Monday, February 09, 2015

MEC ဖုန်းအချင်းချင်း ဖုန်းခေါ်ဆိုခ တစ်မိနစ် ၃၅ ကျပ်သို့ လျှော့ချမယ်


Monday, February 9, 2015

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ ပူးပေါင်း ဝန်ဆောင်မှုပေးနေတဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းရဲ့ MEC Tel CDMA 800 MHz ဆင်းမ်ကတ်အချင်းချင်း တယ်လီဖုန်းခေါ်ဆိုမှု တွေကို ပြည်ထောင်စုနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်) မှ စတင်ပြီး တစ်မိနစ်ကို ၃၅ ကျပ်နှုန်းနဲ့ လျှော့ချကောက်ခံမှာ ဖြစ်တယ်လို့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းထံမှ သိရပါတယ်။

“တစ်မိနစ် ၃၅ ကျပ်ဆိုတာ MEC Tel အချင်းချင်းအတွက်ပဲ။ MPT တို့ တခြားအော်ပရေတာတွေကို ခေါ်မယ်ဆိုရင်တော့ အရင်အတိုင်း တစ်မိနစ် ၅၀ ကျပ်ပဲ” လို့ MEC မိုဘိုင်းလ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ပြည်တွင်းမှာ လုပ်ကိုင်နေတဲ့ ဆက်သွယ်ရေးအော်ပရေတာတွေ ပြိုင်ဆိုင်ပြီး ဖုန်းခေါ်ဆိုခတွေ လျှော့ချနေသလိုပဲ ဆက်သွယ်ရေးလိုင်း အရည်အသွေးကိုလည်း ကောင်းမွန်အောင် လုပ်ဆောင်သင့်တယ်လို့ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များ အသင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးရဲမြတ်သူက ထောက်ပြ ပြောဆိုထားပါတယ်။
“ကျွန်တော်တို့ဖြစ်ချင်တာက ဈေးနည်းတာကောင်းတယ်။ Quality ကောင်းကောင်းကို ဈေးနည်းချင်တာလေ။ တယ်လီဖုန်းတစ်ခုရဲ့ Quality ဆိုတာ ဘယ်ကိုဆက်ဆက် ဘယ်နေရာပဲဖြစ်ဖြစ် မိသင့်တယ်။ ဘယ်မှာပဲဖြစ်ဖြစ် ရသင့်တယ်ဆိုတာမျိုး ဖြစ်ချင်တာလေ။ ဘယ်တံဆိပ်ကို ဝယ်ဝယ်ပေါ့။ အဲ့ဒီ Brand ကိုကိုင်လိုက်တာနဲ့ အားလုံးမိတယ်ဆိုရင် ဈေးကြီးလည်း ဝယ်မှာပဲလေ” လို့ သူက ဆက်ပြီး ပြောဆိုထားပါတယ်။
The Voice Weekly

No comments: