Friday, February 06, 2015

တစ်နိုင်ငံလုံးအပစ်ရပ် လက်မှတ်ထိုးနိုင်ရန် ဆန္ဒထုတ်ဖော်မည်

Friday, February 6, 2015

ပြည်တွင်းစစ်အပြီး သတ်ရပ်စဲနိုင်ရေး၏ ပထမခြေ လှမ်းဖြစ်သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စာချုပ်အ မြန်ဆုံးလက်မှတ်ရေး ထိုးနိုင်ရန် ပြည်သူ များ လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်သည့် လှုပ်ရှားမှု တစ်ခုပြုလုပ်မည်
ဖြစ်ကြောင်း သတင်းရရှိသည်။

ဆန္ဒထုတ်ဖော်ပွဲများပြုလုပ် ရာတွင် တက်ရောက်လာသူများ ၏ လက်မှတ်များ ကောက်ယူမည့်အပြင် မြို့နယ်များသို့ ကွင်းဆင်း ၍ လက်မှတ်များ ကောက်ယူ သွားမည် ဖြစ်သည်။
‘‘ကျွန်တော်တို့က နှစ်ဖက် စလုံးကို တိုက်တွန်းသွားမှာပါ။ စစ်တပ်တစ်ဖက်တည်း ကို တိုက် တွန်းမှာမဟုတ်ပါဘူး။ တိုင်းရင်း သားလက်နက်ကိုင် ခေါင်းဆောင်တွေ ကို လည်း တိုက်တွန်းမှာပါ။ ဒါနဲ့ ပတ်သက်လို့ ဆန္ဒထုတ်ဖော်ပွဲ ကို ရန်ကုန်မှာ အရင်စလုပ်မှာဖြစ် ပြီး တခြားမြို့ကြီးတွေမှာလည်း ဆက်တိုက်လုပ်သွားမှာပါ’’ဟု ကို အေးချမ်းမင်းက ပြောသည်။
အဆိုပါ ဆန္ဒဖော်ထုတ်မှုကို ဖေဖော်ဝါရီ ၇ ရက် စနေနေ့ နေ့လယ် ၃ နာရီမှ ညနေ ၆ နာရီအထိ ပြုလုပ်မည်ဖြစ်ပြီး ဗိုလ်စိန်မှန်ကွင်းမှ ကျိုက္က ဆံပြည်သူ့ဟစ်တိုင်အထိ ချီတက်လမ်းလျှောက်မည်ဖြစ်ကာ မည်သူမဆိုပူးပေါင်းပါဝင်နိုင်ကြောင်း ၎င်းက ဆိုသည်။
မိမိတို့၏ အဓိကရည်ရွယ် ချက်မှာ အပစ်အခတ်ရပ်စဲရေးစာ ချုပ်အမြန်ရေး ထိုးမှုဖြစ်မြောက် လာစေရန်နှင့် ထိုမှတစ်ဆင့် နိုင်ငံ ရေးဆွေးနွေးပွဲများ ထွက်ပေါ်လာ ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ် ကြောင်း ကိုအေးချမ်းမင်းက ပြောသည်။
ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် ပြည်ထောင်စုနေ့၌တစ်နိုင်လုံးအပစ် အခတ်ရပ်စဲရေး စာချုပ်ရေးထိုးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်နေကြောင်း နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်က ပြော ကြားထားသည်။
7Day Daily

No comments: