ်။ပန်းရောင်ခြယ်အတွဲ အခွေထွက်ရှိအ ပြီးမှာတော့ သြစတြေး လျကိုကျောင်းပြန်တက်ဖို့သွားရမှာဖြစ်ပြီး သွားလိုက် ပြန်လိုက်နဲ့ အနုပညာအလုပ်၊ပညာရေးအလုပ်တွေကိုတွဲဖက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း လည်း သိရပါတယ်။
Popular Journal
ရဲရဲ ၊ဓာတ်ပုံ-အောင်ဇော်မင်း

No comments: